မှတ်ဉာဏ်ကောင်းစေတဲ့ ဆေးဝါးများက ကလေးငယ်များရဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်

ပို့စ်တင်ချိန် - 6/03/2014 06:30:00 PM


ကလေးငယ်တွေ စာမေးပွဲနီးလာချိန်မှာ မိဘများ တိုက်ကျွေးလေ့ရှိတဲ့ မှတ်ဉာဏ်ကောင်းစေတဲ့   ဆေးဝါး (memory boosting pills)  တွေဟာ ကလေးငယ်ကို နိုးနိုးကြားကြားရှိစေပြီး မှတ်ဉာဏ်ကောင်းစေတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ အဲဒီဆေးဝါးတွေဟာ ကလေးငယ်ရဲ့  ဦးနှောက်ကို အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကိုလည်း   သုတေသနပညာရှင်က ထောက်ပြထားပါတယ် ။
ကလေးငယ်တွေဟာ ပြိုင်ဆိုင်မှုများတဲ့ ပညာရေးဝန်းကျင်မှာ သင်ကြားနေရတဲ့အတွက် အဆိုပါ ဆေးဝါးများကို မိဘများကို ၀ယ်တိုက်ခိုင်းမှု များ မြင့်တက်လာသလို   မိဘများ ကိုယ်တိုင်ကလည်း တိုက်ကျွေးမှုများ ပြားလာနေကြောင်း  လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Drexel University  ဆေးတက္ကသိုလ်မှ Dr. Wen- Jun Gao ကပြောကြားထားပါတယ်။ အဆိုပါဆေးဝါးတွေဟာ  ခဏတာမှတ် ဉာဏ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေး နိုင်တယ်လို့ ထင်ရပေမယ့် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေဖြစ်တဲ့ အစီအစဉ်ဆွဲခြင်း အမူအကျင့်များကို ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို ပျက်စီးစေတယ်လို့ ယခုသုတေသနမှာ ဖော်ပြ ထားပါတယ်။
ယခုလေ့လာမှုမှာပါဝင်တဲ့ ဆေးဝါးတွေရဲ့ အမည်ကတော့ Methylph enidate  နဲ့ Modafinil  ဖြစ်ပြီး ကလေးငယ်များကြား  ရေပန်းစားတဲ့ Smart drugs  လို့ လူသိများပါတယ်။ အဆိုပါဆေးတွေဟာ ဦးနှောက်က ဒိုပါမင်းပမာဏကို  မြင့်တက်စေတဲ့ အတွက် ကာလတိုမှတ်ဉာဏ်ကိုမြင့် တက်စေတာ ဖြစ်ပါတယ်။
ယခုလေ့လာမှုကို Jouranl of Frontiers in Systems Neurascience မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး
Ref: IANS


Health Updates Journal