မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ မြ၀တီမြို့ ထွတ်ပြေးရောက်ရှိ

ပို့စ်တင်ချိန် - 9/12/2013 01:31:00 PM



မလေးရှားမှထွတ်ပြေးလာသောမြန်မာအလုပ်သမား ၁၅၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် စက်တင်ဘာ ၁၁ ရက်နေ့က မြ၀တီမြို့သို့ရောက်ရှိလာခဲ့သည်။
၎င်းအလုပ်သမားများသည် မလေးရှားမှ ၃ညအိပ် ၄ရက်ခရီးဖြင့်နယ်စပ်ကိုဖြတ်ကျော်ကာ ထွတ်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
မြ၀တီမြို့ခရိုင်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများက ယင်းအလုပ်သမားများ၏ နေရပ်အသီးသီးသို့ ဘက်စ်ကားကြီးများနှင့်အခမဲ့တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)