ဘင်္ဂါလီအချင်းချင်း ရန်ဖြစ်ပြီး သုံးဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 6/03/2014 01:15:00 PM


စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဇွန်လ ၂ ရက်က ဘင်္ဂါလီလူမျိုးအချင်းချင်း ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ် ရာရရှိ ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သက္ကယ်ပြင်ကျေးရွာတွင် ဘင်္ဂါ လီလူမျိုးဒုက္ခသည်မိသားစုတစ်စုနှင့်ဒေသခံဘင်္ဂါလီလူမျိုးမိသားစု တစ်စုတို့ ဇွန်လ ၂ ရက်နေ့လယ်က သာမန်အချင်းများရာမှ တစ် ဆင့် လူစုလူဝေးဖြစ်ပွားလာမှု ကြောင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဖျန်ဖြေပြီးလူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိ တစ်ဦးကပြောသည်။

  အချင်းဖြစ်ပွားမှုကြောင့် ဘင်္ဂါလီလူမျိုးသုံးဦးမှာ ဓားဒဏ် ရာ၊ ဆူးဒဏ်ရာနှင့် ဖူးရောင်ဒဏ် ရာများရရှိခဲ့၍ ဒါးပိုင်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူစေရန်  ပို့ ဆောင်ပေးခဲ့ပြီး  အပြန်အလှန် အမှုဖွင့်ထားခဲ့ကြောင်း အမှတ်(၄)ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှ ရဲမှူးကြီးထွန်းဦးကပြောသည်။

‘‘ရိုးရိုးတန်းတန်းရန်ဖြစ်တာ ကစတာ။ ဒါပေမဲ့ ထုံးစံအတိုင်း လူကအုံလာပြီး အများကြီးဖြစ် လာတော့ကျွန်တော်တို့က အလယ် ကဝင်တားပြီး လူခွဲခဲ့ရတာပါ’’ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

သက္ကယ်ပြင်ကျေးရွာသည် စစ်တွေမြို့အနောက်ဘက်တွင် တည်ရှိပြီး ဘင်္ဂါလီလူမျိုးများနေ ထိုင်ကြသည်။ ယင်းကျေးရွာနှင့် ကပ်လျက်တွင် ပဋိပက္ခများ ကြောင့် ရွှေ့ပြောင်းလာကြသော ဘင်္ဂါလီလူမျိုးများနေထိုင်ရာ ဒုက္ခ သည်စခန်းတစ်ခုတည်ရှိသည်။

 သက္ကပြင်ကျေးရွာတွင် ယမန်နှစ်ဧပြီလနှောင်းပိုင်းကလည်းအစိုးရက လူဦးရေစာရင်း (ဆွဲတင်စစ်)ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီလူမျိုးများကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူငါးဦးခန့် ဒဏ်ရာရရှိခဲ့သည်။

7 Day News daily