ယူကရိန်းအရှေ့ဖက်ဒေသ တိုက်ပွဲ ပြင်းထန်ဆဲ

 ယူကရိန်း နယ်ခြားစောင့်တပ်

 ယူကရိန်း အရှေ့ဘက် ရှိ ရာဂဏန်း ချီတဲ့ ခွဲထွက်ရေး သမားတွေ ဟာ လူဟန့်စ်မြို့ အနီးက၊ နယ်စပ် ဗဟို ကွပ်ကဲရေး စခန်း ကို တိုက်ခိုက်တဲ့ အခါ မှာ စစ်သွေးကြွ ၅ ယောက် သေဆုံးပြီး၊ ၈ ယောက် ဒဏ်ရာ ရတဲ့ အကြောင်း နယ်စပ် အေဂျင်စီ သတင်း က ပြောပါတယ်။

နယ်ခြားစောင့်တပ် က၊ တပ်ဖွဲ့ဝင် ၇ ယောက် ဒဏ်ရာ ရပါတယ်။ ဒေသခံတွေ ကတော့ တိုက်ပွဲ နဲ့ဝေးရာ ထွက်ပြေးကုန်ပါတယ်။ ဒါကို ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ယူရီဆာဂေးယက်ဖ် က အစိုးရ တပ်အနေ နဲ့ ဒေသခံ တွေ မထိခိုက်အောင် တိုက်ခိုက်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဗဟို အစိုးရရဲ့ ကွပ်ကဲရေး စစ်ဆင်ရေး ဟာ ပြည်သူတွေ ထိခိုက်မှု မရှိအောင် သတိထားပြီး စစ်ဆင်တာပါ။ ခက်တာက အကြမ်းဖက် သမားတွေ က ဒေသခံ ပြည်သူတွေ ရဲ့ နောက်ကွယ်မှာ ပုန်းအောင်း နေရာယူထားတဲ့ အတွက် သတိထားပြီး တိုက်နေရတာပါ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်း က လည်း၊ ရုရှလိုလားသူ၊ ခွဲထွက်ရေး သမားတွေ စီးနင်း သိမ်းပိုက် ထားတဲ့ အဆောက်အအုံ ထဲမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အတွက် လူ အသေအပျောက် ရှိခဲ့ ပါတယ်။ ရုရှ လိုလားသူ တွေ ဘက်ကတော့ အထက်ပါ တိုက်ခိုက်မှု တွေ ကို ယူကရိန်း လေတပ် က တိုက်ခိုက်မှု လို့ စွပ်စွဲပါတယ်။

ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ဗ် ကိုယ်တိုင် က၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ယူကရိန်း အစိုးရရဲ့ တိုက်ခိုက်မှု တွေ ကို ချက်ချင်းရပ် ဖို့ မနေ့က မူကြမ်းစာ တစောင် ပြင်ဆင်လိုက်ပါတယ်။ ဒီတင်သွင်းမဲ့ မူကြမ်းစာ ပါ အကြောင်းအရာ ထဲမှာ အကြမ်းဖက်မှု တွေ ချက်ချင်းရပ်ပြီး၊ စစ်မှန်တဲ့ ညှိနှိုင်း ဆွေးနွေးမှု ပြုဖို့၊ ဒါမှ သာ ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် ရနိုင်မယ်၊ နောက်ပြီး ဒေသခံ ပြည်သူတွေ စစ်မက်ဇုံ ကနေ ထွက်ခွာ လိုရင်၊ ထွက်နိုင်မဲ့ လမ်းကြောင်း လည်း အချိန်မဆွဲဘဲ၊ ဖွင့်ပေးဖို့ လိုတဲ့ အကြောင်း ထည့်သွင်း ထားတာကို ပြောတာပါ။

ယူကရိန်း သမ္မတသစ် ပက်ထရို ပိုရိုရှန်ကို ကလည်း အပြစ်မဲ့ ဒေသခံ ပြည်သူတွေ ကို အကြမ်းဖက်သမား သူပုန်တွေ လက်မှာ အသက် မဆုံးရှုံးအောင်၊ အစွမ်းကုန် ကာကွယ်မယ် လို့ ဆိုယင်း၊ အရှေ့ဖက် နယ်စပ် က တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ရေး ဟာလည်း၊ သူ ဦးစားပေး ဆောင်ရွက်မဲ့ အကြောင်း ပြော ပါတယ်။

bbc burmese

သျှမ်းပြည်နယ် ဒေသခံများ၏ လယ်ယာခြံမြေများအား တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျူးကျော်သတ်မှတ်ခြင်း ခံရသ ဖြင့် ဒေသခံများမကျေမနပ်ဖြစ်ပြီး နယ်ခြားတိုင် ဆွဲနုတ် မီးရှို့ဖျက်ဆီး


သျှမ်းပြည်နယ်ဘက် ကျူးကျော်သတ်မှတ်သည့် တရုတ်နယ်ခြားမှတ်တိုင်အား ဒေသခံများမီးရှို့
 တရုတ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေး ဌာန တို့ပူးပေါင်း

တာမွေမြို့နယ်တွင် ယာဉ် (၅)စီးဆင့်ကဲတိုက်မိ


 ၃.၆.၂၀၁၄ရက်နေ့ ၀၉၂၀အချိန် တာမွေမြို့နယ်၊ လေးထောင့်ကန် လမ်းအတိုင်း တာမွေမြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ ပဲခူးမြို့နယ်နေ ယာဉ်မောင်း အောင်ကိုဝင်း မောင်းနှင်လာသော ၄ခ/--- နစ်ဆန်းဒီဇယ်၊(၈၈)သန်မြန်သူ ယာဉ်လိုင်းခရီးသည်တင် ယာဉ်သည် မင်းရဲကျော်စွာ ဂုံးတံတားအတက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ၎င်း၏ရှေ့မှ မောင်းနှင်သော ၃ဂ/--- ဆူဇူးကီး ပစ်ကပ်ယာဉ်အား တိုက်မိခဲ့ပါသည်။

၃ဂ/---ဆူဇူးကီးပစ်ကပ်ယာဉ်သည် အတိုက်ခံရသည့်အရှိန်ဖြင့် ၎င်း၏ရှေ့မှမောင်းနှင်သော AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ် လည်းကောင်း၊ AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ်မှ ၇ဃ/----မတ်တူး
ဆလွန်း ယာဉ်အားလည်းကောင်း၊ ၇ဃ/----မတ်တူးဆလွန်းယာဉ်မှ BB---အေဒီဗင်ယာဉ်အားလည်းကောင်း ဆင့်ကဲဆင့်ကဲ တိုက်မိ ခဲ့ကြပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအောင်ကိုဝင်းအား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လူချင်းတိုက်မိခဲ့သည်ကို မကျေနပ်သဖြင့် စကားများရန်ဖြစ်ပြီး ၀က်အူလှည့်ဖြင့် ထိုး၍ သေဆုံး


၂.၆.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဗိုလ်ရန်နိုင်လမ်းရှိ စားသောက်ဆိုင်တွင် လှိုင်သာယာမြို့နယ်နေ ရခိုင်(ခ)ကျော်အောင်သန်းမှာ သူငယ်ချင်း(၂)ဦးနှင့်အတူ အရက်သောက်နေခဲ့ကြောင်း၊ ထိုစဉ် ငလွင်(ခ)ကိုသန်းလွင်ရောက်ရှိ လာခဲ့ရာ ၁၀၀၀ အချိန်ခန့်က (၂၀)ရပ်ကွက်ရှိနာရေးတစ်ခု၌ မုန့်ဟင်းခါးအိုး သယ်ရာတွင် ၎င်းတို့(၂)ဦး တိုက်မိခဲ့သည့်ကိစ္စအား ရခိုင်(ခ)ကျော်အောင်သန်းမှ မကျေမနပ်ဖြစ်ကာ ငလွင်(ခ)သန်းလွင်ကို ဘီယာ ပုလင်းနှင့် ရိုက်မည်ပြုသဖြင့် စကားများခဲ့ကြကြောင်း၊ ထိုသို့စကားများစဉ် ဆိုင်ရှင်ဖြစ်သူမှ ဖျန်ဖြေပေးခဲ့၍ ငလွင်(ခ)ကိုသန်းလွင်မှာ ဆိုင်အတွင်းမှ ပြန်ထွက်သွားခဲ့ရာ ရွှေလမင်းလမ်းသို့အရောက်၌ ရခိုင်(ခ) ကျော်အောင်သန်းမှာ နောက်မှလိုက်သွားပြီး အရိုး၊ အသွား(၁၀)လက်မခန့်ရှိ ၀က်အူလှည့်ဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့သဖြင့် ငလွင်(ခ)ကိုသန်းလွင်မှာ နောက်ကျောထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး လှိုင်သာယာဆေးရုံသို့ပို့အပ်စဉ် သေဆုံးသွားခဲ့ကြောင်းကို သေဆုံးသူ၏ညီဖြစ်သူ ကိုမျိုးအောင်မှ တိုင်တန်းလာခဲ့ကြောင်းသိရှိရပါသည်။

တိုင်တန်းချက်အရ သောင်ကြီးနယ်မြေရဲစခန်း(ပ)၃၇၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူ ရခိုင်(ခ)ကျော်အောင်သန်း၊ (၄၀)နှစ်၊ (ဘ)ဦးအောင်သိန်းညွန့်၊ လှိုင်သာယာမြို့နယ်နေသူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သိမ်းဆည်းခံ လယ်မြေများအတွက် ကျိန်စာတိုက်ပွဲ ကျင်းပ


 ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ လမ်းဘေး တစ်လျှောက်တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာများ အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် ဖြူးမြို့နယ် ဒေသခံ တောင်သူများက တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် မြေစောင့် နတ်မင်းကြီးတို့က မြေယာသိမ်းဆည်းသူများကို အပြစ်ပေး ဒဏ်ခတ်ပေးရန် ဆုတောင်း ကျိန်စာတိုက်ပွဲကို ဇွန်လ ၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါပွဲကို ဦးဆောင်ကျင်းပသူ တစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ နံနက်ပိုင်းတွင် တောစောင့်နတ်၊ တောင်စောင့်နတ်များကို အမြန်းလမ်း မိုင်တိုင်အမှတ် ၁၁၅ နံဘေးရှိ ညောင်ပင်တွင် ပူဇော်ပွဲထိုးပြီး မွန်းလွဲ ၁၂ နာရီတွင် သိမ်းဆည်းခံ တောင်သူများ ကိုယ်တိုင် အဆိုပါ လယ်မြေများသည် မိဘဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင် စားသောက်ခဲ့သည်မှာ မှန်ကန်ပါကြောင်း ကတိသစ္စာ တိုင်တည်ပြီး မြေသိမ်းသူများကို ကျိန်စာတိုက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၀၄-၂၀၀၅ ခုနှစ် တစ်ဝိုက် အမြန်လမ်း တည်ဆောက်စဉ် အင်ဂျင်နီယာတပ်မှ အရာခံအဆင့် တပ်မတော်သားတစ်ဦးက အကြောင်းပြချက် မရှိဘဲ လယ်ယာမြေ ၂ ဒသမ ၂၂ ဧက သိမ်းဆည်းခံခဲ့ရသူ ဒိုင်းတရာ ကျေးရွာနေ ဒေသခံတောင်သူ ဦးဝင်းကိုက ပြောကြားသည်။

“ကျွန်တော်တို့ ဒုက္ခရောက်ခဲ့ကြသလို သူတို့လည်း ကျွန်တော်တို့ကို မတရားလုပ်တဲ့ အကျိုးဆက်ကြောင့် ကုန်းသွားရင် ကုန်းဘေး၊ ရေသွားရင် ရေဘေးတွေ့ပါစေ ဆိုတာကို ဆုတောင်း ကျိန်စာတိုက်ခဲ့ကြပါတယ်။ တကယ်ကို ယုံကြည်ချက်နဲ့ လုပ်ဆောင်ခဲ့ကြတာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်း တည်ဆောက်ရာတွင် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအတွက် လယ်တစ်ဧက ငွေကျပ် ၄၀၀,၀၀၀ နှုန်းဖြင့် နစ်နာကြေးပေးရန် ကမ်းလှမ်းထားပြီး ဒေသခံတောင်သူများက ကျောက်တံခါးမြို့နယ်အတွင်း ပေးလျှော်သည့် တစ်ဧက ငွေကျပ် ၁၂ သိန်းအတိုင်း ပေးရန် တင်ပြထားသည်ကို အကြောင်းအမျိုးမျိုးပြကာ ရှောင်လွှဲနေကြောင်း ဒေသခံတောင်သူများက ဆိုသည်။

သို့သော် တောင်သူ ၈၆ ဦး အမည်ပေါက် ပိုင်ဆိုင်သော အဆိုပါ သိမ်းဆည်းခံ မြေဧက ၁၃၃ ဒသမ ၆၂ ဧကအတွက် နစ်နာကြေးငွေ ၅၃,၄၄၈,၀၀၀ ကျပ် (ငါးရာ သုံးဆယ့်လေးသိန်း လေးသောင်း ရှစ်ထောင်ကျပ်) ကို ထုတ်ယူခြင်း မရှိပါက ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံးတွင် ပြန်လည်အပ်နှံရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ဖြူးမြို့နယ် မြေယာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က လယ်သမားများထံ ထုတ်ပြန်ထားသော အကြောင်းကြားစာအရ သိရသည်။

“ကျွန်တော်တို့မှာ လုပ်ကိုင် စားသောက်စရာ လယ်ယာမြေလည်း မရှိတော့ဘူး။ နစ်နာကြေးလည်း မရရှိဘူး။ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်လှိုင်ကလည်း လုပ်နိုင်သလောက် လုပ်ပေးပေမယ့် လက်ရှိအထိ မထူးခြားတော့ အခုလို ကျိန်စာတိုက်တဲ့ အလုပ်ကို မလုပ်ချင်ဘဲ လုပ်ရတာပါ” ဟု လယ်ယာမြေ ရှစ်ဧကနီးပါး သိမ်းဆည်းခံထားရသူ ဦးထွန်းခင်က ဆိုသည်။

ဖြူးမြို့နယ် မင်းဂံရိုးကျေးရွာအုပ်စု ဒိုင်းတရာကျေးရွာအနီး လယ်ယာမြေများသည် ၂၀၀၄-၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း တည်ဆောက်အချိန်၌ လမ်းမြေတွင် ပါဝင်ခြင်း၊ ရုံဆောက်လုပ်ရန် သိမ်းဆည်းခြင်းနှင့် အမြန်လမ်း ယာဉ်ရပ်နားစခန်း ဆောက်လုပ်ခြင်းတို့ကြောင့် လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် အပြင် နောက်ပိုင်း အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းရှင်များက သိမ်းဆည်းခဲ့သည့် လယ်ယာမြေ ဧကပေါင်း ၁၀၀၀ နီးပါး ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

The Voice Weekly

သုံးခွမြို့၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး


ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့ အမှတ် ၈ ရပ်ကွက် ဗန္ဓုလလမ်း အမှတ်မရှိ နေအိမ်၌ ဇွန် ၂ ရက်မွန်းတည့် ၁၂ နာရီခန့်က အမျိုးသမီးတစ် ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ်အား စုံစမ်းကြည့်ရာ သုံးခွမြို့မရဲစခန်းတွင် တာဝန်မှူး ဒုရဲအုပ်မျိုးသန့်ဇင် ဦးစီးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၄င်းနေအိမ်နေ မသန်းသန်းမော်-၂၇-နှစ် (ဘ) ဦးတင်ငွေ (ကျဘမ်း) ဖြစ်ပြီး နေအိမ်အတွင်း ၆-ပေအမြင့်ခန့် ထုတ်တန်း၌ ပလပ်စတစ်ကြိုး သုံးပဲလုံးခန့် အရှည် ၄ ပေခွဲခန့်ဖြင့် ကြိုးဆွဲချ သေဆုံး နေကြောင်း စစ်ဆေးတွေ့ရပြီး အလောင်းအား သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးပို့အပ်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သုံးခွမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၄) ဖြင့် အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

သုံးခွ ဇွန် ၂
MOI Webportal Myanmar

မြန်မာနိုင်ငံ မှ ကွမ်းစားသူ ၁ဝဝ ၌ ၃၄ ဦးနှုန်း ခံတွင်း ကင်ဆာ ဖြစ်ပွားနေ


 မြန်မာနိုင်ငံ၌ အသက် ၄၅ နှစ်မှ ၆၅ နှစ်အရွယ်တို့တွင် ထက်ဝက်ခန့်မှာ ခံတွင်းကင်ဆာ ခံစားနေရ ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ သိရသည်။
ခံတွင်းကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်းများတွင် ကွမ်းစား သုံးခြင်း၊ ဆေးလိပ် သောက် သုံးခြင်း တို့ကြောင့်ဖြစ်ပြီး ကွမ်း တစ်မျိုးတည်း စားသုံးသူ ၁ဝဝ တွင် ၃၄ ဦးနှုန်းဖြင့် ခံတွင်းကင်ဆာ အများဆုံးဖြစ်နေပြီး ဆေးလိပ်နှင့်ကွမ်း နှစ်မျိုးလုံးသုံးစွဲ သူ ၁ဝဝ တွင် ၂၂ ဦးနှုန်း၊ ဆေးလိပ်တစ်မျိုးတည်း သုံးစွဲသူ ၁ဝဝ တွင် ၁၉ ဦးနှုန်း ရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးတို့၏ အန္တရာယ်နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ပြည်သူ့ ဆေးရုံများ ၌လည်း ဆေးလိပ်နှင့် ကွမ်းယာ သုံးစွဲခြင်းကို ဖြတ်ပေးနေကြောင်း သိရသည်။

''ဆေးရုံတွေမှာတော့ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ အမြဲတမ်းလုပ်ပါတယ်။ နယ်တွေမှာလည်း သွားလုပ်ဖြစ်ပါတယ်''ဟု အင်းစိန် ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာ ဒေါ်တင့်တင့်ကြည်က ပြောကြား သည်။ ဆေးလိပ်တွင် အဆိပ်သင့်စေသော ပစ္စည်းများဖြစ်သည့် နီကိုတင်းအပြင် ဖော်မလင်ဆေးရည်၊ သန့်စင်ခန်းသုံးဆေး၊ ကြွက်သတ်ဆေး၊ လက်သည်းဆိုး သန့်စင်ဆေး၊ ကားမောင်းလျှင် ထွက်သော ဓာတ်ငွေ့၊ မီးခိုးငွေ့၊ ကတ္တရာဆေးချေး၊ အိမ်သုတ်ဆေး၊ ဓာတ်မြေသြဇာတွင် ပါဝင်သော ဓာတ်ပစ္စည်းတို့ ပါဝင်သဖြင့် ကင်ဆာရောဂါ ဖြစ်ပွားစေ ကြောင်းကိုလည်း သိရသည်။ ကွမ်းစားရာတွင် ပါဝင်သည့် ဆေးရွက်ကြီးကြောင့် ကင်ဆာရောဂါ အဓိက ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။ ခံတွင်းကင်ဆာ ဖြစ်ပွားမှုသည် အမျိုးသားများတွင် အဖြစ်များကြောင်း သိရသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် အမျိုးသား ၃ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁ ဒသမ ၈ ရာခိုင်နှုန်းမှ ၁၅ ဒသမ ၆ ရာခိုင်နှုန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲ နေကြကြောင်း (WHO) ၌ ဖော်ပြ ထားသည်။

မြ၀တီ

ရွှေဈေးကျနေ၍ ဝယ်ယူစုဆောင်းခြင်း မပြုသင့်ဟု ရွှေလုပ်ငန်းရှင်များပြော

ရွှေအရောင်းအ၀ယ်ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)



လတ်တလောကမ္ဘာ့ရွှေဈေးကွက်တွင် ဈေးကျနေသဖြင့် ရွှေဝယ်စုသူများ ယခုနှစ်အတွင်း ဝယ်ယူစုဆောင်းခြင်းမပြုသင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် မတ်လလယ်မှ စကာ ကမ္ဘာ့ရွှေဈေးကျနေသည့်အတွက် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်တွင်ဖြစ်ခဲ့သော တစ်အောင်စလျှင် ၁,၁၈၄ ဒေါ်လာအထိ ရောက်ရှိသွားနိုင်ကြောင်း စီးပွားရေးခန့်မှန်းချက်များတွင်လည်း ရေးသားဖော်ပြထားသည်။

‘‘လောလောဆယ်မှာ ကမ္ဘာ့ဈေးက အကျပိုင်းထဲမှာပဲဖြစ်နေတော့ မြန်မာ့ ရွှေဈေးကလည်း အကျဘက်ဖြစ်နေတာပေါ့။ ဈေးတွေကတော့ အကျဘက်မှာပဲ ဦးတည်နေလို့ ဆက်ကျနိုင်သေးတယ်’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဦးဝင်းမြင့်က ပြောသည်။

ထို့ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ကတည်းက ဈေးအကျရောက် ရှိ၍ ဝယ်ယူစုဆောင်းထားသူများ အရှုံးဖြင့်သာ ရင်ဆိုင်နေကြရသည်။

ရွှေဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေချိန်တွင် ဝယ်ယူသူများမရှိဘဲ ပြန်ထုတ်သူများသော ဈေးကွက်တစ်ခုအဖြစ်ရှိနေကြောင်း အပိုင်းဈေးကွက်မှ ကုန်သည်များ က ဆိုသည်။

ကမ္ဘာ့ ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁,၂၅၀ ဒေါ်လာ အောက်ကျဆင်းပါက ဝယ်ယူရန် မသင့်ဟု ဈေးကွက်ကျွမ်းကျင်သူများက ဆိုထားချိန်တွင် တစ်အောင်စလျှင် ၁,၂၄၄ ဒေါ်လာထိ ဈေးနှုန်းများကျဆင်းသွားပြီဖြစ်သည်။

ကမ္ဘာ့ဈေးပေါ်တွင် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုဖြစ်နေသော ပြည်တွင်းရွှေဈေးနှုန်းများမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၄၇,၀၀၀ ကျပ်အထိ ဈေးနှုန်းများ ကျဆင်းနေပြီဖြစ်သည်။

ရွှေဆိုင်များတွင်လည်း အပိုင်းနှင့် ဖျက်စဈေးကွက်တို့တွင် ဝယ်လိုအားများ ကျဆင်းနေပြီး အထည်ဈေးကွက်များတွင်သာ ဝယ်လိုအားကောင်းနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ဆို သည်။

သိမ့်သိမ့်စိုး
7day daily

နိုင်ငံ့ဂုဏ်ဆောင် အလှမယ် မေမြတ်နိုးနှင့် မေးမြန်းချက်


နိုင်ငံတကာအလှမယ်ဆုတခုဖြစ်တဲ့ အာရှပစိဖိတ်အလှမယ်ဆု ၂၀၁၄ ကို မြန်မာအလှမယ် မေမြတ်နိုးက ပထမဆုံးအကြိမ် ဆွတ်ခူးရရှီခဲ့ပါတယ်။ နိုင်ငံပေါင်း လေးဆယ်ကျော်က အလှမယ်တွေနဲ့ ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး သရဖူကို ရယူနိုင်ခဲ့တာပါ။

အလှမယ်ပြိုင်ပွဲကျင်းပရာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိနေတဲ့ အလှမယ် မေမြတ်နိုးကို ဆက်သွယ်မေးမြန်းတဲ့အခါ   ဒီဆုကိုရရှိတဲ့အတွက် မြန်မာနိုင်ငံအတွက် တခုခု လုပ်ပေးလိုက်ရတယ်လို့ ခံစားရပြီး အထူးဝမ်းသာဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့   မေမြတ်နိုးဟာ Asia Pacific World 2014  ပြိုင်ပွဲမှာ  ပေါ်ပြူလာ အဖြစ်ဆုံးဆုကိုလည်း ဆွတ်ခူးထားပါသေးတယ်။

မေမြတ်နိုးကို ဆက်သွယ် မေးမြန်းထားပါတယ်။

Miss Asia Pacific ရရှိသွားတဲ့အတွက် မေမြတ်နိုးရဲ့ ခံစားချက်လေး ပြောပြပေးပါ။

may myat noe“အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်။ ညီမနိုင်ငံအတွက် တခုခုလုပ်ပေးခွင့်ရလို့ အရမ်းဂုဏ်ယူပါတယ်။”

ဆုရရှိအောင် ဘယ်လိုကြိုးစားခဲ့လဲ။

“မြတ်နိုးကို ထောက်ပံ့ကူညီပေးတဲ့ သူတွေ၊ ဆရာတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ အားထုတ်မှုကြောင့်လည်း ပါဝင်သလို မြတ်နိုးရဲ့ ကြိုးစားမှုလည်း ပါဝင်ပါတယ်။”

ဝင်ပြိုင်တုန်းက ဘယ်လိုမျှော်လင့်ချက်နဲ့ ၀င်ပြိုင်ခဲ့လဲ။ ဆုရမယ်လို့ မျှော်မှန်းလား။

“၀င်ပြိုင်တုန်းက ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်တွေ ရှိတယ်လို့ သိပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတောက်လျှောက်မှာ မြတ်နိုး ၁၀၀ ရာခိုင်နှုန်း အကောင်းဆုံး လုပ်ပြီး ယှဉ်ပြိုင်ခဲ့လို့ မြတ်နိုးနဲ့ ထိုက်တန်တဲ့ဆု မြတ်နိုးရတယ်လို့ ယုံကြည်ပါတယ်။”

Miss Asia Pacific ဆုရရှိပြီဆိုတော့ ရှေ့ဆက်ပြီး အနာဂတ် ဘာလုပ်ဖို့ စီစဉ်ထားလဲ။

“စီစဉ်ထားတာတွေတော့ ရှိပါတယ်။ ကျန်တဲ့ဟာတွေကတော့ မြန်မာပြည်ရောက်မှပဲ သေသေချာချာ လုပ်ပါတယ်။”

အခု ကိုရီးယားရုပ်ရှင်မှာ ရိုက်ဖို့အတွက် လုပ်ပေးနေတယ်လို့ ကြားပါတယ်။

“ဟုတ်ကဲ့ အခုလေးတင် ရထားပါတယ်။ အဲဒါကို ဓာတ်ပုံ ဖေ့ဘွတ်ရှ်မှာ တင်ပေးပါ့မယ်။”

မေမြတ်နိုးအနေနဲ့ လူမှုကူညီရေး အဖွဲ့တွေမှာလည်း ၀င်ရောက်ဖို့ ရှိပါလား။

“ပရဟိတကို ကျောင်းစာသင်ရင်းနဲ့ လုပ်သွားပါမယ်။”

ဆုရတဲ့အတွက် မြန်မာပြည်သူတွေကို ဘာပြောချင်လဲ။

“မြတ်နိုးကို အားပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေးတဲ့ ပရိသတ်တွေကြောင့် မြတ်နိုးအားရှိပြီး အကောင်းဆုံးလုပ်နိုင်တာလည်း ပါပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီးလည်း အားပေးကြပါလို့။”

ဆုကြေးအနေနဲ့ရော ဘာရလဲ ပြောပြပေးပါ။

“ဆုကြေးအနေနဲ့ အခွင့်အရေးတွေ အများကြီး ရပါတယ်။ သရဖူကလည်း တော်တော်တန်ဖိုးရှိတဲ့ သရဖူ ရထားပါတယ်။”

မြန်မာပြည် ဘယ်တော့ ပြန်လာမှာလဲ။

“ဟုတ်ကဲ့၊ မြတ်နိုး ၅ ရက်နေ့ပြန်လာပါမယ်။”

အမှတ်တရ စကားအနေနဲ့ ဘာများပြောချင်တာ ရှိဦးမလဲ။

“မြန်မာပြည်အတွက်ဂုဏ်ကို ပြန်ရင်ယူလာခဲ့ပါ့မယ်လို့ ပြောချင်ပါတယ်။”

အနုပညာလောကမှာရော ၀င်ရောက် လုပ်ကိုင်ဖို့ရှိလား။

“အနုပညာလောကမှာ ၀င်ရောက်ဖို့ ရှိပါတယ်။ သီချင်းဆိုတဲ့အပိုင်းရော၊ ရုပ်ရှင်ရိုက်တဲ့အပိုင်းရော၊ မော်ဒယ်ပိုင်းရော အကုန်လုံး လုပ်ဖို့ စီစဉ်ထားပါတယ်။”

ညီမ လူမျိုးအနေနဲ့ ပြောပြပေးပါလား။

“ဟုတ်ကဲ့ ဗမာလူမျိုးပါရှင့်။”


DVB Burmese

မဲဆောက်တွင် မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံရ


ကရင်ပြည်နယ်တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးပါတယ်။

မဲဆောက်အခြစိုက် စစ်တပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဒီမနက်အရုဏ်မတက်ခင်မှာ  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ထဲမှာ ၀င်ရောက်ရှာဖွေပြီး တရားမ၀င်နေထိုင်သူတွေကို  ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရသူ စုစုပေါင်း  ၁၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ကျား ၄၉၊ မ ၅၉ နဲ့ ကလေး ၅၅ ယောက်  ပါဝင်ပါတယ်။

ဖမ်းဆီးထားသူတွေကို နယ်ခြားသောင်းရင်းမြစ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်ပြီး သူတို့ကိုလက်ခံထားတဲ့ ထိုင်းအိမ်ပိုင်ရှင်တွေနဲ့ နေထိုင်ခွင့်ပြုထားတဲ့ မြေပိုင်ရှင်တွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အလားတူ ဖမ်းဆီးမှုတွေကို တခြားရပ်ကွက်တွေမှာ ပြုလုပ်သွားဦးမယ်လို့ ထိုင်းအုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။

မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံသား ၂ သိန်းလောက် နေထိုင်ကြတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ သိရပါတယ်။
DVB Burmese

ထားဝယ်လယ်သမား ၂၀ ကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေး


ဇွန် ၁ ရက်နေ့ အခင်းဖြစ်ပွားစဉ်က

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ထဲမှာ မြေသိမ်းခံတောင်သူလယ်သမားနဲ့ အာဏာပိုင်တွေကြား အခြေအတင်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လယ်သမား အယောက် ၂၀ ကို မြို့မရဲစခန်းက ဒီကနေ့ မနက် ခေါ်ယူစစ်ဆေးပါတယ်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက်က သူတို့ပိုင် လယ်မြေတွေမှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက တိုင်တွေလာစိုက်တဲ့သွားအတွက် တဘက်နဲ့တဘက် အခြေအတင်ဖြစ်ပွားခဲ့ပြီး ရဲစခန်းက သူတို့ကို ခေါ်စစ်ခဲ့တယ်လို့ ရွာသူတဦးဖြစ်တဲ့ မရွှေစင်ယုက ပြောပါတယ်။
“လျော်ကြေးမယူရသေးတဲ့ လယ်တွေထဲမှာ သူတို့က မြေတိုင်းဖို့၊ အကွက်ရိုက်ဖို့ဆိုပြီး ရဲအင်အား ၅၀ ကျော်နဲ့ အုပ်ချုပ်ရေးပိုင်း ၀န်ထမ်းတွေနဲ့ ကုမ္ပဏီက အလုပ်သမားတွေက ကျမတို့လယ်ထဲမှာ တိုင်တွေ လာစိုက်တယ်။ လယ်သမားတွေက တားတယ်၊ သူတို့ဘက်က အင်အားသုံးပြီး အတင်းစိုက်တယ်၊ ကျမတို့က အစိုက်မခံဘူး။”

အခုလို ခေါ်ယူစစ်ဆေးတာနဲ့ပတ်သက်ပြီး ထားဝယ်မြို့မရဲစခန်း စခန်းမှူး ဦးမျိုးမြင့်ဦးက “အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးအရာရှိကနေပြီး တရားလိုလုပ်ပြီး တိုင်ထားတာရှိပါတယ်။ တာဝန်ဝတ္တရားဆောင်ရွက်နေတဲ့အချိန်မှာ နှောင့်ယှက်မှုနဲ့ ၁ ရက်နေ့က။ ညက အမှုဖွင့်တယ်။ အမှုဖွင့်လို့ ကျနော်တို့က ခေါ်ယူစစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ ဖမ်းတာဆီးတာ ဘာမှမလုပ်ရသေးဘူး” လို့ ပြောပါတယ်။

ရဲစခန်းက ရွာသားတွေကို အဲဒီမြေယာပေါ်မှာ စတင်လုပ်ကိုင်တဲ့နှစ်၊ ပိုင်ဆိုင်မှု အထောက်အထား၊ အာဏာပိုင်တွေကို ကန့်ကွက်ရတဲ့ အကြောင်းရင်း စတာတွေနဲ့ ပတ်သက်ပြီး ၁ ဦးကို ၁ နာရီလောက် စစ်မေးကာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ လယ်သမား ဦးသန်းမြက ပြောပါတယ်။

ဆန်းချီရပ်ကွက်ထဲက မြေဧကပေါင်း ၃၀၀ ကျော်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အသိမ်းခံထားရတာဖြစ်ကြောင်း၊ အဲဒီထဲက ဧက ၁၀၀ ကျော်မှာ ဌာနဆိုင်ရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၊ ကုမ္ပဏီ စတဲ့ အဆောက်အဦတွေ ဆောက်လုပ်ထားပြီး သမ္မတဦးသိန်းစိန် လက်ထက်မှာ ရွာသားတွေက မိမိမြေယာ ပြန်ရရေးအတွက် တောင်းဆို တိုင်တန်းမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေယာပြန်ရရေး တောင်းဆိုထားတဲ့ လယ်ပိုင်ရှင် ၆၄ ဦးရှိပြီး အာဏာပိုင်တွေက ၃ ဧက ကို (ပေ ၄၀ – ၆၀ ) အကျယ်ရှိ မြေတကွက်စီ ပြန်ချပေးမယ်လို့ ပြောခဲ့ပေမယ့် ရွာသားတွေက တဧကကို တကွက် ပြန်လိုချင်ကြောင်း၊ သူတို့ အစားထိုးပြန်ပေး မယ့် မြေတွေဟာလည်း ရေ၀ပ်ဧရိယာတွေဖြစ်နေတဲ့အပြင် ၀င်ထွက်ရ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒီမြေယာပြဿ နာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်တန်းခဲ့ပြီး ဆန္ဒပြတောင်းဆိုမှု ၂ ကြိမ် လုပ်ခဲ့တယ်လို့ လယ်သမားခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

DVB Burmese

Paternity Determination မိဘ စစ်-မစစ် စစ်ဆေးခြင်း


ဆရာ မိသားစုတစ်ခုမှာ မိမိရဲသွေး ဟုတ်-မဟုတ် ဝေဝါးနေပါတယ်။ ဘယ်လိုစစ်ရင်သိနိုင်မလဲဆရာ။ အသက်က ၂၈ ပါ။

(၁) Paternity Determination by Blood Type သွေးအုပ်စုကိုကြည့်ပြီး မိဘ စစ်-မစစ်၊ ဖြစ်နိုင်ခြေ စမ်းသပ်ရန်ဇယားနဲ့ အကြမ်းဖျင်းသိနိုင်မယ်။
(၂) DNA testing မျိုးဗီဇစမ်းခြင်းနဲ့ တိတိကျကျသိနိုင်တယ်။

(၁) Paternity Determination by Blood Type သွေးအုပ်စုကိုကြည့်ပြီး မိဘ စစ်-မစစ်၊ ဖြစ်နိုင်ခြေ စမ်းသပ်ရန်ဇယား

မိဘသွေးအုပ်စု A + A = ကလေးသွေးအုပ်စု A, O
မိဘသွေးအုပ်စု A + B = ကလေးသွေးအုပ်စု A, B, AB, O
မိဘသွေးအုပ်စု A + AB = ကလေးသွေးအုပ်စု A, B, AB
မိဘသွေးအုပ်စု A + O = ကလေးသွေးအုပ်စု A, O
မိဘသွေးအုပ်စု B + B = ကလေးသွေးအုပ်စု B, O
မိဘသွေးအုပ်စု B + AB = ကလေးသွေးအုပ်စု A, B, AB
မိဘသွေးအုပ်စု B + O = ကလေးသွေးအုပ်စု B, O
မိဘသွေးအုပ်စု AB + AB = ကလေးသွေးအုပ်စု A, B, AB
မိဘသွေးအုပ်စု AB + O = ကလေးသွေးအုပ်စု A, B
မိဘသွေးအုပ်စု O + O = ကလေးသွေးအုပ်စု O

(၂) DNA testing မျိုးဗီဇစမ်းခြင်း
DNA testing မျိုးဗီဇစမ်းတာကို ဆေးစာမှာ DNA profiling လဲခေါ်တယ်၊ DNA typing လဲခေါ်တယ်၊ Genetic Fingerprinting လဲခေါ်တယ်။ Forensic Science မှုခင်း-ဆေးပညာရဲ့အစိတ်အပိုင်းမှာပါတယ်။ လူတယောက်ရဲ့ DNA Makeup ကို ကြည့်ပြီး သူဘယ်သူဆိုတာ သိနိုင်လို့ Identifier ခေါ်တယ်။

နောက်ဆေးစစ်နည်းတခု ဖြစ်တဲ့ Full Genome Sequencing ဆိုတာနဲ့ မတူပါ။ လူတဦးနဲ့တဦး DNA sequences တွေဟာ ၉၉့၉% တူကြပေမဲ့ Monozygotic twins အသွင်တူ-အမွှာကလွဲရင် ကွဲပြားတာကို ခွဲခြားလို့ရတယ်။ DNA profiling technique နည်းကို ၁၉၈၄ ခုမှာ အင်္ဂလန် ပညာရှင်ကနေ စတွေ့ခဲ့တယ်။ DNA profiling process ကို အများဆုံးသုံးတာက Buccal swab ပါးစောင်က သွားရည်ကို ဂွမ်းစနဲ့ သုတ်ယူပြီး စမ်းပါတယ်။ နိုင်ငံတကာ TV channels တီဗွီကြည့်ခွင့်ရတဲ့သူတွေ အီရတ် ခေါင်းဆောင် ဆဒမ်-ဟူစိန်ကို ဖမ်းမိတဲ့အချိန်မှာ မီးထိုးထားပြီး ပါးစပ် ဟပေးနေရတဲ့ပုံကို မြင်ဘူးကြပါလိမ့်မယ်။

Blood သွေး၊ Saliva သွားရည်၊ Semen သုတ်ရည်၊ ဒါမှမဟုတ် တခြား (သွားပွတ်တံ၊ မုတ်ဆိတ်ရိပ်ဒါး) တနေရာရာကနေ ရနိုင်တဲ့ Fluid အရည်၊ Tissue (တစ်ရှူး) ကိုလဲ စစ်ဆေးနိုင်တယ်။ RFLP analysis, PCR analysis, STR analysis နဲ့ AmpFLP နည်းတွေ ရှိတယ်။ အမေ-အဖေ စစ်မစစ် စမ်းတာကို DNA family relationship analysis ခေါ်တယ်။

အမေ-အဖေ၊ ဆွေမျိုး စစ်-မစစ် စမ်းတာကို DNA Family Relationship Testing ခေါ်တယ်။ ဆေးစာနဲ့ပြောရရင် Polymerase Chain Reaction (PCR) နည်းပညာလို့ ခေါ်တယ်။ Paternity ဖခင်၊ Maternity မိခင်၊ Siblingship အမျိုး တော်တာကို အတိအကျ စစ်နည်း ဖြစ်တယ်။

လူတွေမှာ သန္ဓေတည်ကတည်းက သီးသန့် DNA molecules (ဒီအင်န်အေ-မော်လီကြူး) ဖြစ်လာခဲ့တယ်။ အဖေအစစ်ရဲ့ Sperm cell (သုက်ပို)း နဲ့ အမေအစစ်ရဲ့ Egg cell (မျိုးဥဆဲလ်) တွေကနေ တူညီတဲ့ အရေအတွက်ရှိတဲ့ DNA ပေါင်းစပ်ပြီး Zygote (ဇိုင်ဂုတ်) ခေါ်တဲ့ သန္ဓေတည်စေတယ်။ ရတာမျိုးက တသက်လုံး ပါနေမယ်။ ဘယ်တော့မှလဲ မပြောင်းတော့ဘူး။ စစ်မစစ် စစ်ရင် Buccal swabs ပါးစောင်က သွားရည်ကို ဂွမ်းစနဲ့သုတ်ယူတာ၊ Blood သွေး၊ Body liquid အရည်တွေနဲ့ Tissue samples (တစ်ရှူး) အမူနာတွေကိုရယူ စမ်းသပ်နိုင်တယ်။

DNA တိုင်းမှာ Coding information (ကုတ်) ပါတာနဲ့ Non-coding genetic material (ကုတ်) မပါတာ ၂ မျိုး ရှိတယ်။ မပါတာကို Junk DNA ခေါ်လေ့ရှိပြီး Individual identification ဘယ်သူ-ဘယ်ဝါ ခွဲခြားရာမှာ သုံးရတယ်။ လူတိုင်းမှာ မတူထူးခြားတဲ့ Unique genetic profile ရှိတာမို့ ခွဲလို့ရတယ်။ သတ်မှတ်ပေးနိုင်တဲ့ DNA Marker (မတ်ကာ) ၅ မျိုး သုံးတယ်။ D21S11, D7S820, TH01, D13S317 နဲ့ D19S433 တွေဖြစ်တယ်။ အမေ၊ အဖေ နဲ့ ကလေးတို့ရဲ့ အဲဒီ ၅ မျိုးကို စစ်လိုက်ရင် အဖေဟုတ်-မဟုတ်၊ အမေဟုတ်-မဟုတ် သိလာတော့တယ်။ စုံစေ့အောင်စစ်ရင် ၁၃ မျိုးအထိရှိတယ်။ နောက်ဆုံးမှာ အဆုံးသတ် အဖြေထုတ်တယ်။ Biological father ဟုတ်တယ်၊ မဟုတ်ဘူး သိလာမယ်။

DNA Test Applications စမ်းနည်းကို
1. Relationship DNA Testing ဆွေမျိုးစစ်တာ၊
2. Genetic Disease Testing ရောဂါစစ်တာ၊
3. Genealogy DNA Testing ဗီဇသမိုင်းကြောင်းစစ်တာ၊
4. Family Tree DNA ဆွေမျိုးစဉ်ဆက် လိုက်ရှာတာတွေအတွက် သုံးတယ်။

Rates of non-paternity အဖေ-မစစ်နှုန်းဟာ ဝ့၈% ကနေ ၃ဝ% အထိ ရှိတယ်လို့ ၂ဝဝ၅ စစ်တမ်းတခုက ဆိုပါတယ်။
• အင်္ဂလန်မှာ ယောက်ျား ၁၆၇၈ ယောက်ကို စစ်ရတာမှာ ၁-၂% ရှိတယ်။
• မက်စီကိုမှာ ကလေး ၃၉၆ ယောက်ကို စစ်တာမှာ ၉့၈% ကနေ ၁၃့၈% ရှိတယ်။
• ဆွစ်ဇလန်မှာ ဝ့၃% ကနေ ၁့၃% ရှိတယ်။
• အမေရိကားမှာ (မစ်ချိဂန်) မယ် အဖြူကလေး ၁၄၁၇ ယောက်နဲ့ အမဲကလေး ၅၂၃ ယောက်ကနေ ၁့၎% ကနေ ၁ဝ့၁% ရှိတယ်။ (ဟာဝိုင်ယီ) မှာ မိသားစုပေါင်း ၁၇၄၈ ထဲက ကလေးပေါင်း ၂၈၃၉ ယောက်ကနေ ၂-၃% ရှိတာ တွေ့ခဲ့ရတယ်။

Non-paternity အဖေ-မစစ်တာကို စစ်လို့ သိလာ၊ တွေ့လာရင် လူမှုရေး-အရှုတ်အရှင်းသာမက ကျန်းမာရေး ပြဿနာပါ တက်ပါမယ်။ မျိုးရိုးလိုက်တဲ့ Cystic fibrosis ရောဂါအတွက် Genetic screening မျိုးဗီဇ စစ်ဆေးတဲ့အခါ သိလာစေတယ်။

1. Non-paternity အဖေ စစ်-မစစ်၊
2. Brother/sister sibling test မောင်နှမ စစ်-မစစ်၊
3. Half-brother/half-sister sibling test အမေတူ-အဖေကွဲ မောင်-နှမ ဟုတ်-မဟုတ်၊
4. Grandparentage test အဖိုး-အဖွါးမှန်-မမှန်၊
5. Uncle (aunt)/nephew (niece) test အဒေါ်-ဦးလေး တော်-မတော်တွေကိုလည်း စစ်လို့ရပါတယ်။

ဒီစစ်ဆေးမှုတွေကို တရားဝင်မှုရှိအောင်လဲ လုပ်ပေးဘို့ အလုပ်ရက် ၁၅ ရက်ဘဲ ကြာမယ်။ အပိုဆောင်းပေးရင် ၅ ရက်နဲ့ ဝန်ဆောင်ပေးနိုင်ပါသတဲ့။ PRO-DNA Family Relationship Test စမ်းသပ်နည်းအတွက် $725 ကုန်ကျမယ်။ Legal admissibility ဥပဒေဘောင် ဝင်ချင်ရင် နောက်ထပ် $170 ဒေါ်လာ၊ ၅ ရက်နဲ့ ရချင်ရင် $275 ဒေါ်လာ အပိုပေးရမယ်လို့ ကြောညာထားတာ တွေ့ရပါတယ်။

Dr. တင့်ဆွေ

ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြန်ရေးရမည့် ဥပဒေ ၁၃၀ ကျော်ရှိဟု လွှတ်တော်ကော်မတီဆို


နေပြည်တော်၊ ဇွန် ၂

ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်၏ လက်ကျန် သက်တမ်း ၁ နှစ်ကျော် ကာလအတွင်း ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲရန် လိုအပ်နေသော ဥပဒေပေါင်း ၁၃၆ ခု ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောကြားသည်။

လွှတ်တော်သုံးရပ် အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အဆင့်ဆင့် စိစစ်မှုအရ ရုပ်သိမ်းရန် ဥပဒေ ၉ ခု၊ ပြင်ဆင်ရန် ဥပဒေ ၆၇ ခု၊ ရုပ်သိမ်း၍ အသစ်အစားထိုး ပြဋ္ဌာန်းရန် ဥပဒေ ၄၁ ခုနှင့် အသစ်ရေးဆွဲရန် ဥပဒေ ၁၉ ခုဟူ၍ စာရင်းပြုစု ရရှိထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါဥပဒေ အားလုံးနီးပါးမှာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တိုက်ရိုက် သက်ဆိုင်သည့် ဥပဒေများ ဖြစ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် ဥပဒေနှစ်ခုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် သက်ဆိုင်သော ဥပဒေ တစ်ခုကိုလည်း လိုအပ်သလို ဆောင်ရွက်ရန် စိစစ်တွေ့ရှိထားကြောင်း ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်သည့် ပူးပေါင်းကော်မတီ အစီရင်ခံစာအရ သိရသည်။

ဆက်လက် ဆောင်ရွက်ရမည့် ဥပဒေများတွင် လွှတ်တော်နှင့် အစိုးရအကြား အားပြိုင်ခဲ့သည် ဆိုသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းလည်း ပါဝင်ကြောင်း၊ မူလက နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လျစ်လျူရှု၍ ပြင်ဆင် အတည်ပြုထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြန်လည် ပြင်ဆင်ရန်အတွက် ဥပဒေကြမ်း အသစ်တစ်ခု ရေးဆွဲရန် ဆောင်ရွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

လွှတ်တော်အရပ်ရပ်၏ လုပ်ငန်း ဆောင်ရွက်ချက်များ မတိုင်မီ မြန်မာနိုင်ငံအတွင်း အတည်ပြု ကျင့်သုံးနေသော ဥပဒေပေါင်း ၄၀၁ ခု ရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အသစ်ရေးဆွဲ၊ ပြင်ဆင်၊ ရုပ်သိမ်း၊ အစားထိုးခဲ့သည့် ဥပဒေပေါင်း ၉၈ ခု ရှိကြောင်း၊ ယင်းစာရင်းတွင် စီမံကိန်း ဘဏ္ဍာငွေအရ အသုံးဆိုင်ရာနှင့် အခွန်ဆိုင်ရာ ဥပဒေ ၁၁ ခု ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွှတ်တော် လက်ကျန် သက်တမ်းကာလအတွင်း အထက်ပါ ဥပဒေများကို သတ်မှတ်ချက်အလိုက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အသီးသီးကို တိုက်တွန်း အကြောင်းကြားထားကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီထံမှ သိရသည်။

The Voice Weekly

Qualified Response အဆင့်မြင့်မြင့် ဆန့်ကျင်ကြပါ


• ပြည်သူတွေရဲ့ ဆန္ဒတွေပြင်းပြပြီးတော့ စိတ်အားထက်သန်လာကြတာကို မြင်လာတာနဲ့အမျှ တချို့တွေက စိုးရိမ်ပြီးတော့ ပြန်လည်တုန့်ပြန်တာတွေက အောက်တန်းကျလာတယ်။ အဲလိုနည်းနဲ့ပြည်သူကို ဆွဲဆောင်တာ၊ စည်းရုံးတာဟာ ပြည်သူကို စော်ကားတာဘဲ။
• အောက်တန်းကျတဲ့နည်းတွေ မသုံးပါနဲ့။ ဖြောင့်ဖြောင့်မတ်မတ် ဆန့်ကျင်ကြပါ။ နိုင်ငံကြီးသားဆန်ဆန် အဆင့်မြင့်မြင့် ဆန့်ကျင်ကြပါ။
• ပြည်သူထူထုက ဘာဖြစ်စေချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဆန္ဒထုတ်ဖေါ်ပြတာကို မလိုက်လျောရင် ရွေးချယ် တင်မြှောက်ထားပါတယ်ဆိုတဲ့ ပြည်သူလူထုကိုယ်စားလှယ် အစစ်အမှန် မဟုတ်ဘူးလို့ ပြောရမှာဘဲ။

(ဒေါ်အောင်ဆန်းစုကြည်)
Dr. Tint Swe

Blood sugar levels ဆီးချိုစစ်ခြင်း


ဆရာ မင်္ဂလာပါ။ ဆီးချိုရောဂါဟာ ဂလူကိုမီတာ အနည်းဆုံး ဘယ်လောက်သတ်မှတ်ချက်ရှိပါသလဲ ဆရာ။ မော်လမြိုင် ကပါ ဆရာ။

သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေများ
(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၇ဝ မှ ၁ဝဝ။
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။

(၂) ဆီးချိုအစအပိုင်း
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl
အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl

(၃) ဆီးချိုဖြစ်နေပြီ
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။
အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။

(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။

(၂) ဆီးချိုအမျိုးအစား (၂)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။
အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။

(၃) ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။

(၄) ကလေး ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။

ဒေါက်တာတင့်ဆွေ

Penis enlargement Risks ကျားအင်္ဂါဆေးထိုးတဲ့အန္တရာယ်တွေ


ကျားလိင်အင်္ဂါကို ဆေးထိုးကြတာတွေမှာ ဒုက္ခရောက်ကြလို့ မေးလာသူတွေ မနည်းပါ။ မေးတာ-ဖြေတာတွေကို အများဖတ်အောင် မတင်သင့်လို့ မတင်ပါ။ တချို့ဆိုရင် လူစဉ်မမှီဖြစ်သွားလို့ ဝမ်းနည်းပက်လက် ဖြစ်ကြရတယ်။ ဖေ့စ်ဘွတ်မှာ တင်ဘို့မသင့်လို့ မတင်တော့ပါ။ ဒါပေမဲ့ သတိပေးဘို့လိုနေတာ အမှန်ပါ။ သိချင်သူတွေ တိုက်ရိုက် စာရေးနိုင်ပါတယ်။ အရပ်နည်းတွေ၊ အွန်လိုင်းကြော်ညာတွေကို မယုံကြပါနဲ့။ ကာကွယ်ရေး ကင့်ပိန်း လုပ်လို့လဲမသင့်လို့ လူဖြစ်ရှုံးသွားသူတွေ မနည်းတော့ပါ။ လက်လှမ်းမီသလောက် မလုပ်ကြအောင် သတိပေးကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၆-၂ဝ၁၄

မြို့နယ်တရားသူကြီးအဂတိလိုက်စားမှုကို ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့် မရသည့်အတွက် ဆန္ဒထုတ်ဖော်မှုပြုလုပ်တော့မည်မဟုတ်


မန္တလေး-ဇွန်၃

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့MDCF မှ ကိုသိန်းအောင်မြင့် သည် မြို့နယ် တရားသူကြီးအဂတိလိုက်စားမှုကို ချမ်းမြသာ စည်မြို့နယ်တရားရုံးရှေ့တွင်
ဆန္ဒထုတ်ဖော်ရန် တိုင်းအ ထိခွင့်ပြုမိန့် တင်သော်လည်းမရသည့်အတွက်
ဆန္ဒထုတ်ဖော် မှုပြုလုပ်တော့မည်မဟုတ်ကြောင်း သတင်းထောက် များအားယနေ့ 
မနက် ပိုင်းကရှင်းလင်းပြောကြားခဲ့သည်။

ထို့ နောက် မြို့နယ်တရားသူကြီးအားသွားရောက်တွေ့ဆုံပြီး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော ကိုအေးသိန်း၏ အမှု ကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းဖို့ ကြိုးစားစဉ်
ရဲတပ်ဖွဲ့မှ လာရောက် ညှိုနှိုင်းခဲ့သည်။ မြို့နယ်တရားသူကြီးမှ တိုင်းရုံးသို့ သွားရောက်နေ သဖြင့်တွေ့ဆုံခွင့်မရခဲ့ကြောင်းသိရသည်။

ခက်ဆစ်
Popular Myanmar News Journal

ခွေးချစ်သူနဲ့ ကြောင်ချစ်သူတွေကြားမှာ ကိုယ်ရည်ကိုယ်သွေးကွာခြားမှုရှိကြောင်း လေ့လာမှုတစ်ရပ်ကဆို



 
တစ်ချို့ လူတွေက ခွေးချစ်သူတွေဖြစ်ပြီး တစ်ချို့ တွေက ကြောင်ချစ်သူတွေ ဘာလို့ ဖြစ်နေလဲဆိုတဲ့အပေါ်မှာ အံ့သြမိဖူးပါသလား။ အခုတော့ လေ့လာမှုတစ်ရပ်အရ အိမ်မွေးတိရိစ္ဆာန်တစ်မျိုးတည်းကို ပိုချစ်တဲ့လူတွေမှာ မတူညီတဲ့ သီးခြားကိုယ်ရည်ကိုယ်သွေးတွေ ရှိကြောင်း သိရှိရပါပြီ။

Carroll တက္ကသိုလ်က သုတေသနပြုလုပ်သူတွေဟာ ကောလိပ်ကျောင်းသား ၆၀၀ ကို လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကို ကိုယ့်ဘာသာ ခွေးချစ်သူလို့ သတ်မှတ်လား ကြောင်ချစ်သူလို့  သတ်မှတ်လားဆိုတဲ့အချက်နဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်မှာ ရှိတဲ့ အကောင်းဆုံးအရည်အသွေးတွေက ဘာလို့ ထင်သလဲဆိုတဲ့အချက်တွေကို စစ်တမ်းအရင်ကောက်ခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းသားတွေကို အဖွဲ့  နှစ်ဖွဲ့ ခွဲပြီး ကိုယ်ရည်ကိုယ်သွေးစစ်ဆေးမှုတစ်ရပ်လည်း ပြုလုပ်ခဲ့ရာမှာ အဖွဲ့ တစ်ဖွဲ့ ချင်းစီမှာ သီးခြားယေဘုယျ အရည်အသွေးတွေ ရှိကြောင်း ထွက်ပေါ်ခဲ့ပါတယ်။

စစ်တမ်းကောက်ခဲ့တဲ့လူဦးရေ ၁၁ ရာခိုင်နှုန်းသာ ရှိတဲ့ ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက် ဥာဏ်ရည်ဥာဏ်သွေးနဲ့ စိတ်ခံစားမှုအပိုင်းမှာ အမှတ်ပိုမိုရရှိခဲ့ပါတယ်။ ကြောင်တွေကို နှစ်သက်တဲ့ လူတွေဟာ အပြင်လောကနဲ့ ပျော်ပျော်နေတတ်မှု နည်းပါးမှု၊ လက်တွေ့ ကျမှု နည်းပါးမှု နဲ့ ခွေးချစ်သူတွေထက် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုလျော့နည်းကြောင်း လည်း တွေ့ ရှိခဲ့ရပါတယ်။ တဖက်မှာတော့ ဒီလေ့လာမှုမှာ ၅၉ ရာခိုင်နှုန်း ပါဝင်ခဲ့တဲ့ ခွေးချစ်သူတွေဟာ  ပိုမိုရင်းနှီးဖော်ရွေမှု၊ အမိန့် နာခံတတ်မှု နဲ့ စိတ်ခံစားမှု လျော့နည်းကြောင်း တွေ့ ရှိခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒီလိုပုံသေကားချပ်တော့မဟုတ်ပါဘူး။ “ အပေါင်းအသင်းကောင်းပြီး ဖော်ရွေတဲ့ ကြောင်ချစ်သူတွေနဲ့  လူ့ ဂွစာ ခွေးချစ်သူတွေလည်း ရှိပါတယ်” လို့  လေ့လာမှုကို လုပ်ဆောင်ခဲ့တဲ့ Carroll တက္ကသိုလ်က ပရော်ဖက်ဆာ Denise Gustello က ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်ကိုယ်တိုင်က ဥပမာပေါ့” လို့ သူက ထပ်ပြောသွားခဲ့ပါသေးတယ်။

ကြောင်တွေဟာ ပုံမှန်အားဖြင့် အိမ်တွင်းမှာပဲ အောင်းနေတတ်ပြီး တခြားလူနဲ့ တိရိစ္ဆာန်တွေကိုလည်း စိုးရိမ်ထိတ်လန့် တတ်ပါတယ်။ ဒါကြောင့် သူတို့ ဟာ သူတို့ ရဲ့ အထီးကျန်အချိန်တွေကို တန်ဖိုးထားပေးတဲ့ လူတွေဆီပဲ ကပ်တတ်ကြပါတယ်။ ခွေးတွေကတော့ အပြင်လောကကို ပိုသဘောကျပြီး ယေဘုယျအားဖြင့် ဆိုရှယ်ကျတဲ့ အကောင်တွေဖြစ်တာကလည်း ခွေးချစ်သူနဲ့ ကြောင်ချစ်သူတွေ ကွာခြားတဲ့ အချက်တွေလို့  ယူဆရပါတယ်။

trend Myanmar

လားရှိုးနှင့် နမ့်ခမ်း တို့တွင် ပေါက်ကွဲခဲ့သည့် ဗုံးများ လက်လုပ်ဗုံး များဖြစ်ကြောင်း ပြည်ထဲရေးပြော


ရန်ကုန်၊ ဇွန် ၂- မေလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် နမ့်ခမ်းမြို့တို့ရှိ ပေါက်ကွဲမှုများနှင့် ပတ်သက်သော တရားခံ များကို ဖော် ထုတ်ဖမ်းဆီးရန် ခက်ခဲမှုများ ရှိနေ သော်လည်း ပေါက်ကွဲသည့် ဗုံးအမျိုး အစားများမှာ လက်လုပ်ဗုံးများဖြစ် သည်ဟု အကြမ်းဖျင်း အတည်ပြု သုံးသပ်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံး သပ်ပြော ကြားသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ''လက်လုပ်ဗုံးလို့ သုံး သပ်ပေမယ့် မေလထဲမှာ ရှမ်းပြည် နယ်မှာဖြစ် တဲ့ ပေါက်ကွဲ မှုနှစ်ခု က သံသယဖြစ်စရာလူဆိုတာ ရှာမရသေး ဘူးဖြစ်နေတယ်။ လက်နက်ကိုင်အ ဖွဲ့တွေထဲကလို့ သုံးသပ်ရမှာပဲ။ ရှမ်း ပြည် နယ် မှာက ပေါက်ကွဲမှုတွေတော့ မကြာခဏဖြစ်နေကြပဲ။ လက်နက်ကိုင် အဖွဲ့တွေကလဲ များတော့ တရားခံ အစရှာရရင်တောင် ဖမ်းဖို့တော်တော် ခက်ခဲတယ်''ဟု သုံးသပ်ပြောဆိုသည်။
explosive-1
လားရှိုးတွင် မေ ၁၈ရက်က ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- မမ(လားရှိုး)
လုံခြုံရေးတာဝန်ရှိသူများ၏ ပြောပြချက်အရ ယင်းလက်လုပ်ဗုံး များမှာ သံစတော်တော်များများပါ ဝင်ပြီး လက်ကိုင်ဖုန်းဖြင့် ထိန်းချုပ် ဖောက်ခွဲနိုင်သည့် ပရိုဂရမ်တစ်ခု လည်းပါဝင်သည်ကို တွေ့ရ ကြောင်း သိရ သည်။ အရှေ့မြောက်ပိုင်းစစ် ဌာနချုပ် မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ''ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအ နေကို ကြည့်မယ်ဆိုရင် ၂၀၁ဝခုနှစ် နောက်ပိုင်းမှာ တိုက်ပွဲ တွေ ဖြစ်လာတာ တွေရှိနေတယ်။ ဒေသတွင်းမှာ လက် နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှား မှုကလဲ များလာတဲ့အတွက် ဗုံးပေါက် ကွဲတာတွေကလဲ မဆန်းဘူးလို့တောင် ဖြစ်နေတယ် ဆိုတော့ ဒီပြည်ထောင် စုလမ်းမတစ်လျှောက် ကူးသန်းရောင်း ဝယ်သွားလာနေကြတဲ့ ပြည်သူတွေ အဖို့ အထူးသတိထားစရာဖြစ်နေ တယ်''ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ် မြောက်ရေး တပ်မတော် (KIA)၊ MNDAA ကိုးကန့်အဖွဲ့ စသည့် အပစ် မရပ်သေးသည့် လက်နက် ကိုင်အဖွဲ့ များအပြင် ရှမ်းပြည် တပ်မတော်တောင် ပိုင်း RCSS ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းစသည့် အပစ်ရပ်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ လည်း ရှိနေပြီး မူဆယ်-မန္တလေး ကားလမ်းအနီးတွင် ဝင်ရောက်လှုပ် ရှားမှုများလည်း ရှိနေသည်။
မေ ၁၆ရက်က လားရှိုးနှင့် မေ ၂၈ရက်က နမ့်ခမ်းတို့တွင် ပေါက်ကွဲ မှုများ နှစ်ကြိမ်ဖြစ်ပွားရာ နမ့်ခမ်းမြို့ နယ် နောင်ခမ်းကျေး ရွာနှင့် ကောင်း ဝိန်းကျေးရွာကြားတွင် ထောင်ထား သောဗုံး ကြောင့် မော်တော် ဆိုင်ကယ် စီးနင်းလာသော မူဆယ်မြို့နယ် နမ် စန့်ကျေးရွာမှ ပြည်သူနှစ်ဦးမှာ တစ် ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KMZ
[--Democracy today Daily Newspaper--]

ဘယ်သူလို့ ထင်လို့တုန်း


ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လူတစ်ယောက်သည် အောက်ပါ အတိုင်းအော်နေသည်။
“လူတစ်ယောက်ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်နေရပြီ။ သူကတော့
အရှက်ကိုမရှိဘူး။ မသိချင်ယောင်ဆောင်ပြီး အုပ်ချုပ်နေတယ်”
ထိုသူ ၅ ကြိမ်ခန့် ဆက်တိုက်အော်ဟစ်နေစဉ် ထောက်လှမ်းရေးများ
လာဖမ်းခေါ်သွားသည်။ စစ်ကြောရေးစခန်းရောက်သော် ထိုသူကို မေးလိုက်သည်။
“မင်းက မြို့တော်ခန်းမရှေ့မှာ ဘာတွေအော်နေတာတုန်း”
“လူတစ်ယောက်ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်နေရပြီလို့ အော်နေတာပါ”
စစ်ဆေးရေးအရာရှိ မျက်လုံးတို့ ကျဉ်းသွားသည်။
“ဆိုစမ်းပါဦး၊ မင်းက ဘယ်သူ့ကို ရည်ရွယ်ပြောနေတာလဲ”
“ဘယ်သူရှိရမလဲ၊ ကင်ဂျုံအန်ပေါ့ဗျ၊ သူ့ကြောင့်
မြောက်ကိုရီးယားနိုင်ငံသားတွေ အ၀ါရောင်ကိတ်တွေပဲ စားနေရတာလေ”
“၀ိုး ဟိုးဟိုး၊ ဂလိုကိုး”
စစ်ဆေးရေးအရာရှိ ပြုံးလိုက်သည်။
“အေးပါကွာ၊ ဒါဆိုလည်း ပြီးတာပါပဲ။ ခင်ဗျား အေးအေးဆေးဆေး ပြန်လို့ရပါပြီ”
ထိုသူသည် အခန်းတံခါးဆွဲဖွင့်ထွက်ခါနီးတွင် စစ်ဆေးရေးအရာရှိကို လှည့်မေးလိုက်သည်။
“တဆိတ်လောက်ဗျာ၊ ကျွန်တော် ဘယ်သူ့ကိုရည်ရွယ်အော်နေတယ်လို့ ဆရာက ထင်နေလို့လဲဟင်”

ရဲစတိုင်း
The Myanma Age

အသိမ်းခံလယ်များမှာ မထွန်ယက်ဖို့ သက်ဆိုင်ရာ တားမြစ်


သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းကျေး ရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ လယ်သမားတွေက ၀င်ရောက်ထွန်ယက်ဖို့ ဒီနေ့ကြိုးစား ရာ မြို့နယ်ရဲမှူးနဲ့ အုပ်ချုပ်ရေးက တားမြစ်ပြီး အဲ့ဒီလယ် ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို ၇ ရက် အတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။

လွန်ခဲတဲ့ ၁၉၈၈ ခုနှစ်က အုတ်ဖိုမြို့နယ် စမ်းကလေး ၊ ပြည်တော်သာ၊ စည်တော်သာ၊ သီတာ၊ ထောက်ကြံ့ ကွင်း၊ အေးမြသာယာစတဲ့ ကျေးရွာ ၁၀ ရွာက လယ်မြေ ဧက ၆ ထောင်ကျော်ကို  ပဲခူးတိုင်းအစိုးရက အေးမြ သာယာ မြို့ပြစီမံကိန်း တည်ဆောက်ဖို့အတွက် သိမ်းယူခဲ့တာဖြစ်ပါတယ်။ အသိမ်းခံရတဲ့ရွာတွေက လယ်မြေတွေမှာ ပြန်လည်ဝင်ရောက်ထွန်ယက်ဖို့ လယ်သမားတွေက ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အေးမြသာယာစံပြကျေးရွာက လယ်သမား ဦးမောင်မြင့်က အခုလို ပြောပါတယ်။

"အုတ်ဖိုမြို့နယ် ရဲမှူး၊ နောက်အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးလည်းပါပါတယ်၊ တစ်ပတ်လောက်စောင့် ပါဦးတဲ့၊ အဖွဲ့အစည်းတွေကို တင်ပြပြီး အစည်းအဝေးလုပ်ပြီးတော့ ပြောဆိုပါမယ်လို့ပြောတယ်၊ သူတို့ကတိပေး တဲ့အတိုင်းပဲ တစ်ပတ်စောင့်လို့ သူတို့ဘက်က ကတိမတည်ရင် ဖမ်းလည်းဖမ်းပေါ့ ထွန်တုန်းတိုက်ပွဲ ဆက်လုပ် ပါမယ်"

အဲ့ဒီမြို့ပြစီမံကိန်းအတွက် အသိမ်းခံရတဲ့အထဲမှာ ထောက်ကြံ့ကွင်းကျေးရွာက လယ်မြေဧက ၂၅၀ ကျော်ပါတယ်လို့ သိရပါတယ်။ ထောက်ကြံ့ကွင်းကျေးရွာက သိမ်းထားတဲ့လယ်မြေဧက ၂၅၀မှာ အခုချိန်ထိ မြို့ပြစီမံကိန်းအတွက် အကောင်အထည်ဖော် လုပ်ဆောင်တာမရှိဘဲ တချို့ကို ပြန်လည်ရောင်းချထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

ဆဋ္ဌမမြောက်သက်ရှိမျိုးစိတ်များ ပျက်သုဉ်းမှုဘေးနှင့်ကမ္ဘာကြီး ရင်ဆိုင်ရဖွယ်


နယူးယောက်၊ ဇွန်-၂

ယခုခေတ်ကာလ ရုက္ခနှင့် သက်ရှိမျိုးစိတ်များ ဆုံးရှုံးပျောက်ကွယ်
မှုနှုန်းသည်လူသားများ မရှိသေးမီကာလကထက်အဆပေါင်း
၁၀၀၀ ကျော် ပိုမိုမြန်ဆန်လျက်ရှိရာ ကမ္ဘာဂြိုဟ်အနေဖြင့် ဆဋ္ဌမ
မြောက် မဟာမျိုးသုဉ်းပျောက်ကွယ်မှုဘေးနှင့်ရင်ဆိုင်ရနိုင်
ကြောင်း လေ့လာချက် တစ်ရပ်အကိုးအကားပြု၍ ဇွန် ၁ ရက်
သတင်းများ၌ ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်
အခြေစိုက်ဒေါက်ခ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏
အဆိုအရ လူသားများ မဖြစ်တည်မီကာလက နှစ်စဉ်နှစ်တိုင်း
ရုက္ခနှင့် သက်ရှိမျိုးစိတ် တစ်သန်းလျှင်တစ်မျိုး ပျောက်ကွယ်
ခဲ့ရသော်လည်း ယနေ့ခေတ်တွင်မူ နှစ်စဉ်နှစ်တိုင်း မျိုးစိတ် ၁၀၀
မှ ၁၀၀၀ အကြားပျောက်ကွယ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရသက်ရှိမျိုးစိတ်များ မျိုးသုဉ်းပျောက်
ကွယ်မှုနှုန်းထား မြင့်တက်လာရခြင်း၏ အဓိကအကြောင်းတရား
တစ်ရပ်မှာ သက်ရှိမျိုးစိတ်များအတွက် စားကျက်နေရာများပျောက် ကွယ်လာရမှုကြောင့် ဖြစ်ကြောင်းသုတေသနပညာရှင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မျိုးစိတ်များ အစုအပြုံလိုက် ပျောက်ကွယ်မှုကြောင့် ကမ္ဘာဂြိုဟ်ပေါ်၌
သက်ရှိအများစု ဆိတ်သုဉ်းခဲ့ရသည့် ဖြစ်စဉ်ပေါင်းအနည်းဆုံး ငါးကြိမ်အထိ ဖြစ်ပွားခဲ့ဖူးသည်။အနီးစပ်ဆုံးဖြစ်စဉ်မှာ လွန်ခဲ့သော
နှစ်ပေါင်း၆၆ သန်းခန့်က ပေါ်ပေါက်ခဲ့ပြီး ထိုစဉ်ကာလက ဒိုင်နိုဆောသတ္တ၀ါများနှင့် အခြားသက်ရှိများ ပျောက်ကွယ်ခဲ့ရသည်။

ကမ္ဘာဂြိုဟ် သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးသက်ရှိများ မျိုးသုဉ်း
ပျောက်ကွယ်မှုမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၂သန်းတွင်ပေါ်ပေါက်ခဲ့ပြီး ထိုစဉ်ကာလအတွင်း မီသိန်းဓာတ်ငွေ့ထုတ် အဏုဇီဝပိုးများကြောင့် ကမ္ဘာ့သက်ရှိ ရာခိုင်နှုန်း ၉၀ပျောက်ကွယ်ခဲ့ရကြောင်း သိပ္ပံပညာရှင်
များက ယူဆထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မှတ်ဉာဏ်ကောင်းစေတဲ့ ဆေးဝါးများက ကလေးငယ်များရဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်


ကလေးငယ်တွေ စာမေးပွဲနီးလာချိန်မှာ မိဘများ တိုက်ကျွေးလေ့ရှိတဲ့ မှတ်ဉာဏ်ကောင်းစေတဲ့   ဆေးဝါး (memory boosting pills)  တွေဟာ ကလေးငယ်ကို နိုးနိုးကြားကြားရှိစေပြီး မှတ်ဉာဏ်ကောင်းစေတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ အဲဒီဆေးဝါးတွေဟာ ကလေးငယ်ရဲ့  ဦးနှောက်ကို အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကိုလည်း   သုတေသနပညာရှင်က ထောက်ပြထားပါတယ် ။
ကလေးငယ်တွေဟာ ပြိုင်ဆိုင်မှုများတဲ့ ပညာရေးဝန်းကျင်မှာ သင်ကြားနေရတဲ့အတွက် အဆိုပါ ဆေးဝါးများကို မိဘများကို ၀ယ်တိုက်ခိုင်းမှု များ မြင့်တက်လာသလို   မိဘများ ကိုယ်တိုင်ကလည်း တိုက်ကျွေးမှုများ ပြားလာနေကြောင်း  လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Drexel University  ဆေးတက္ကသိုလ်မှ Dr. Wen- Jun Gao ကပြောကြားထားပါတယ်။ အဆိုပါဆေးဝါးတွေဟာ  ခဏတာမှတ် ဉာဏ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေး နိုင်တယ်လို့ ထင်ရပေမယ့် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေဖြစ်တဲ့ အစီအစဉ်ဆွဲခြင်း အမူအကျင့်များကို ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို ပျက်စီးစေတယ်လို့ ယခုသုတေသနမှာ ဖော်ပြ ထားပါတယ်။
ယခုလေ့လာမှုမှာပါဝင်တဲ့ ဆေးဝါးတွေရဲ့ အမည်ကတော့ Methylph enidate  နဲ့ Modafinil  ဖြစ်ပြီး ကလေးငယ်များကြား  ရေပန်းစားတဲ့ Smart drugs  လို့ လူသိများပါတယ်။ အဆိုပါဆေးတွေဟာ ဦးနှောက်က ဒိုပါမင်းပမာဏကို  မြင့်တက်စေတဲ့ အတွက် ကာလတိုမှတ်ဉာဏ်ကိုမြင့် တက်စေတာ ဖြစ်ပါတယ်။
ယခုလေ့လာမှုကို Jouranl of Frontiers in Systems Neurascience မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး
Ref: IANS


Health Updates Journal

ကျောင်းသား ကျောင်းသူ များအတွက် ဟိုတယ်အဆင့် ရှိ အဆောင်များကို လှိုင်တက္ကသိုလ်နယ်မြေတွင် ဆောက်လုပ်မည်


ရန်ကုန်၊ ဇွန် ၂- တက္ကသိုလ်များ လှိုင်နယ်မြေတွင် ကျောင်းသားကျောင်း သူများနေထိုင်ရေး အဆင်ပြေစေရန် အတွက် ဟိုတယ်အဆင့်ရှိအဆောင် များကို ဆောက်လုပ်ပေးတော့မည် ဖြစ် ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် လှိုင်တက္ကသိုလ်နယ်မြေ တွင် စတင်ဆောက်လုပ်မည့် အ ဆောင်များကို နိုင်ငံတကာ အဆင့်မီ အဆောင်များ အဖြစ်ဆောက် လုပ်ပေး မည်ဖြစ်ပြီး ယင်း အဆောင်များတွင် ဓာတ်လှေကား၊ ကားပါကင်၊ အဆင့်မြင့် ပရိဘောဂများဖြင့် အထပ်မြင့် အ ဆောက်အအုံများ ဆောက်လုပ်ပေး သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက် မြန်မာပြည်)မှ သိရသည်။

''ပညာရေးဝန်ကြီး လာပြီးကြည့် သွားတယ်။ ကျောင်းသားတွေအ တွက် နေထိုင်ရေး၊ သွားရေးလာရေး အဆင်ပြေအောင် ဟိုတယ်လိုအဆောင် တွေ ဆောက်ပေးမယ်။ ချောင်ချောင် ချိချိနေလို့ ရအောင်ပါ။ ဆရာတို့အခု စတင်အကောင် အထည်ဖော်နေပြီ'' ဟုအဆင့်မြင့်ပညာဦးစီးဌာန(အောက် မြန်မာပြည်)မှ ညွှန်ကြားရေးမှူးတစ် ဦးကပြောသည်။
ပညာရေးဝန်ကြီးဌာန၏ ညွှန် ကြားမှုဖြင့်တက္ကသိုလ်များ လှိုင်နယ် မြေတွင် ကျောင်းသား ၄ဝဝဆံ့နှင့် ကျောင်းသူ ၄ဝဝဆံ့ အဆောင်တစ် ခုစီ၊ ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၂ လုံး၊ စာစစ်ဌာန ဝန်ထမ်းများ နေထိုင်ရန် အထပ်မြင့်အိမ်ရာများကို စတင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရ သည်။
''အခုဆောက်လုပ်မယ့်အထဲ မှာ ဆရာတွေအတွက်လဲ ပါတယ်။ စာသင်ဆောင်က စာသင်ဆောင် သပ် သပ်၊ ကျောင်းသားနေတဲ့ အဆောင် က သပ်သပ်။ ဆရာတွေအတွက်ဆို ရင် အိမ်ရာသီး သန့်တွေ ဆောက် ပေးမှာပါ။ အခုဆိုရင် ဆရာတွေထား တဲ့အဆောင်တွေကို ကျောင်းသား သီးသန့်ထားဖို့တွေ လုပ်ပြီးပြီ''ဟု ယင်းညွှန်ကြားရေးမှူးက ထပ်မံပြော သည်။
လက်ရှိ အခြေအနေအရကျောင်း သားအဆောင်များကို စာသင်ဆောင် များအဖြစ် ပြုလုပ်ထားခြင်းများကို လည်း နောင် တစ်ချိန်တွင် ကျောင်း သားများ ပြန်လည်နေထိုင်နိုင်ရန် အတွက် ပညာရေးဝန်ကြီး ဌာနက ညွန့်ကြားထားပြီဖြစ်ကြောင်းလည်း သိရသည်။
''ပညာရေးဝန်ကြီးကျောင်းတွေ ကို လာကြည့်သွားတုန်းက စာစစ် ဆိုရင်စာစစ်နေရာကို သေချာဆောက် ပေးပါ့မယ်။ ကျောင်းသားနေခဲ့တဲ့ နေရာတွေကို ပြန်နေလို့ရအောင် ဆောင်ရွက်ပေး ပါ့မယ် ဆိုပြီးပြောသွားခဲ့တယ်။ မိန်းကလေး ဆောင်တစ်ခုဖြစ်တဲ့ မာလာဆောင်ကိုလည်း ပြန်ရအောင်တင်ပြပေးသွားပါ့မယ်'' ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါ မောက္ခချုပ် ဒေါက်တာခင်နိုင်ဦး က ပြောသည်။ ကျောင်းသားများ ပညာသင် ယူ ရာ တွင် ကျောင်း ပတ်ဝန်းကျင် ကောင်းများရရှိရန်မှာလည်း တစ်ခု အပါအဝင်ဖြစ်ပြီး အဆိုပါ ပတ်ဝန်း ကျင်ကောင်းများထဲမှာ ယခုဆောက် လုပ်မည့် အဆောင်များကိုအနိမ့်ဆုံး အာဆီယံအဆင့်မီစေရန် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဆောက် လုပ်မည့် ခေတ်မီ အဆောက်အအုံများကိုလည်း ဆောက်လုပ်ရေး ကုမ္ပဏီ များ ထံ တင် ဒါများ ခေါ်ယူကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

လှိုင်တက္ကသိုလ်နယ်မြေ အတွင်း ဇွန် ၂ ရက်နေ့က ကျောင်းသားများ သွားလာနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)
ယင်းနှင့်ပတ်သက်ပြီး ရန်ကုန် တက္ကသိုလ်တွင် အင်္ဂလိပ်စာမေဂျာဖြင့် ပဲခူးတိုင်းမှ လာရောက် ကျောင်းတက် သူ ကျောင်းသူ တစ်ဦးက''အခုလို အဆင့်မြင့်မြင့် နေရရင်တော့တာ ဝန်ရှိသူ တွေကို ကျေးဇူးတင်ရမှာပါ။ တက္ကသိုလ်ရဲ့ အငွေ့အသက်မှာ အဆောင်ဆို တာအခရာအကျဆုံးပါ။ အခုကျောင်းသားနည်းနေသေးတော့ သိပ်မသိသာသေးဘူး။ ကျောင်း သားတွေများ လာရင် ရန်ကုန် တက္က သိုလ်ရဲ့ အရင်အချိန်တွေပြန်ရလာ မယ်လို့ထင်တယ်''ဟုဆိုသည်။
 အဆင့်မြင့် ပညာဦးစီးဌာနမှ တာဝန်ယူတည်ဆောက်မည့် အဆို ပါ အဆောင်အသစ်များကို ယခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ဆောက် လုပ်သွားမည်ဖြစ်ကြောင်း လက်ရှိ တက္ကသိုလ်များ တွင်ပထမနှစ်တက် ရောက်သင်ကြားနေသည့်ကျောင်း သား၊ကျောင်းသူများသည် ဒုတိယ နှစ်တက်ရောက်ပါက ယင်းအဆောင် အသစ်များတွင် နေထိုင်ခွင့်ရရှိတော့ မည်ဖြစ်ကာ အသစ်ဝင်လာမည့် ပထမနှစ် ကျောင်းသားများသည်လည်း ယခင်ပထမနှစ်ကျောင်းသားများ တက်ရောက်ခဲ့သည့် အဆောင်နေရာ များတွင် နေထိုင်ခွင့်ရရှိ မည်ဖြစ် ကြောင်း သိရသည်။
''လက်ရှိအဆောင်တွေက ပထမနှစ်တက်နေတဲ့ ကျောင်းသား တွေအတွက်ထားတာဖြစ်လို့သူတို့ ဒုတိယနှစ်တက်ရင် ထားနိုင်အောင် လို့ခုလိုစီစဉ်ပေးရတာပါ။ ပထမနှစ် တွေဝင် လာရင် ဒုတိယနှစ်တက် မယ့် ကျောင်းသားတွေက နေစရာ မရှိတော့ဘူးလေ။ အခုလောလော ဆယ် နိုင်သလောက် ပထမနှစ်နဲ့ ဒုတိယနှစ်ပဲထားမှာ။ နောက်ဆို ရင် လေးနှ စ်စာ အတွက် ထားနိုင် အောင် လုပ်ပေးသွားမှာပါ။ အဆောင်လခ တွေက တစ်လငါးထောင်နှုန်းပါပဲ'' ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးက ပြောသည်။
 လက်ရှိအကောင်အထည် ဖော်မည့်အဆိုပါ တက္ကသိုလ်ဆောင် များတွင် ကျောင်းသားများကို လက်ခံ ရာတွင် ရန်ကုန်မြို့တော် စည်ပင် သာယာနယ်နိမိတ်ပြင်ပမှ ပထမနှစ် ကျောင်း သားများ ကို ဦးစားပေး လက်ခံသွားမည်ဖြစ်ပြီး နေထိုင်ကြ မည့် ကျောင်း သားကျောင်း သူများ အနေဖြင့်လည်း အဆောင်စည်း ကမ်းသတ်မှတ်ချက်များနှင့်လိုက်နာ ရမည်ဖြစ်ကြောင်း သိရသည်။
''အဆောင်မှာနေတဲ့သူဆိုရင် အဆောင်နေစည်းကမ်းတွေကို လိုက်နာမှဖြစ်မယ်။ မူးယစ်သောက် စားတာတွေ၊ ဥပဒေနဲ့ မလွတ်ကင်း တာတွေကို လက်ခံမှာမဟုတ်ပါဘူး။ မူးရမ်းတာ မျိုးတွေဆို လည်း ထုတ်ပစ် မှာပါ''ဟု ညွှန်ကြားရေးမှူးကပြော သည်။
၂၀၁၃-၁၄ပညာသင်နှစ် တွင် ပထမနှစ် ကျောင်းသား ကျောင်းသူ များကို စည်ပင်သာယာနယ်နိမိတ် ပြင်ပမှ ရန်ကုန်မြို့တွင် တက်ရောက် သင်ကြားနေသောကျောင်းသားများ ကို အဓိက ဦးစားပေးရွေး ချယ်သွား မည်ဖြစ်ပြီး၊ အဆောင်လုံလောက်မှု မရှိပါက တက္ကသိုလ်ဝင်တန်းအမှတ် စုစုပေါင်းအနည်းအများပေါ်မူတည် ၍ ရွေးချယ်သွားမည်ဖြစ်သည်။
ယခုဖွင့်လှစ်မည့် အဆောင်များ တွင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ဖြစ် ရမည်ဟု သတ်မှတ်ထားသော် လည်း ရန်ကုန်မြို့တော် စည်ပင်သာ ယာနယ်နိမိတ်အတွင်းမှ မိမိ တက် ရောက်နေ သည့် တက္ကသိုလ်များကို သွားလာရာတွင် ခက်ခဲသည့်ကျောင်း သား၊ ကျောင်းသူများကိုလည်းဒုတိယ ဦးစားပေး အနေဖြင့် ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်ရှိသော တက္ကသိုလ် များအသီးသီးတွင် တက်ရောက်နေ ကြသည့်ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မကြာမီဖွင့်လှစ်မည့် ယင်းအဆောင်များတွင် နေထိုင်ခွင့် ရရှိနိုင်ရန် အတွက် တက္ကသိုလ်များ ကျောင်းဖွင့်ချိန်တွင် တစ်ပါ တည်း လျှောက် ထားနိုင်ကြောင်း သိရ သည်။
ATK
[--Democracy today Daily Newspaper--]

အွန်လိုင်းမှတစ်ဆင့် ကိုယ်ပိုင်ဈေးလိုင်စင်အသစ် လျှောက်ထားနိုင်



အွန်လိုင်းမှတစ်ဆင့် ကိုယ်ပိုင်ဈေးလိုင်စင်အသစ် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။


လျှောက်ထားရာတွင် လုပ်ငန်းရှင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ၊ ကိုယ်ပိုင်ဈေးအမည် စသည့်အထောက်အထားများအား ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။


ကိုယ်ပိုင်ဈေးအကျယ်အဝန်း၊ အထပ်အရေအတွက်၊ ကိုယ်ပိုင်ဈေးရင်းနှီးမြှုပ်နှံမှုပမာဏ၊ လုပ်ငန်းရှင်၏ လိုင်စင်ဓာတ်ပုံသုံးပုံတို့လည်း လိုအပ်မည်ဖြစ်သည်။ အွန်လိုင်းမှလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အနီးဆုံးပတ်ဝန်းကျင် ဆယ်ဦးထောက်ခံချက်၊ မြို့နယ် (မီးသတ်၊ လျှပ်စစ်၊ စည်ပင်၊ ကျန်းမာရေး) ထောက်ခံချက်၊ လုပ်ငန်းတည်နေရာ (လိပ်စာ) နှင့် ပိုင်ဆိုင်မှုအထောက်အထားတို့လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။


အခြားအထောက်အထားများ လိုအပ်ပါက ထပ်မံတင်ပြရမည်ဖြစ်ကြောင်း သိရသည်။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံမည်ဖြစ်ကြောင်း သိရသည်။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက နှစ်ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။  www.ycdc.com.mm ဝက်ဘ်ဆိုက်လိပ်စာမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်း
Internet Journal


တရားမ၀င်၊ အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းဝယ် ဖောက်ကားမှု ပိုမိုဆိုးဝါးလာ



တရားမ၀င် တင်သွင်းလာသော အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို ဈေးကွက် အတွင်း ရောင်းဝယ် ဖောက်ကားမှုများ ပိုမို ဆိုးဝါးလာသည့် အတွက် အရေးယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် အရက်၊ ဘီယာ၊ စီးကရက် များကို နိုင်ငံတွင်း တရားဝင် တင်သွင်းခွင့် မရှိဘဲ ရောင်းဝယ်ခွန် ဆောင်ကာ ရောင်းချနေခြင်းကြောင့် ပို့ကုန်၊ သွင်းကုန် ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက The Messenger သတင်းစာသို့ ပြောသည်။
““ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းအတွက် လျှော့ပေးတာကို အခွင့်ကောင်း ယူပြီး သွင်းလာတာ များတယ်””ဟု ၎င်းက ပြောသည်။
ယခုအခါ တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက် အမြောက်အများသည် ပြင်ပ မှ ပြည်တွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက်လျက် ရှိပြီး၊ ယင်းပစ္စည်း များသည် ကြီးကြပ် ကန့်သတ်မှုဖြင့် ပြည်တွင်း၌ တရားဝင် ထုတ် လုပ်၍ အခွန်ပေးဆောင် နေသော လုပ်ငန်းများကို နစ်နာစေကြောင်း၊ ယင်းပစ္စည်းများကို ရောင်းဝယ် ဖောက်ကားခြင်းသည် ဥပဒေကို ဖောက်ဖျက် နေခြင်းအတွက် ရပ်တန့်ကြရန် သတိပေး နှိုးဆော် ထားသည်။
တရားမ၀င် တင်သွင်းသော အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းဝယ်ခြင်း၊ တင်သွင်းခြင်း များပြုလုပ်ပါက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်း ထားသော ပို့ကုန်၊ သွင်းကုန် ဥပဒေအရ ပြစ်မှုကျူးလွန်သူကို ဒဏ်ငွေ ချမှတ်ခြင်း၊ အမြင့်ဆုံး အနေဖြင့် ထောင်ဒဏ် သုံးနှစ်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံး ချမှတ် နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ယင်းအပြင် စစ်ဆေး အရေးယူရာတွင် သတင်းပေးပို့သူ ပြည်သူများကိုပါ ဆုငွေပေး အပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

messenger news journal

ဆေးရုံနှင့် ကျောင်းများ၌ Telecenter ပေါင်း ၅ ထောင်ခန့် Ooredoo တည်ဆောက်ပေးမည်


ဆေးရုံနှင့် ကျောင်းများ၌ Telecenter ပေါင်း ၅ ထောင်ခန့်ကို တည်ဆောက်ပေးသွားမည်ဟု Ooredoo Myanmar ၏ CEO ဖြစ်သူ Ross Cormack က ပြောသည်။

အင်တာနက် အသုံးပြုဖူးသူများအတွက် အင်တာနက်စနစ်နှင့် ထိတွေ့အသုံးချနိုင်ရန် Ooredoo က Telecenter များကို တည်ဆောက်ပေးခြင်းဖြစ်သည်။ စီမံကိန်းအရ ၅ နှစ်အတွင်း Center ပေါင်း ၅ ထောင် တည်ဆောက်ပြီးစီးမည်ဖြစ်သော်လည်း ယခုနှစ်ကုန်၌ Center ပေါင်း ၁၀၀ ကို စတင်အသုံးပြုနိုင်မည်ဟု သိရသည်။

Telecenter တည်ဆောက်မည့် တည်နေရာများနှင့် Telecenter ၏ အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အဆိုပါ Telecenter များသည် ပြည်သူလူထုအတွက်၏ အိုင်စီတီအသုံးပြုမှု၌ အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု Ooredoo က ကြေညာခဲ့သည်။

Ooredoo သည် မြန်မာအစိုးရထံသို့ လိုင်စင်စတင်လျှောက်ထားစဉ်က Telecenter တည်ဆောက်ပေးရန် ကတိပြုခဲ့ပြီး ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သည့် Telenor သည် အင်တာနက်စနစ်ပါဝင်သည့် Community Center ပေါင်း ၂၀၀ ခန့် တည်ဆောက်ပေးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။



မြင့်ကျော်လှိုင်

Internet Journal

စူပါ ပါးလွှာမူနဲ့ ဂိမ်းမင့် လပ်တော့ ASUS' GX500


လပ်တော့ တစ်လုံးဟာ စမတ်ဖုန်းတစ်လုံးထက် ပိုပြီး ပါးလွှာနေတာဟာ ထူးဆန်းမူတစ်ခုမဟုတ်ပါလား။ ဒီ ASUS' GX500 လပ်တော့လေးကတော့ ထူးထူးခြားခြားပါပဲ ။ ကမ္ဘာ့ အပါးလွှာဆုံးလို့ အသိအမှတ် ပြုခံထားရတဲ့ Hauwei ရဲ့ စမတ်ဖုန်း P7 ဟာ ၆.၅ မီလီမီတာ ရှိပါတယ်။. ထို ASUS' GX500 ဂိမ်းမင့် လပ်တော့မှာ ဆိုရင်တော့ ၁၉ မီလီမီတာပဲ ရှိတာကို တွေ့ရပါတယ်။ မျက်နှာပြင်အကျယ် ၁၅ လက်မကျော်၊ အလေးချိန်ကလည်း ၂.၂ ကီလိုသာသာ ရှိတာကို တွေ့ရပါတယ်။ i 7 processor နဲ့ထုတ်ပိုးထားပြီး နောက်ဆုံးထွက် အကြည်လင်ဆုံး ရုပ်ထွက်တစ်ခုဖြစ်တဲ့ 4K ရုပ်ထွက်ကို ရရှိမှာပါ။ ဂိမ်းဆော့ ဖို့အတွက် ရုပ်ထွက်အတွက် အရမ်းမိုက်တဲ့ NVIDIA GeForce GTX 860M graphics ကိုထည့်ပေးထားပါတယ်။.

ဈေးနှုန်းနဲ့ ဘယ်တော့ ရရှိလာမယ်ဆိုတာကျုတော့ အတိအကျမသိနိင်သေးပဲ ။ မကြာခင်မှာတော့ ရောက်ရိလာတော့မှာ ဖြစ်ပါတယ်။

Aung Heine ...
Smart Pro Journal

အစိုးရ၏ စစ်တပ်က ထိုးစစ်ကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေရသည်ဟု TNLA ဆို


ဖနိဒါ

ချင်းမိုင်၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ်ခမ်းမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့
ဇွန်လ ၃ရက် နံနက် ၈ နာရီ ၄၀ မိနစ်မှ ၉ နာရီ ၁၅ မိနစ်အထိ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“တိုက်ပွဲက နာရီဝက်လောက်ကြာသွားပြီ ပြင်းထန်မယ့် အခြေအနေရှိတယ်။ အဲဒီအနားတဝိုက်မှာက နမ့်စိမ့်ဘက်မှာ ကျွန်တော်တို့ တပ်တွေ နယ်မြေစိုးမိုးရေး
လှုပ်ရှားသွားလာတာ ရှိတယ်။ အဲမှာ တပ်မ ၈၈က ထိုးစစ်ဆင်လာတော့ တိုက်ပွဲဖြစ်တပဘဲ”ဟု မိုင်းအိုက်ကျော်က ပြောသည်။

နမ့်ခမ်းမြို့နယ် နမ့်စိမ့်ကျေးရွာနှင့် စံကားကျေးရွာအကြား TNLA၏ တပ်ရင်း ၄၇၈ တပ်ဖွဲ့များ လှုပ်ရှားနေသော နေရာသို့ အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များလှုပ်ရှားလာသဖြင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မိုင်းအိုက်ကျော်က ဆိုသည်။

မေလ ၂ ရက်ကလည်း ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာအနီး ညနေ ၄ နာရီခွဲမှ ၅ နာရီချိန်အထိ တစ်ကြိမ်၊ ညပိုင်း ၉ နာရီတွင် တစ်ကြိမ် TNLA တပ်ရင်း ၅၂၇ နှင့် အစိုးရ၏ တပ်မ ၇၇ တပ်ဖွဲ့တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်၍ တအာန်းတပ်ဖွဲ့များ လှုပ်ရှားနေသော နယ်မြေများအတွင်း အစိုးရ၏ စစ်တပ် တပ်ရင်း အမြောက်အများ ဝင်ရောက် လှုပ်ရှားလာသဖြင့် တိုက်ပွဲများ ယနေ့အထိ နေ့စဉ်ဆိုသလို ဖြစ်ပွားနေရခြင်းသည်ဟု မိုင်းအိုက်ကျော်က ပြောသည်။

“ထိုးစစ်ဆင်တာက ကြာပြီး မတ်လမှာ တပ်မ ၇၇ ဝင်လာတယ်။ သင်္ကြန်ပြီးနောက်ပိုင်း ဧပြီမှာ တပ်မ ၈၈ ထပ်တက် လာတယ်။ ကျွန်တော်တို့ လှုပ်ရှားနယ်မှာပဲ အခုနောက်ပိုင်း အစိုးရစစ်တပ် တပ်ရင်းပေါင်းက ၆၀ လောက်ရှိတယ်။ တပ်ရင်းများလာတဲ့အတွက် နည်းနည်း လှုပ်ရှားမှု ပြုလိုက်တာနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်တော့တာပဲ”ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ နည်းပညာအထောက်အကူပြုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ကချင်ပြည်နယ် မှာတော့ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ဖွဲ့ပြီးတော့ အဲမှာတော့ တော်တော်လေး လျှော့သွားတဲ့သဘော ဖြစ်မှာပေါ့။ ဒါပေမဲ့ အရှေ့မြောက်မှာက တအာန်းတိုက်ပွဲတွေတော့ ရှိနိုင်မယ်
ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တအာန်းနဲ့အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတာ တစ်ကြိမ်ပဲ ရှိပြီးတော့ နောက်ထပ် ထပ်ဆွေးနွေးထားတာ မရှိဘူး ဖြစ်နေတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးဆွေးနွေးထားတာ မရှိဘူး။ သူတို့ကို အခြေခံဖို့ သတ်မှတ်ထားတာ မရှိဘူးဆိုရင်တော့ တစ်နေရာမဟုတ် တစ်နေရာတော့ ရှိကောင်းရှိမှာပေါ့"ဟု ပြောသည်။

TNLA သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဇူလိုင်လ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့ပေ။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆောက်ရွက်ရန် ကမ်းလှမ်းခံထားရသော အဖွဲ့ဖြစ်သည်။

TNLA သည် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၏ လက်အောက်ခံတပ်ဖြစ်ပြီး PSLFကို ၂၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ လက်အောက်ခံတပ် TNLA ကို ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ TNLAသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆမ်၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်များတွင် အခြေချ လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

Mizzima Burmese

ရန်ကုန်-နေပြည်တော် အမြန်လမ်းစစ်ဆေးယာဉ်အား လေးခွဖြင့်ပစ်သူ အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဇွန် ၂

မေ ၂၉ ရက် နံနက် ၄ နာရီ မိနစ်၂၀ ခန့်က အင်းစိန်မြို့နယ် သစ်တောအုပ်သည် ရန်ကုန်နေပြည်တော် အမြန်လမ်း တစ်လျှောက် နယ်မြေစစ်ဆေးခြင်းကို ဌာနပိုင်ဆာဖ့်နက်ပြာရောင်ယာဉ်ဖြင့် လိုက်လံစစ်ဆေးခဲ့စဉ် မိုင်တိုင်အမှတ် (၀/၃) အနီးရှိ တိုးဂိတ်တွင် နေပြည်တော်မှရန်ကုန်သို့ မောင်းနှင်လာသည့် တိုယိုတာကိုရိုလာယာဉ်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် လိုက်လံစစ်ဆေး ခဲ့သည်။

အမှတ် ၃ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတွင် ဟယ်ရီယာယာဉ် ကို ကျော်တက်မောင်းနှင်စဉ် ၎င်းယာဉ်တွင်း မှ လေးခွဖြင့်ပစ်သဖြင့် ဆာ့ဖ်ယာဉ်ရှေ့တံခါးမှန်ကွဲကာ ယာဉ်ရှေ့ခန်းတွင် ထိုင်နေသည့် တောအုပ်၏ ဘယ်ဘက် နားထင် ထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ)၁၅၄/၁၄ ပြစ်မှုပုဒ်မ ၃၅၃/၃၃၇/၄၂၇/၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar

တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများကို ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် မရေးထိုးရန် မှာကြားထား


တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစု ၀င်များကို ပုဒ်မ၄၃၆ ပြင်ဆင်ရေး အတွက် လက်မှတ်ထိုးမှုများ မပြုလုပ်ကြရန် မှာကြားထားကြောင်း တပ်မတော် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

           ယင်းကဲ့သို့ တားမြစ်ရာ၌ သက်ဆိုင်ရာ တပ်ရင်းအလိုက် တပ်ရင်းတစ်ခုလုံးကို အစည်း ဝေးခေါ်ယူ၍ သတိပေး ခဲ့ခြင်းဖြစ်ပြီး၊ အကယ်၍ မလိုက်နာပါက ပြင်းထန်သော ပြစ်ဒဏ်ချ မှတ်သွားမည်ဟု ပြောကြားထားကြောင်း တပ်မတော်သား အချို့နှင့် ၎င်းတို့၏ မိသားစုများထံ မှ သိရသည်။

            ““ပုံမှန်အစည်းဝေး လုပ်တဲ့အချိန်မှာ ပုဒ်မ ၄၃၆ ကို လက်မှတ်မထိုးကြဖို့၊ လာထိုးခိုင်းရင်လည်း မထိုးဖို့ ပြောတယ်။ သူတို့ ပြောချင်တာ ကတော့ နိုင်ငံတော် လစာငွေကို စားနေကြတဲ့  အတွက် ဒီလိုတွေ မလုပ်ဖို့ ပြော တာပါ””ဟု နေပြည်တော် တိုင်းဒေသကြီး စစ်ဌာနချုပ် လက်အောက်ရှိ လက်နက်ပြင် တပ်ရင်းတစ်ခုမှ တပ်ကြပ်တစ်ဦး၏ ဇနီးက ပြောသည်။

            ထို့အပြင် တပ်မတော်သား များ၏ မိသားစုဝင်များ အနေဖြင့်လည်း တပ်ရင်း အတွင်း နေထိုင်သည် ဖြစ်စေ ပြင်ပတွင် နေထိုင်သည်ဖြစ်စေ လက်မှတ် မရေးထိုးရန် အတွက်လည်း မှာကြားထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

            ““အရင်တည်းက နိုင်ငံရေးနဲ့ ပတ်သတ်ရင် ခပ်ကင်းကင်းနေဖို့ မှာထားတာ၊ ခုဒီလို ပြောတာ သိပ်တော့ အဆန်း မဟုတ်တော့ဘူး”” ရန်ကုန်တိုင်း ဒေသကြီး စစ်ဌာနချုပ် လက်အောက်မှ အမည် မဖော်လိုသည့် တပ်မတော်သား တစ်ဦးက ပြောသည်။

            အဆိုပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လက်မှတ်ရေးထိုးမှုကို NLD ပါတီမှ ဦးဆောင် ကောက်ယူနေခြင်း ဖြစ်ပြီး၊ မည်သူမဆို လက်မှတ် ရေးထိုးနိုင်ရန် အတွက် မြို့နယ် အသီးသီးရှိ NLD ရုံးများတွင် လက်မှတ်ထိုး ကောင်တာများ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် အဆိုပါ လက်မှတ်ရေးထိုးမှုများသည် ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်ခြင်းဖြစ်သော ကြောင့် တပ်မတော်သားများ အပါဝင် အစိုးရ ၀န်ထမ်းများ၊ ပြည်သူများကို ဖိအားပေး ခြိမ်း ခြောက်မှုများ ရှိလာပါက တရားဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားခဲ့သည်။

            ““ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ ပြောမထားဘူး။ ပါတီ နိုင်ငံရေးတွေ မလုပ်ဖို့၊ နိုင်ငံရေး ပါတီတွေနဲ့ မပတ်သက်ဖို့ လောက်ပဲ ပြောထားတယ်”” ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တပ်မတော်မှ ဗိုလ်မှူးကြီး အဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

            ပုဒ်မ ၄၃၆ ကို ပြင်ဆင်းရန် အတွက် ပြည်သူများ၏ သဘောထား လက်မှတ်ကို ကောက်ခံရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အရေးကြီး အချက် အချို့တို့ကို ပြင်ဆင်လိုလျှင် ပြည်သူလူထုက ရွေးချယ်တင် မြှောက်ထားသော ကိုယ်စားလှယ် များ၏ ဆန္ဒဖြင့် ပြင်ဆင်မရသည့် အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထား မှတ်ချက် ပါမှသာ ပြင်ဆင်နိုင်မည်ဟု ယင်းပုဒ်မ ၄၃၆ က ပြဋ္ဌာန်းထား သောကြောင့် အဆိုပါ ဥပဒေကို ဦးစွာ ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။

            အဆိုပါ ပုဒ်မ ၄၃၆ လက်မှတ် ရေးထိုးမှု များကို မေလ(၂၇)ရက်နေ့ မှယခုလ (၁၉)ရက် နေ့အထိ တစ်နိုင်ငံလုံးတွင် ပြုလုပ် သွားမည် ဖြစ်ပြီး၊ ရရှိသော အချက်လက်များကို လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်သည်။ အဆိုပါ လက်မှတ် ရေးထိုးမှုကို တပ်မတော်သားများ အပါအ၀င် အစိုးရ အဖွဲ့ကလည်း ပါဝင် လက်မှတ် ရေးထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ထားသည်။

The Messenger News Daily

ကောက်ရ ဆင်းကဒ်အလွတ်ကို ရဲစခန်းသို့ လာရောက်အပ်နှံသည့် အသက်မပြည့်သူအား ရဲများက ဖမ်းဆီးချုပ် နှောင်ကာ ရိုက်နှက်ထား ဟု ဆို


သို့
ပြည်နယ်ရဲတပ်ဖွဲ့မှူး
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
စစ်တွေမြို့


ရက်စွဲ - ၂၀၁၄ ခုနှစ် ဇွန်လ (၃) ရက်
အကြောင်းအရာ။ ။ မဟုတ်မမှန် စွပ်စွဲပြီး ချုပ်နှောင်ထားသည့်အတွက် ဥပဒေနှင့်အညီ ဖြစ်နိုင်ရေး ကူညီဆောင်ရွက် ပေးပါရန် အသနားခံ တင်ပြခြင်း။
ရိုသေစွာဖြင့် -

၁။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်သည် စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ ကျောင်းတက်လမ်းရပ်ကွက်၊ အိမ်အမှတ် (၂၉၄) တွင်နေထိုင်သူဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ မြေးတော်စပ်သူ အောင်ဆန်းဝင်း (ခေါ်) ညီချေ (ဘ) ဦးကျောက်သီးအောင် လည်းနေထိုင်လျက်ရှိပါသည်။ ၂၉-၅-၂၀၁၄ ရက်နေ့ ညနေ (၃) နာရီ နှင့် (၄)နာရီကြားတွင် အောင်ဆန်းဝင်း (ခေါ်) ညီချေ သည် ဆိုင်ကယ်ဖြင့်သွားစဉ် မင်းဘာကြီးလမ်း နှင့် ကုန်သည်လမ်းထောင့် မှ ဖုန်း ဆိမ်းကဒ် အလွတ်တစ်ခု ကောက်ရခဲ့ကြောင်း သိရှိရပါသည်။

၂။ ထို့ကြောင့် ၄င်းဆိမ်းကဒ်မှာ ဆက်သွယ်၍ ရမရ သိရှိနိုင်ရေးအတွက် အခြား ဟန်းဆက် တစ်ခုတွင် ထည့်လိုက်သည်နှင့် တစ်ဘက်မှ ဆက်သွယ်လာရာ အမှတ် (၁) ရဲစခန်းမှ ဆိမ်းကဒ် ဖြစ်ကြောင်း သိရှိရပါသည်။ ၄င်း ဆိမ်းကဒ်ကို အမြန်ဆုံး လာရောက်ပေးကပ်ရန် အကြောင်းကြား၍ ချက်ချင်းပင် အမှတ်(၁) ရဲစခန်းသို့ အောင်ဆန်းဝင်း (ခေါ်) ညီချေ ကိုယ်တိုင် သွားရောက်အပ်နှံသောအခါ မဟုတ်မမှန် စွပ်စွဲလျက် ဖမ်းဆီးချုပ်နှောင်ခံရကြောင်း သိရှိရပါသည်။ အုပ်ထိန်းသူ ဖြစ်သည့် ကျွန်တော်တို့အား အသိပေးခြင်း မရှိဘဲ ယနေ့တိုင် တွေ့ဆုံရခြင်းလည်း မရှိသေးပါ။ ထို့ပြင် ဖမ်းဆီးခံရသည့်နေ့မှစ၍ တရားနည်းလမ်းမကျသည့် ကိုယ်ထိလက်ရောက် သတ်ပုတ်ရိုက်နှက်ခြင်းများ ပြုလုပ်ခံရကြောင်းလည်း ကြားသိရပါသည်။

၃။ အောင်ဆန်းဝင်း (ခေါ်) ညီချေ မှာ တိုင်းပြည်အတွက် လူမှုအဖွဲ့အစည်းများဖြစ်သည့် အရံမီးသတ် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အခြားလုံခြုံရေးသင်တန်းများကို တက်ရောက်၍ လည်းကောင်း တက်ကြွစွာပါဝင် ဆောင်ရွက်နေသူလည်း ဖြစ်ပါသည်။ ရိုးသားပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ တစ်ဦးဖြစ်ကြောင်းကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အား ပူးတွဲတင်ပြအပ်ပါသည်။

၎။ သို့ဖြစ်ပါ၍ ကောက်ရထားသည့် ပစ္စည်းအား ရိုးသားစွာအပ်နှံပေးခဲ့သူကို ယခုကဲ့သို့ မဟုတ်မမှန်စွပ်စွဲကာ ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် ပတ်သက်၍ ဥပဒေ နှင့် အညီ ဖြစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် အသနားခံတင်ပြ လျှောက်ထားအပ်ပါသည်။
လေးစားစွာဖြင့် -

(ဦးဦးထွန်းသာ)
ဖုန်း - ၀၉၄၂၁၇၆၆၂၆၉
ကျောင်းတက်လမ်းရပ်ကွက်၊ စစ်တွေမြို့။
=======================
အယ်ဒီတာ့ မှတ်ချက်။ ။ အောင်ဆန်းဝင်း (ခေါ်) ညီချေ မှာ အသက် (၁၇) နှစ်မျှသာ ရှိသေးသည် ဟု သိရပါသည်။

စစ်တွေ ၊ ၀၃ ဇွန်လ ၂၀၁၄ ၊ Coral Arakan News ၊ [ တိုင်စာ ]

အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူလေးဦးသေဆုံး၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ


လေတိုက်ခတ်မှုကြောင့် အမှိုက်များ လွှင့်ပါကာ ပြတင်းပေါက်များ ကွဲကြေ

တီဟီရန်- အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် တနင်္လာနေ့ညနေ လူစည်ကားသည့် ရုံးဆင်းချိန်၌ ကြီးမားပြီး အရှိန်ပြင်းထန်သည့် သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် လူထောင်နှင့်ချီ၍ အကာအကွယ်များနောက် ပုန်းခိုနေထိုင်ခဲ့ရကာ လျှပ်စစ်မီးများပြတ်တောက်ခြင်း၊ အဆောက်အအုံများပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

သေဆုံးသူ လေးဦးရှိခဲ့ပြီး ဒဏ်ရာရသူများ ဒါဇင်နှင့်ချီ ရှိခဲ့သည်။

ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၀ မိနစ်တွင်ဖြစ်ခဲ့သော ထိုမုန်တိုင်းမှာ သစ်ပင်များကို လဲစေခဲ့ပြီးကားမှန်များကိုလည်း အပျက်အစီးအပိုင်းအစများဖြင့် ထိခိုက်ပျက်စီးစေခဲ့ကာ လူအများစုမှာ  လေကွယ်ရာအရပ်များတွင် ခေတ္တခိုလှုံခဲ့ရသည်။

သဲမုန်တိုင်းတိုက်ခတ်သွားချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၁၁၀ အထိ ရှိခဲ့ပြီး နေအိမ်အနည်းဆုံး ငါးသောင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရကြောင်း၊ တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်များနှင့် ဓာတ်တိုင်များ ပြိုလဲခဲ့ရကြောင်း လျှပ်စစ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိနစ် ၉၀ ခန့်ကြာမြင့်ခဲ့သည့် သဲမုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများမှာ အဓိကအားဖြင့် သစ်ပင်ပိကျမှုများကြောင့် သေဆုံးရခြင်းဖြစ်သည်။

အစိုးရအရေးပေါ်ဌာန အကြီးအကဲ အမ်မင်ဆပ်ဘရီနီယာက ဒဏ်ရာရသူဦးရေမှာ အနည်းဆုံး ၂၇ ဦးရှိခဲ့ပြီး ၁၀ ဦးမှာ မုန်တိုင်းတိုက်ချိန်တွင် လမ်းပေါ်၌ မတော်တဆမှုများကြောင့်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နိုင်ငံပိုင်ရုပ်သံကလည်း ဒဏ်ရာရသူများထဲတွင် နှစ်ဦးမှာ အရေးပေါ်ကုသမှုများ ခံယူနေရကြောင်း ဖော်ပြခဲ့သည်။

__Ref : AFP
သဲမုန်တိုင်း တိုက်ခတ်စဉ်  ထူထဲသော ဖုန်မှုန့်များကြောင့် ကောင်းကင်လိမ္မော်ရောင်သို့ ပြောင်းသွားပုံ
မြင်ကွင်းမှုန်ဝါးနေသဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွား

သစ်ပင်များ လဲကျမှုကြောင့် အချို့သော ဒေသခံများ ဒဏ်ရာရ






7day daily

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်ကာ မျက်နှာကိုအက်စစ်လောင်း ဖျက်ဆီးမှု ဖြစ်ပွား



မုဒိမ်းကျင့်ခံရသည့် ဆယ်ကျော်သက် မိန်းကလေး ၂ ဦး သရက်ပင်တွင် ဆွဲကြိုးချ သေဆုံးရာ ဥတ္တာပရာဒေ့ရ်ျပြည်နယ်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ဆန္ဒပြနေစဉ် (REUTERS)
လပ်က်နောင်း (အိန္ဒိယ)- အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ်အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။

ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဘာရိုင်လီမြို့အနီးမှ အစ်ထ်ပူရရွာတွင် ပြန်လည်တွေ့ရှိခဲ့သည့် သေဆုံးသူအမျိုးသမီးရုပ်အလောင်းမှာ အသက် (၂၂) နှစ်ခန့်ရှိသည်ဟု ယူဆရပြီး သေဆုံးသူ၏ မျက်နှာကိုအက်စစ်၊ ဓာတ်ဆီများဖြင့် လောင်းပက်ထားမှုကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်ရန် ဖျက်ဆီးထားကြောင်း ထင်ရှားသည်။

တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များအရ သေဆုံးသူအမျိုးသမီးအား အုပ်စုလိုက်စော်ကားပြီး အက်စစ်များ အတင်းအကျပ်သောက်ခိုင်းကာ လည်ပင်းညှစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအမှုဖြစ်ပွားသည့် နေရာမှာ ပြီးခဲ့သည့် အပတ်အတွင်း ၀မ်းကွဲညီအစ်မနှစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး သစ်ပင်တွင် ချိတ်ဆွဲသတ်ဖြတ်ခံရသည့်ရွာနှင့် မိုင် ၆၀ ကွာဝေးသည့် တစ်ပြည်နယ်တည်းတွင်ရှိသည်။

ထိုဖြစ်ရပ်ကြောင့် တနင်္လာနေ့တွင် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မြို့တော် လပ်က်နောင်း၌ ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့၌ ပြည်သူများက ၀ိုင်းဝန်းဆန္ဒပြခဲ့ကြပြီး ပြည်နယ်အတွင်း မိန်းကလေးငယ်များနှင့် အမျိုးသမီးများအား တိုက်ခိုက်မှုနှင့် လိင်ပိုင်းစော်ကားမှုများ တိုးပွားလာခြင်းကို ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ်ရုံးရှေ့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်များဖြင့် ထိုးပက်ကာ လူစုခွဲခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် အခီလက်ရှ်ယာဒတ်က ထိုအဓမ္မမှုဖြစ်စဉ်များကို ဗဟိုအစိုးရအဆင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အာမခံထားသော်လည်း ဆန္ဒပြသူများဘက်က ပြည်နယ်အာဏာပိုင်များနှင့် ရဲများ၏ တာဝန်ပေါ့လျော့မှုများနှင့် အမျိုးသမီးထုအပေါ်လုံခြုံရေးစောင့်ရှောက်မှုအားနည်းခြင်းများကို ရှုတ်ချနေသည်။

__Ref : DailyMail
7day daily

ပြည်ပခရီးသွားလိုင်စင် အာမခံကြေး ကျပ် သိန်း ၅၀၀ ပေးသွင်းရမှု လက်မခံ


ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီအနေနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို လိုင်စင်အာမခံကြေး ကျပ် သိန်း ၅၀၀ ပေးသွင်းရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် လျာထားတာကို ပယ်ဖျက်ပေးဖို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေက တောင်းဆိုထားကြောင်း မြန်ဂုဏ်မြှင့်ခရီးသွားလုပ်ငန်း မန်နေဂျာ ဒေါ်မေစံပယ်အောင်က ဒီဗွီဘီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့က ရန်ကုန် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ရုံးမှာ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးစီး ကျင်းပတဲ့ ပြည်ပခရီးစဉ်

(Outbound Tour) ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဆွေးနွေးပွဲမှာ ခရီးသွားလုပ်ငန်းရှင်တွေ က  တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တရားဝင် လိုင်စင်မရှိသေး ပဲ ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက စည်းကမ်း မူကြမ်းထုတ်ပြန်ရာမှာ အဲဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုချက်ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဘက်က လိုက်လျောမယ်၊ မလိုက်လျောဘူးဆိုတာ မသိသေးပါဘူး။

DVB Burmese

ခရီးသွားဘလော့ဂါတစ်ဦး ရီယိုဒီဂျနေးရိုးမြို့ရှိ ခရစ်တော်ရုပ်တုပေါ်တက် ဓာတ်ပုံရိုက်






ရီယိုဒီဂျနေးရိုး- Flash Pack အမည်ဖြင့် အင်တာနက်ခရီးသွား ဘလော့ဂ်စာမျက်နှာတစ်ခု ဖွင့်ထားသည့် သွမ်ဆင်ဆိုသူသည် ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရန် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ သွားရောက်စဉ် Christ the Re deemer ရုပ်တုပေါ်သို့တက်၍ မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ကူးခဲ့သည်။

သွမ်ဆင်သည် ၁၂၄ ပေမြင့်သော ခရစ်တော်ရုပ်တုပေါ်သို့ တက်ရန် ဘရာဇီးနိုင်ငံ ကမ္ဘာလှည့်ခရီးသွားဘုတ်အဖွဲ့၏ ခွင့်ပြုချက် ရယူခဲ့ပြီး ကြိုးချည်ကြိုးဖြုတ် ကျွမ်းကျင်သူနှစ်ဦး၏ အကူအညီဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ရုပ်တုပေါ်သို့ မိနစ် ၂၀ ခန့် တက်ခဲ့ရပြီး ရုပ်တု၏ ရင်ဘတ်နားသို့ ရောက်လာခဲ့ပြီးနောက် ရုပ်တု၏ပခုံးပေါ်မှတစ်ဆင့် နောက်ဆုံးတွင် ရုပ်တု၏ ဦးခေါင်းပေါ်သို့ တက်ရောက်နိုင်ခဲ့သည်ဟု သွမ်ဆင်က Flash Pack ဘလော့ဂ်စာမျက်နှာတွင် ရေးသားထားသည်။

မိမိရိုက်ကူးမှတ်တမ်းတင်ခဲ့သော ဓာတ်ပုံများမှာ အသက်ရှူမှားလောက်သည်ဟု သွမ်ဆင်က ပြောသည်။

ရုပ်တု၏ ထိပ်ဖျားမှနေ၍ သွမ်ဆင်ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်ကို ယူကျုဘ့်ဝက်ဘ်ဆိုက်တွင်တင်ထားကြောင်း သိရသည်။

__Ref : AFP
7day daily

လမ်းလျှောက်နေသော ရဲ နှင့် ကားပေါ်က ရဲ တာဝန်မတူကြရော့သလား


ကျွန်တော်သည် မဟာဗန္ဓုလပန်း ခြံလမ်းနှင့် ကုန်သည်လမ်းထောင့် မီးပွိုင့် ကို ကွေ့ဝိုက်ကာ နိုင်ငံခြားကုန်သွယ်မှု ဘဏ်အရှေ့ပလက်ဖောင်းပေါ်မှ အလယ် ဘလောက် သို့ လျှောက်လာခဲ့သည်။ အချိန်မှာ နံနက် ၁၁ နာရီခန့် ရှိသည်။ ဘဏ်ဝတ်စုံဖြင့် လုံခြုံရေး ဝန်ထမ်းတစ်ဦးက ”ဟိုမှာလာနေကြပြီ..ကားနဲ့” ဟု အော် လိုက်ပါသည်။
မီးပွိုင့် နှင့် ဘဏ်ရှေ့ဘက်လမ်းဘေး ပလက်ဖောင်းဈေးသည်အားလုံး ဝရုန်းသုန်း ကားဖြစ်သွားသည်။ရှေ့တွင် ဈေးဆိုင်များမှာ အသင့်ထိုးရပ် ထားသော ကားပေါ် တင်သူ တင်၊ ပလတ်စတစ်သေတ္တာပုံးကြီးထဲ ထည့်သူထည့်၊ ထမ်းပြီးပြေးသူပြေး။ ပွက်လောညံနေပါသည်။

မကြာမီပင် ကျွန်တော်ရှေ့မှ ဝတ်စုံအပြည့် ရဲသားတစ်ဦးက ”မြန်မြန်သိမ်း၊ မြန်မြန်သိမ်းကြ ဟိုမှာလာနေကြပြီ” ဧမာနွေလ ဘုရားကျောင်းမရောက် မီ တရားရုံးချုပ် ဂိတ် ဝ အနီး ရဲသားတစ် ဦး ဝတ်စုံအပြည့်ဖြင့် ”လာနေပြီ မြန် မြန်သိမ်းကြ… မြန်မြန်သိမ်းကြ”ဟု သတိပေး၍ ကျွန်တော့်ကို ကျောပေးကာ ပလက်ဖောင်းဈေးသည်များကို သ တိပေးပြောသွားသည်။ ကျွန်တော်သိလိုက်ပါပြီ။ ပလက် ဖောင်းဈေးသည်များ မရောင်းရသည့် အချိန်၊ မရောင်းရသည့် နေရာကန့်သတ် နယ်မြေအတွင်း စီမံချက်ဖြင့် လိုက် လံ အရေးယူနေသော ရဲကားများ လှည့်လာခြင်းကို သတိပေးနေကြသည့် မြင်ကွင်းပင်ဖြစ်သည်။

► တာဝန်ယူမှု မတူကြဘူးလား

ရဲတပ်ဖွဲ့တစ်ခု၏ စီမံချက်တစ်ခုကို လိုက်လံအရေးယူဖမ်းဆီးသည့် အစီအစဉ်ကိုမလာရောက်မီ အချိန်တိုအတွင်း ရှေ့ပြေးအဖြစ် အခြားရဲတပ်ဖွဲ့တစ်ဦး(သို့) ပလက်ဖောင်း တာဝန်ကျ ရဲများက သတိပေးဆိုင်သိမ်းခိုင်းခြင်း (သို့) ကားပြန်သွားပြီ ပြန်ရောင်းကြတော့ဆိုသည့် ခွင့်ပြုပေးခြင်းသည် အဖွဲ့အစည်းတစ်ခု(သို့) ပူးပေါင်းပါဝင်ဖွဲ့ စည်း ထားသော အဖွဲ့အစည်းများ၏ လုပ်ဆောင်နေမှုအပေါ်တွင် ကျွန်တော်လို အရပ်သားလမ်းသွားလမ်းလာသူတစ်ဦးအတွက် အလွန်ထူးဆန်း ရွံရှာစရာ ကောင်း သည့် မြင် ကွင်းတစ်ခုကို မြင် လိုက်ရပါသည်။ ကျွန်တော့်အတွေးထဲမှာ မေးခွန်း ပေါင်းများစွာ ထွက်လာ၏။

(၁) လမ်းတာဝန်ကျသူများက ကိုယ့် နည်း ကိုယ်ဟန်ဖြင့် (အပေါ်တစ် ဝက် ပေး ကိုယ်တစ်ဝက်စား)ဈေးကောက် ခိုင်းခွင့်ပြုထားလေသလား။

(၂)ကားနှင့်လှည့်လည်ဖမ်းဆီးနေသူ အ ဖွဲ့များက ဝတ်ကျေတန်းကျေ အဖမ်းပြပွဲ ကျင်းပနေသလား။

(၃)ကားအဖွဲ့နှင့် လမ်းတာဝန်ကျ အဖွဲ့ လက်ဝါးချင်းရိုက်ထားကြလေသလား။

(၄) သို့မဟုတ် ဝန်ထမ်းတစ်ဖွဲ့နှင့် တစ် ဖွဲ့ စိတ်ဝမ်းကွဲ၍ ဖမ်းသူမလာမီကြိုသိမ်းခိုင်းကြလေသလား။

(၅) လမ်းဘေးပလက်ဖောင်းကိုမြို့တော် စည်ပင်ပိုင်သည်ဟု ကျွန်တော်သိထား ပါသည်။ ရန်ကုန်မြို့တော်စည်ပင်ဝန်ကြီး ရုံးစိုက်ရာ မြို့တော်ခန်းမနှင့်ကိုက် ၂ဝဝ ခန့် သာဝေးသောနေရာတွင် ဖြစ်ပျက် နေသော မြင်ကွင်းမှာ တရားဥပဒေစိုးမိုး ရေး မရနိုင်ဘူးလား။

(၆) အမိန့်စည်းကမ်းများကို လိုက်နာရန် ထုတ်ပြန်လိုက်ပြီး တိကျစွာ လိုက်နာရ မည့် ဝန်ထမ်းများ ကိုယ်တိုင် လိုက်နာမှု မရှိခြင်း၊ မျက်ကွယ်ပြုခြင်းဖြစ်နေပါပြီ လား။

(၇) ၎င်းတို့ကိုယ်တိုင် တာဝန်ယူထိန်း သိမ်းလုပ်ဆောင်ရမည်တစ်နည်း၊ မ လိုက်နာသူ ပြည်သူများကို အသိပေး ခြင်း၊ အပြစ်ပေးခြင်း လုပ်ရမည်ကို မသိ ကျိုးကျွံပြုနေပြီ လား။

(၈) ထိုထက်မက ရန်ကုန်မြို့နှင့် မိုင်ပေါင်းများစွာဝေးသော ကျေးလက်ဒေသများတွင် သူတို့၏ လုပ်ရပ်များ ဘယ် လောက်ထိရှိနေနိုင်မလဲစသည့် ကျွန် တော်စိတ်ကူး အတွေးများစွာ ဆွဲထုတ် ယူလျက်စဉ်းစားကာ ရုံးပေါ်တက်လာခဲ့ပါသည်။

ကျွန်တော်ရုံးခန်းသို့ ပြန်ရောက် ချိန်တွင် အတွေးစိတ်ကူးများ ရပ်တန့် လိုက်ပြီး သတင်းစာတစ်စောင် ကောက် ကိုင်ဖတ်လိုက်သည်။ ရန်ကုန်တွင် နှစ် လခန့် အတွင်း မော်ေ တ်ာဆိုင်ကယ်အစီး ၃ဝဝ ခန့် ဖမ်းဆီးရရှိ ဟူသော သတင်းကိုတွေ့ လိုက်ရပါသည်။ ရဲနှင့်ပတ်သက်နေသော သတင်း တစ်ပုဒ်။တရားဥပဒေစိုးမိုးရေး အကြောင်း ကို တွေး ရင်းရပ်သွားသော အတွေးစက ခေါင်းထဲသို့ တစ်ဖန်သွင်းလာရပြန်ပါသည်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ သာကေတ၊ အင်းစိန်အ စရှိသော ရန် ကုန်မြို့ပြင်ဘက်မြို့နယ်များတွင် အများအားဖြင့် ညနေမှောင်ရီပျိုးစမှ မနက်မိုးလင်းအထိ မော်တော်ဆိုင်ကယ်များစီး၍ သွားလာနေခြင်း၊ ဈေး ဝယ်ခြင်း၊ ဈေး ပို့ခြင်း၊ ကယ် ရီဆွဲခြင်းများကို ရပ်ကွက်နေသူအားလုံးကွင်းကွင်းမြင်နေရသည်။ အစီး ၃ဝဝ သာ ဖမ်းဆီးရမိသည်မှာ ဘယ်သူ့တာဝန်လဲ။

ဘိန်းဖြူ၊ မူးယစ်ဆေး၊ ဖဲဝိုင်း၊ လောင်းကစားကဲ့သို့ တိတ်ဆိတ် လျှို့ ဝှက်လုပ်၍ မရသော ထင်ပေါ်လှသည့် သွားလာနေသော ယာဉ်တစ်စီးရှိသည် ကို လမ်းမှူး၊ ၁ဝ အိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အားလုံးကောင်းကောင်း ကြီး သိကြပါ သည်။ ယာဉ်ထိန်းရဲက စောင့်ကြည့်၍ ဖမ်းဆီးရန်မလိုပါ။ မည်သည့် အိမ်တွင်ရှိသည်ကို သိသူများက မျက် ကွယ်ပြုထားခြင်း၊ မတားဆီးနိုင်ခြင်း၊ တစ်နည်း ၎င်းတို့နှင့် နီးစပ်သူများ ဖြစ်ခြင်းကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ က အမိန့် ညွှန်ကြား ချက်ထုတ်သော်လည်း ဂရုမစိုက်တော့ပါ။

တစ်နည်း တရားဥပဒေကို ရင် ဝယ်ပိုက် သားသမီးတစ်ဦးကဲ့ သို့ စောင့် ရှောက်လိုက်နာရမည့်သူများက မလိုက် နာတော့လျှင် မည်သို့သောအခါ သန့် ရှင်းသောအစိုးရ၊ တ ရားဥပဒေစိုးမိုး သော အစိုးရဖြစ်လာပါမည်နည်း။ လက်ဆောင်ပဏ္ဏာကိုသာ ယစ်မူး နေခြင်း၊ ဆွေမျိုး၊ ကိုယ့်လူမျက်နှာလိုက် အားပေးခြင်း၊ မိမိတို့ ကိုယ်တိုင် တာဝန် ယူမှု၊ တာဝန်ခံမှု မရှိခြင်းဟူသော နှစ် ၅ဝ လမ်းဟောင်းကြီးကို ဆက်လက် လျှောက် လှမ်းနေကြရင်တော့…ဟု သာ ကျွန်တော့်အတွေးကို ရပ်လိုက်ရ
ပါတော့သည်။

ကိုလင်းမာန်အောင်
Popular Myanmar News Journal

ကော်မရှင်သတိပေးချက် အန်အယ်လ်ဒီ ပယ်ချ


ဖွဲ့စည်းပုံပြင်ဆင်ရေး  ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဟောပြောချက်တွေဟာ ဥပဒေဘောင်လွန်နေတယ်လို့ ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က   ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး တရားဝင်ပယ်ချလိုက်ပါတယ်။

မန္တလေးမြို့ အောင်ပင်လယ်ကွင်း  လူထုဟောပြောပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့ပတ်သက်ပြီး စိန်ခေါ်ပြောကြားချက်ဟာ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကျော်လွန်နေ တယ်ဆိုပြီး မေလ ၂၂ ရက်နေ့က  ကော်မရှင်က စာရေးသတိပေးထားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ဟာ ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီတဲ့အပြင် လူထုထုယုံကြည်အားကိုးပြီး ဂုဏ်သိက္ခာမြင့်မားတဲ့  တပ်မတော်ဖြစ်ရေး ရည်ရွယ်ကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်က ၀င်ရောက်သ တိပေးနေခြင်းဟာ လုံးဝသင့်လျော်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြတယ်။

DVB Burmese

စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ





ပန်းဂေါ်ဖီစိမ်းအရွက်နှင့် ကြက်သွန်နီအခွံကဲ့သို့ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးအစိတ်အပိုင်းများတွင် ကျန်းမာရေးအတွက် အကျိုးရှိစေသောအရာများပါဝင်သည်ကို မသိကြသဖြင့် မကြာခဏစွန့်ပစ်လေ့ရှိကြသည်။
ကြက်သွန်နီအခွံ

သွေးတိုးခြင်းကိုလျော့ကျစေနိုင်ပြီး သွေးကြောများအတွင်း သွေးခဲမှုကို ကာကွယ်နိုင်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းတစ်မျိုး ကြက်သွန်နီ အခွံများတွင် ပါဝင်သည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ ဓာတ်မတည့်သောအစားအသောက်နှင့်တွေ့ပါက ဒုက္ခပေးတတ်သည့် ခန္ဓာကိုယ်ထဲရှိ ဒြပ်ပေါင်းတစ်မျိုးထုတ်လုပ်မှုနှင့် ထုတ်လွှတ်မှုနှစ်မျိုးစလုံးကို ထိန်းချုပ်တားဆီးပေးသည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ အခြားသော ဓာတ်မတည့်မှုများနှင့် ရောင်ရမ်းမှုကို ကာကွယ်နိုင်သဖြင့် ပန်းဝတ်မှုန်ကြောင့်အဖျားရောဂါခံစားနေရသူများအတွက် အသုံးဝင်သည်။

အသားကင်များကဲ့သို့ အသားများကို အပူရှိန်ပြင်းပြင်းသုံး၍ ချက်ပြုတ်စဉ် ဖြစ်ပေါ်သည့် ကင်ဆာဖြစ်စေနိုင်သောအရာများ (carcinogen) ပမာဏကို အသားချက်ရာတွင် ကြက်သွန်နီထည့်ချက်ခြင်းဖြင့် လျော့ကျနိုင်ကြောင်း အထောက်အထားအချို့တွေ့ရှိထားသည်။ ကြက်သွန်နီ အခွံထည့်ချက်ထားသောအစားအသောက်ကိုမစားမီ ကြမ်းတမ်းသော ကြက်သွန်နီခွံများကို ဖယ်ပစ်ပါ။

ကြက်သွန်နီအခွံကို ငါး၊ အသားအရိုးပြုတ်၊ စွပ်ပြုတ်၊ ပြုတ်ချက်ချက်ရာတွင် ထည့်ချက်နိုင်ပြီး မစားမီအခွံကို ဖယ်ရှားပစ်ပါ။

ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံ



ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံများတွင် သွေးကြောများကို ကျယ်စေနိုင်ပြီး သွေးလည်ပတ်မှုကိုအားကောင်းစေသည့် အမိုင်နို အက်စစ်ကြွယ်ဝစွာပါဝင်သည်။ ဖရဲသီးအခွံ (သို့မဟုတ်)သခွားမသီးအခွံများကို လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု မမှန်ခြင်းနှင့် သွေးအားနည်း ရောဂါတို့ကဲ့သို့ ရောဂါများအတွက် အမျိုးမျိုးအသုံးပြုနိုင်သည်။

ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံမှ အသားများကို ထုတ်ယူကာ မွှေစက်နှင့် ရောမွှေပြီး စားကောင်းအောင်ပြင်ဆင်၍ စားသုံးနိုင်သည်။

ပန်းဂေါ်ဖီစိမ်းအရွက်



ပန်းဂေါ်ဖီစိမ်းအရွက်များတွင် ဗီတာမင်အေ ၃၂၀ ရာခိုင်နှုန်းနှင့် ဗီတာမင်စီ ၁၅၅ ရာခိုင်နှုန်းပါဝင်သည်။

ပန်းဂေါ်ဖီစိမ်းအရွက်များကို ဂေါ်ဖီချက်ပြုတ်ကြော်လှော်သကဲ့သို့ ချက်ပြုတ်စားသောက်နိုင်သည်။

မုန်ညင်းရွက်ကဲ့သို့ ဟင်းရွက်စိမ်းအရိုးများတွင် ပရိုတိန်းတွင်ပါဝင်သော အမိုင်နိုအက်စစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အဆိပ်ပြေစေသော ဒြပ်ပေါင်းတို့ပါဝင်သဖြင့် အရွက်များကို စားသကဲ့သို့ချက်ပြုတ်စား သုံးသင့်သည်။ ယင်းအရိုးများကို မလွင့်ပစ်ဘဲ ထည့်ချက်၍စားသုံးနိုင်သည်။

လိမ္မော်သီးခွံ



လိမ္မော်သီးခွံတွင် ဖိုက်ဘာဓာတ်ကြွယ်ဝပြီး အဆိပ်ပြယ်စေသော ဒြပ်ပေါင်းနှင့် ဗီတာမင်များပါဝင်သည်။ လိမ္မော်သီးခွံများစားပေးခြင်း ကြောင့် ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အစာမကြေဖြစ်ခြင်းကို လျော့ကျစေသည်။ လိမ္မော်သီးခွံတွင်ပါဝင်သော ဗီတာမင်စီက ကိုယ်ခံအားမြင့်တက်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းသို့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်။

လိမ္မော်သီးအခွံ၏ အဆီများကို ဘက်တီးရီးယားကာကွယ်နိုင်သော သန့်ရှင်းရေးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ကာ အင်းဆက်ပိုးမွှားများကို မောင်းနှင်ရာ၌လည်း အသုံးပြုနိုင်သည်။ သွားများဖြူဖွေးစေရန်လည်း လိမ္မော်သီးခွံကို အသုံးပြုနိုင်သည်။ လိမ္မော်သီးအခွံအောက်ဘက်ရှိ အဖြူ ရောင်ဖော့သားများတွင် သကြားနှင့်တူသော ဓာတ်တစ်မျိုးနှင့် အခြားဖိုက်ဘာဓာတ်များပါဝင်သည်။ လိမ္မော်သီးခွံစားပေးခြင်းဖြင့် ဆာလောင်မှုကိုလျှော့ချနိုင်ကာ လေးနာရီအထိ အစာမစားဘဲနေနိုင်သည်။

ဖော့သား၊ အူတိုင်တို့အပါအဝင် လိမ္မော်သီးတစ်လုံးလုံးကို အရသာရှိအောင်ပြင်ဆင်စားသုံးနိုင်သည်။

—Ref: Internet
7day daily