တောင်ကိုရီးယား အာဏာရှင်ဟောင်း ချန်ဒူးဝမ်မိသားစု လာဘ်စားမှုဒဏ်ကြေးငွေ ကြွေးကျန်များပေးရန် ကတိပြု

ပို့စ်တင်ချိန် - 9/12/2013 01:12:00 PM


တောင်ကိုရီးယားနိုင်ငံ၏ အာဏာရှင်ဟောင်း ချန်ဒူးဝမ်၏ မိသားစုက ကျန်ရှိနေသောဒဏ် ကြေးငွေများကိုပေးရန် ကတိပြု ခဲ့ကြောင်း သိရသည်။
ယင်းသည် စစ်အာဏာရှင် ခေါင်းဆောင် ချန်ဒူးဝမ်လက် ထက်က အမည်းစက်စွန်းထင်းခဲ့ ရသော တံစိုးလက်ဆောင်ရယူမှု များအတွက် ပြစ်ဒဏ်စီရင်ခဲ့သည့် ဒဏ်ကြေးငွေများဖြစ်ကြောင်း သိရသည်။
ချန်ဒူးဝမ်၏အကြီးဆုံးသား ချွန်ဂျေးကွတ်ခ်က မိသားစုပိုင် တန်ဖိုးရှိပစ္စည်းစာရင်းကို ထုတ် ပြန်ကြေညာခဲ့ပြီး တန်ဖိုးရှိပစ္စည်း တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ဝမ်၁၆ရဒသမ၂ဘီလီယံ ရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချွန်ဂျေကွတ်ခ်က ၎င်းတို့ပိုင်ပစ္စည်း များကို ရောင်းချသွားမည်ဖြစ် ကြောင်းကိုလည်း ထုတ်ဖော်ပြော ကြားခဲ့သည်။
ယခုအခါ အသက်၈၂နှစ် ရှိနေပြီဖြစ်သော ချန်ဒူးဝမ်သည် ၁၉၇၉ခုနှစ်က ကာလရှည် ကြာ စစ်အစိုးရအကြီးအကဲအဖြစ် စိုးမိုးအုပ်ချုပ်ခဲ့သော ပတ်ချုံဟီး ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် နိုင်ငံ၏အာဏာကို ထိန်းချုပ်ခဲ့ သူဖြစ်သည်။ ချန်ဒူးဝမ်သည် နိုင်ငံ ကို ရှစ်နှစ်ကြာ စိုးမိုးအုပ်ချုပ်ခဲ့စဉ် ကာလအတွင်း သူ၏အစိုးရသည် အဂတိလိုက်စားမှုများအတွက် တာဝန်ရှိကြောင်း မှတ်ချက်ချခဲ့ ကြသည်။ ၁၉၉ရခုနှစ်တွင် ဗဟို တရားရုံးချုပ်က ချန်ဒူးဝမ်သည် ဆူပူအုံကြွမှုနှင့် အဂတိလိုက်စား မှုတို့တွင် အပြစ်ရှိကြောင်းစီရင် ချက်ချကာ ဝမ်သန်း ၂၂၀ ဒဏ်ငွေ ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
ချန်ဒူးဝမ်က ပေးဆောင် ရမည့် ဒဏ်ကြေးငွေများအနက် အနည်းငယ်ကိုသာ ပေးဆောင်ခဲ့ ပြီး သူ့တွင် ထပ်မံပေးဆောင်စရာ ငွေလည်းမရှိသကဲ့သို့ ပိုင်ဆိုင်သည့် ပစ္စည်းလည်းမရှိကြောင်း ပြော ကြားခဲ့သည်။ မကြာသေးမီလက မူ ကျန်ရှိသည့်ဒဏ်ငွေကို ပေး ဆောင်ရန် တရားဥပဒေအရဖိ အားပေးလာသည့်အတွက် ချန် ဒူးဝမ်၏သား ချွန်ဂျေးကွတ်ခ်က မိသားစုပိုင်ပစ္စည်းများကို ရောင်း ချ၍ ပေးဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ် သည်။
Yangon Media Group