ပြိုင်ပွဲသမိုင်းတစ်လျှောက် (၉)ကြိမ်မြောက် မာဒေးကားဖိုင်နယ်သို့ မြန်မာအသင်း ရောက်ရှိ

ပို့စ်တင်ချိန် - 9/12/2013 08:42:00 AM




PHOTO BY SPORTS247.com
မြန်မာယူ(၂၃)အသင်းသည် ၂၀၁၃ မာဒေးကားဖလားအုပ်စု နောက်ဆုံးပွဲစဉ်၌ စင်ကာပူအသင်းအား(၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် မာဒေးကားဖလားသမိုင်းတစ်လျှောက် (၉)ကြိမ်မြောက်အဖြစ် ဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ကစားခွင့် ရရှိခဲ့သည်။
မာဒေးကားဖလားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး (၁၉၅၇)ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ယင်းပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်သို့ (၁၉၆၄)ခုနှစ်တွင် စတင် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုပွဲစဉ်တွင် အန္ဒိယအသင်းအား (၁-၀)ဂိုး ဖြင့်အနိုင်ရရှိကာ ပထမဆုံးချန်ပီယံဘွဲ့အား ရယူနိုင်ခဲ့သည်။ မြန်မာအသင်းသည် လာမည့်စက်တင်ဘာ
(၁၄)ရက်နေ့တွင် မလေးရှားယူ-၂၃အသင်းနှင့် ကစားရမည့် ဖိုင်နယ်ပွဲစဉ်မတိုင်မီ ကစားခဲ့ရသည့် ဖိုင်နယ်
ပွဲစဉ်များတွင် ချန်ပီယံဆုအား (၃)ကြိမ်ရယူနိုင်ခဲ့ပြီး (၄)ကြိမ်ရှုံးနိမ့်ခဲ့ကာ (၁၉၆၅)ခုနှစ်တွင် တောင်ကိုရီးယား အသင်းနှင့် ပူးတွဲ ချန်ပီယံဆုရရှိခဲ့သည်။ မြန်မာအသင်းအနေဖြင့် နောက်ဆုံးချန်ပီယံဖြစ်ခဲ့သည်မှာ (၂၀၀၆) ခုနှစ်ကဖြစ်ပြီး ထိုစဉ်က အင်ဒိုနီးရှားအသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ယခုနှစ်ပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအပါအ၀င် ထိုင်းလိဂ်ညွှန့်ပေါင်းအသင်း၊ စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပထမပွဲစဉ်တွင် ထိုင်းညွှန့်ပေါင်းအသင်းနှင့် (၁-၁)ဂိုးသရေကျခဲ့ပြီး ဒုတိယပွဲစဉ်တွင် မလေးရှားအသင်းအား (၂-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရပြီး နောက်ဆုံးပွဲစဉ်တွင် စင်ကာပူအသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ထိုင်းညွှန့်ပေါင်းအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားအသာနှင့် ဖိုင်နယ်
ပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကိုမူ တိုက်စစ်မှူးကျော်ကိုကိုနှင့် စိုးကျော်ကျော်တို့က ပွဲချိန်(၁၅)မိနစ်နှစ် (၈၉)မိနစ်များတွင် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။
Yangon Media Group