နေပြည်တော် တွင် Rocker အချိုရည် ရောင်းချခြင်း တားမြစ်

ပို့စ်တင်ချိန် - 9/12/2013 09:15:00 AM



Rocker အားဖြည့် အ ချိုရည်ဘူးများ အတွင်း အရောင်ပြောင်းလဲနေ သည့် အရည်များနှင့် အဖတ် များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်း သပ်မှုများ ပြုလုပ်နေပြီး ဈေးကွက် အတွင်းမှ ပြန် လည် သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံ မူလ တန်းကျောင်း တွင် ကျောင်း သား မိဘ တစ်ဦး ၀ယ်လာ သည့် အချိုရည်အား ဆရာမများက ကျောင်းသား ကျောင်းသူ များအား တိုက် ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ် အရည်များ၊ အဖတ်များ နှင့် အေ ရာ င် ပြောင်း လဲ နေ သည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာ သို့ အကြောင်းကြား ပြီး စတိုးဆိုင် များ အား စစ်ေ ဆး ကာ ရောင်းချမှု တားမြစ်ထား ကြောင်း သိရသည်။

စတင်တွေ့ ရှိခဲ့ သည့် အချိုရည် များအား ဓာတုဗေ ဒ စစ်ဆေးရေး ဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဓာ တ်ခွဲခန်း ဌာနများ သို့ ပို့ဆောင် စစ်ဆေး ထားပြီး ထိုအချိုရည် ဘူး များ ၀ယ်ယူခဲ့ သည့် စတိုး ဆိုင် အပြင် နေပြည်တော် ပျဉ်းမနား ရှိ စတိုး ဆိုင်ခြောက်ဆိုင်မှ Rocker အချိုရည် များအား လိုက် လံ သိ မ်းဆည်းပြီးဖြစ်ကြောင်း ကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းမြင့် က အ တည်ပြုပြော ကြား သည်။

““သိ ရတာ က အဲဒီ အချိုရည် က မှတ်ပုံတင် ထားခြင်း မရှိသေးဘူး။ သူတို့ရဲ့ ကုမ္ပဏီ တာဝန်ခံ ကို လည်းခေါ်ပြီး ဈေးကွက်ထဲကပြန်သိမ်းဖို့ မှာထားပြီးပါပြီ”” ဟု ဒေါက်တာထွန်းမြင့်က ဆက်လ က် ပြော ကြားသည်။

““ဘူးမှာ ဘဲဥပုံ အမှတ် အသားပါ တဲ့ဘူးတွေကို မရောင်းဖို့ အခုပဲ လာပြော သွားတယ်။ ရဲ၊ စည်ပင်၊ ကျန်းမာရေး ၀န်ထမ်း၊ အုပ်ချုပ်ရေးမှူးတွေ လည်း ပါတယ်”” ဟု ပျဉ်းမနားမြို့ ကံဦးရပ်ကွက်ရှိ အိမ် ဆိုင်တစ်ဆိုင် မှ ဆိုင်ရှင် တစ်ဦးက စက်တင်ဘာ ၆ ရက် တွင်ပြော ကြားသည်။

စက်တင်ဘာ ၄ ရက်မှ စတင်၍ နေပြည်တော်ရှိ စတိုးဆိုင် များ တွင် စတင် စစ်ဆေးခဲ့ပြီး ပစ္စည်းများ လာ ပို့ လျှင် သတင်းပို့ရန်လည်း စစ်ဆေးရေး အဖွဲ့က မှာကြား သွား ခဲ့ကြောင်း ဇင်ဇင် မုန့်တိုက် မှ ပြောသည်။ ဘူးခွံတွင် ဘဲဥပုံ အမှတ် အသား ပါသည့် ဘူးများအပြင် အမှတ်အသားမပါသည့် ဘူး များနှ င့် လက်ကိုင်ကွင်းအစိမ်းရောင်၊ အဖြူရောင်ဖြစ်သည့်ဘူးများ ဈေးကွက်အတွင်း တွေ့ရှိရပြီး မှတ်ပုံတင် ထားခြင်းမရှိသည့်အတွက် ယင်းအမှတ် တံဆိပ်ဘူးများ အားလုံး ပြန်သိမ်း ရန် ပြောကြား ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ခွဲ ဌာနများတွင် စစ်ဆေးထား သည့် အဖြေ ပြန်လည် မရရှိသေး ဘဲ တရားစွဲဆိုမှုများ သည် သက် ဆိုင်ရာမြို့နယ်၏ အစီအစဉ်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့် က ပြောသည်။

Ref. 7day —