ခွင့်ပြုချက်မဲ့တည်ဆောက်နေတဲ့အဆောက်အအုံတွေကို ပြန်ဖျက်ခိုင်းပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၂.၉.၂၀၁၃ ရက်နေ့က ထုတ်ပြ

ပို့စ်တင်ချိန် - 9/12/2013 06:19:00 PM


ခွင့်ပြုချက်မဲ့တည်ဆောက်နေတဲ့အဆောက်အအုံတွေကို ပြန်ဖျက်ခိုင်းပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၂.၉.၂၀၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေတည်ဆောက်နေတာ အဆောက်အအုံပေါင်း တစ်ထောင်ကျော်ရှိနေတာဖြစ်ပြီး တည်ဆောက်နေတဲ့ မြို့နယ်တွေထဲမှာ သင်္ကန်းကျွန်းမြို့နယ်က အဆောက်အအုံပေါင်း ၅၁၁ လုံးနဲ့ လှိုင်မြို့နယ်၊အင်းစိန်မြို့နယ် နှစ်ခုပေါင်း ၅၀၀ ကျော်လို့သိရပါတယ်။

ပုံမှာမြင်ရတာကတော့သင်္ကန်းကျွန်းမြို့နယ် ၊ ဃ ရပ်ကွက် လွတ်လပ်ရေးလမ်းမှာ ခွင့်ပြုချက်မဲ့ဆောက်ထားလို့ ပြန်ဖျက်ဖို့ ညွှန်ကြားထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)