အမေရိကန်စစ်သည်နှင့် တာလီဘန် ၅ ဦး လဲလှယ်ရေး ညှိနှိုင်းသူများကို ချီးကျူး

ပို့စ်တင်ချိန် - 6/03/2014 01:06:00 PM

ကာတာနိုင်ငံခြားရေး ၀န်ကြီး


ကာတာနိုင်ငံခြားရေးဝန်ကြီး ခါလစ် အယ်လ် အတ်တီယာက အာဖဂန်စစ်ပွဲအတွင်း ဖမ်းဆီးခံရတဲ့ အမေရိကန်စစ်သည်ကို ဂွာတာနာမိုပင်လယ်အော် အကျဉ်းစခန်းက ဖမ်းဆီးခံ တာလီဘန် ၅ ယောက်နဲ့ လဲလှယ်ရေး သေချာအောင်လုပ်ခဲ့တဲ့ ကာတာ ညှိနှိုင်းသူတွေကို ဇွန် ၁ ရက်နေ့က ချီးကျူးလိုက်ပါတယ်။


ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ်ဝေါလ်တာ စတိန်းမီယာနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်း ခုလို ပြောတာ ဖြစ်ပါတယ်။

“ဒီကိစ္စကို ကာတာရဲ့ နိုင်ငံခြားရေးမူဝါဒ အခြေခံ စည်းမျဉ်းတွေအရ ဆောင်ရွက်ခဲ့ တယ်။ ကာတာအပေါ် ယုံကြည်မှု ရှိနေလို့ ၂ ဖက်လုံးနဲ့ ညှိနှိုင်းရ လွယ်ခဲ့တယ်။ အသေးစိတ် မပြောနိုင်တဲ့အတွက် တောင်းပန် တယ်” လို့ သူက ပြောပါတယ်။

လူသားချင်းစာနာမှုအတွက် ကာတာရဲ့ မူဝါဒအတိုင်း အကောင်းဆုံး ဓလေ့ထုံးစံအဖြစ် အဖြေထွက်အောင် စွမ်းဆောင်နိုင်တဲ့ ညှိနှိုင်းရေးအဖွဲ့ကို ကျေးဇူးတင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတုန်း တာလီဘန်တွေက ဖမ်းတာ ခံရတာ ၅ နှစ် ကြာနေတဲ့ အမေရိကန်စစ်သားကို ပြန်လွှတ်ရေး ဂွာတာနာမိုအကျဉ်းစခန်းက တာလီဘန် ၅ ယောက်ကို အမေရိကန်က လွှတ်ပေးခဲ့ပါတယ်။

သူတို့ကို အမေရိကန်စစ်လေယာဉ်နဲ့ ကာတာနိုင်ငံကို ခေါ်လာခဲ့ပြီး အနည်းဆုံး ၁ နှစ်အတွင်း ကာတာနိုင်ငံကနေ အပြင်ကို ခရီးသွားခွင့် ပိတ်ပင်ထားပါတယ်။

ဒီအာမခံမှုကို အမေရိကန် ရီပတ်ဘလီကန်ပါတီဝင်တွေနဲ့ အာဖဂန်အရာရှိတွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတာလီဘန်တွေဟာ အကြီးတန်း တာလီဘန်ခေါင်းဆောင်တွေလို့ ရည်ညွှန်းပြီး အာဖဂန် နစ္စတန်နိုင်ငံတွင်း အစိုးရဆန့်ကျင်ရေး သူပုန်ထမှုတွေကို ပြန်လုပ်မှာ စိုးရိမ်နေကြပါတယ်။

DVB Burmese