Miss Grand International ယှဉ်ပြိုင်မည့် ထားထက်ထက် နှင့်တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 9/12/2013 08:47:00 AM



ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲအား နိုဝင် ဘာ ၃ရက်မှစတင်ပြီးကျင်းပမည်ဖြစ်ရာ ၁၉ရက်တွင် ဖိုင်နယ်ပွဲအပြီးပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ Miss Supranational Myanmar အော်ဂနိုက်ဇေးရှင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ထားထက်ထက်က မြန်မာတူရိယာစောင်းနှင့်အတူ ကျွမ်းဘားအားဆက်စပ်ပြီး ယှဉ်ပြိုင်ဖျော်ဖြေမည် နှင့်ပတ်သက်၍ အခုလိုသွားရောက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ညီမက ဘယ်တော့ပြိုင်ပွဲဝင်ပြိုင်မှာလဲ။
ဖြေ - ညီမက နိုဝင်ဘာ ၃ရက် အရောက်သွားရမှာ။ နိုဝင်ဘာ ၁၉ရက်မှာ ပွဲလုပ်မယ်။ အခု ညီမရှေ့က နန်းခင်တို့ ခင်ဝင့်ဝါတို့ပြိုင်တုန်းက မြန်မာပရိသတ်တွေက ဠသအန ပေးပြီး အားပေးကြ တယ်။ ညီမအလှည့်ကျရင်လည်း သူတို့ထက်ပိုပြီးတော့ အားပေးဖို့မျှော်လင့်ပါတယ်။ ပရိသတ်က လည်း ညီမကို အများကြီးမျှော်လင့်သလို ညီမကလည်း ပရိသတ်ကိုအများကြီး မျှော်လင့်ပါတယ်ရှင့်။

မေး - ဘယ်မော်ဒယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလဲ။
ဖြေ - ၂၀၁၂ခုနှစ် မစ္စမြန်မာပြိုင်ပွဲကနေစတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၂ခုနှစ် ပြိုင်ပွဲပြီးကတည်းက အင်တာနေရှင်နယ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ စပြီးတော့လေ့လာတယ်။ အင်တာ နက်ကနေလည်း လေ့လာတယ်။ နောက်ဆုံး Miss Grand အင်တာနေရှင်နယ်အဖြစ် နိုင်ငံကိုယ် စားပြုရွေးချယ်တဲ့အချိန်မှာ အစအဆုံး ခန္ဓာကိုယ်ကအစ ထရိန်နင်ဝင်ရပါတယ်။ အဲဒီပြိုင်ပွဲအတွက် အသေးစိတ်ကအစ အကုန်ပြင်ဆင်နေပါတယ်။

မေး - အခုလို အင်တာနေရှင်နယ်ပြိုင်ပွဲကိုသွားပြိုင်မှာဆိုတော့ ညီမအတွက် ဘယ်လိုမျိုးအတွေ့ အကြုံတွေကို ယူလာမလဲ။
ဖြေ - အတွေ့အကြုံကတော့ တခြားနိုင်ငံမှာ သွားပြိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု ဖလှယ် တာမျိုးပေါ့။ သူတို့ရဲ့ အသိပညာ၊ ဗဟုသုတ၊ သူတို့ရဲ့ယဉ်ကျေးမှုတွေကို ကိုယ်က အတုယူမယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို သူတို့ကိုထုတ်ပြမယ်။ ကိုယ့်အတွက် အခွင့်အရေးလည်းရမယ်။ မြန်မာ နိုင်ငံအတွက်လည်း အတွေ့အကြုံရမယ်။ ပြီးတော့ ညီမအတွက်လည်း အတွေ့အကြုံ အများကြီးရမယ် လို့ထင်ပါတယ်။

မေး - အဲဒီပြိုင်ပွဲကနေ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုကိုရော ဘယ်လိုဖော်ထုတ်သွားမလဲ။
ဖြေ - မြန်မာဝတ်စုံကိုတော့ လူတိုင်းသိပ်မသိသေးတော့ မြန်မာဝတ်စုံကို ဘယ်နေရာသွားသွား ကိုယ့်ရဲ့ ယဉ်ကျေးမှုဖြစ်အောင်ပြမယ်။ Talent ရှိုးကျရင် တူရိယာဖြစ်တဲ့မြန်မာ့စောင်းကို တစ်ကမ္ဘာလုံးသိ အောင်လို့ စောင်းတီးပြဖို့ရှိပါတယ်။

မေး - စောင်းနဲ့ ကျွမ်းဘားကို ပါဝင်ပြီးယှဉ်ပြိုင်ဖြစ်ပုံနဲ့ပတ်သက်ပြီးတော့ရော ပြောပြပေးပါဦး။
ဖြေ - မြန်မာ့တူရိယာတစ်မျိုးဖြစ်တဲ့စောင်းက တခြားနိုင်ငံတွေမှာမရှိဘူးလေ။ အဲဒါကို တီးပြ ချင်တာ။ နောက်တစ်ခု စောင်းတင်မဟုတ်ဘဲ ကျွမ်းဘားကိုလည်း ထည့်ပြီးယှဉ်ပြိုင်မှာ ညီမက မြန်မာ့လက်ရွေးစင်ကျွမ်းဘားမယ်တစ်ဦးဖြစ်တဲ့အပြင် အဲဒါကိုနှစ်ခုတွဲပြီးတော့ အထူးတလည်အ ဆန်းဖြစ်အောင် လုပ်ပြချင်တာ။ အဲဒါကြောင့် နှစ်ခုတွဲပြီးလုပ်ဖို့ကို စဉ်းစားဖြစ်ခဲ့တာပါ။

မေး - Miss Grand International ပြိုင်ပွဲအတွက် အခု ညီမဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ် နေပြီလဲ။
ဖြေ - ညီမစောင်းသင်တာ တစ်နှစ်လောက်တော့ရှိပါပြီ။ အဓိက မြန်မာသီချင်းလည်း တီးတယ်။ နိုင်ငံခြားသီချင်းကိုလည်း မြန်မာ့တူရိယာစောင်းနဲ့တီးလို့ရတယ်ဆိုတာကို သူတို့ကို ပြသချင်တယ်ပေါ့ နော်။ အခုလည်း အဲဒီပြိုင်ပွဲအတွက်ကို အိမ်မှာ ဆရာမခေါ်ပြီး သေချာတော့ လေ့ကျင့်နေပါတယ်ရှင့်။

မေး - စောင်းသင်တယ်ဆိုတာက ပြိုင်ပွဲအတွက် သီးသန့်လား။ ဒါမှမဟုတ် ဝါသနာပါတာလား။
ဖြေ - အရင်ကတည်းက သင်ဖို့စိတ်ကူးရှိပါတယ်ရှင်။ ငယ်ငယ်ကတည်းက သင်ချင်ပါတယ်။ ဒါပေမဲ့ အချိန်လည်းမပေးနိုင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မသင်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုနောက် ပိုင်းမှာ စောင်းတီးတာကို သေချာလုပ်ဖြစ်နေပါတယ်။

မေး - အခု ခင်ဝင့်ဝါပြန်လာပြီး ဆုတွေရယူလာတဲ့အပေါ် ညီမရဲ့ခံစားချက်လေးပြောပြပေးပါဦး။
ဖြေ - ညီမတို့ သူသွားတုန်းက ဆုအများကြီးမမှန်းခဲ့ဘူးပေါ့နော်။ ပြန်လာတဲ့အခါကျတော့ ဆု တွေအများကြီးယူပြီးပြန်လာတဲ့အခါ မမျှော်လင့်ထားဘဲ အများကြီးရလာတော့ သူ့အတွက် ဂုဏ်ယူ မိတယ်။ ညီမတို့လည်း မထင်မှတ်ဘဲဆိုတော့ သိပ်ဝမ်းသာပါတယ်။

မေး - မြန်မာနိုင်ငံကပရိသတ်တွေ ညီမကို ဘယ်လိုမျိုးအားပေးစေချင်လဲ။
ဖြေ - အခု ညီမပြိုင်မယ့် Grand International ပြိုင်ပွဲမှာလည်း ပေါ်ပြူလာဘုတ်ဖြစ်တဲ့ People Choice Award ဆိုတာ ပါပါတယ်။ အဲဒီဆုအတွက် ညီမကို ပြည်သူပြည်သားတွေက အား တက်သရောနဲ့ အားပေးမယ်ဆိုရင် အဲဒီဆုကတော့ ရနိုင်ပါတယ်။ တခြားဆုကိုတော့ ညီမအရည် အချင်းနဲ့ရအောင်လို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ အသေးစိတ်ကအစ ပြင်ဆင်နေပါတယ်။

မေး - ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲ။
ဖြေ - မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားမယ်။ ပြန်လာရင် ဥပမာ-မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေမှာ ကိုယ်တတ်နိုင်သလောက်လုပ်ပေးသွားဖို့ရှိပါတယ်ရှင့်။

မေး - ညီမအတွက် လိုအပ်မယ့်စကားတစ်ခွန်းကို ပရိသတ်သိအောင်ပြောပြပေးပါဦး။
ဖြေ - ညီမရှေ့မှာ တခြားနှစ်ယောက်ကိုလည်း အားပေးခဲ့ကြသလို ညီမကိုလည်း အားပေးဖို့မျှော် လင့်ပါတယ်။ ညီမကို တချို့ပရိသတ်တွေသိပ်မျှော်လင့်ထားသလို ညီမလည်းဆုရရှိဖို့ မျှော်လင့်ပါတယ်။
ရတနာမေးမြန်းသည်။
Yangon Media Group