သုံးခွမြို့၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ပို့စ်တင်ချိန် - 6/03/2014 07:09:00 PM


ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့ အမှတ် ၈ ရပ်ကွက် ဗန္ဓုလလမ်း အမှတ်မရှိ နေအိမ်၌ ဇွန် ၂ ရက်မွန်းတည့် ၁၂ နာရီခန့်က အမျိုးသမီးတစ် ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ်အား စုံစမ်းကြည့်ရာ သုံးခွမြို့မရဲစခန်းတွင် တာဝန်မှူး ဒုရဲအုပ်မျိုးသန့်ဇင် ဦးစီးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၄င်းနေအိမ်နေ မသန်းသန်းမော်-၂၇-နှစ် (ဘ) ဦးတင်ငွေ (ကျဘမ်း) ဖြစ်ပြီး နေအိမ်အတွင်း ၆-ပေအမြင့်ခန့် ထုတ်တန်း၌ ပလပ်စတစ်ကြိုး သုံးပဲလုံးခန့် အရှည် ၄ ပေခွဲခန့်ဖြင့် ကြိုးဆွဲချ သေဆုံး နေကြောင်း စစ်ဆေးတွေ့ရပြီး အလောင်းအား သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးပို့အပ်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သုံးခွမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၄) ဖြင့် အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

သုံးခွ ဇွန် ၂
MOI Webportal Myanmar