Sony Xperia Z 1 လည်း မီနီဗားရှင်း ထွက်နိုင်

ပို့စ်တင်ချိန် - 9/12/2013 01:04:00 PM


မီနီဖုန်းတွေ အပြိုင်အဆိုင် ထုတ်လုပ်ရာမှ ဈေးကွက်မှာ ထပ်မံမြင်တွေ့နိုင်ချေ မီနီဖုန်း တစ်လုံးကတော့ Sony Xperia Z1 mini ပဲ ဖြစ်ပါတယ်။

Sony Xperia Z1 ကို IFA မှာ ကြေညာပြီးသွားပါပြီ။ ယခုရက်ပိုင်းအတွက် Leak ဖြစ်လာတဲ့ သတင်းနဲ့ ဓာတ်ပုံ ကတော့ Sony xperia Ze Mini ပဲ ဖြစ်ပါတယ်။ မီနီဆိုပေမယ့် ရေးသား ဖော်ပြချက်များအရ အရွယ်ခပ် ငယ်ငယ် ကြီးတော့ မဟုတ်ပါဘူး။ ၄.၃ လက်မ အကျယ်ရှိ HD Resolution ပေးနိုင်သော အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြု ထားပါမယ်။ RAM က 2GB ပါ။ On board Storage က 8 GB ပါဝင် ပါ တယ်။ ကင်မရာ ကလည်း 20 Megapixel တောင်ပါ။ Snapdragon 800 quad-core processor ကို အသုံးပြုထားကြောင်း ဆိုပါတယ်။

ဒီတော့ မီနီနဲ့ Z1 က အရွယ်အကြီးအသေး လောက်ပဲ ကွာ သယောင်တောင် ဖြစ်နေ ပါတယ်။ ရေစုံခံမှု ရှိမရှိတော့ ထည့်သွင်း မရေးသား ထားကြ ပါဘူး။ ခန့်မှန်းချက်များကတော့ ၂၀၁၄ ဇန်နဝါရီလမှာ ကျင်းပမယ့် CES 2014 မှာ Sony Xepria Z1 Mini ကို မိတ်ဆက် ပြသ သွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: ubergizmo
Aung Kham (TSJ team)
TechSpace Journal