ရေစည်ပင်လူသား (သို့မဟုတ်) ရေအောက်တွင် ငွေရှိသည်

ပို့စ်တင်ချိန် - 1/21/2014 08:38:00 PM


ဒလမြစ်ကမ်းဘေးရှိ အဏ္ဏဝါငါး လုပ်ငန်းအနီးရောက်လာတော့ ‘ကိုစိုး တင့်’ (အမည်လွှဲ)တစ်ယောက် သူ၏ လှေကို ကျောက်ချထားလိုက်ပြီး ရေထဲ ဆင်းရန် ပြင်လိုက် သည်။ ဆောင်းမနက်ခင်းဖြစ်၍ အအေး ဓာတ် ပိုကဲနေသော်လည်း ရေထဲဆင်း ရန်တုံ့ဆိုင်းနေ၍မဖြစ်။ ကိုယ်လက်နှေး လျင် ရေထဲရှိ ‘သံ’များ သူများလက် ထဲ ရောက် သွားနိုင်သည်။ သွက်လက်စွာပင် ရေထဲဆင်းလိုက်သည်။ ရေထဲဆင်းသွား သည့်သူ့တွင် ကိုယ်၌ဝတ်ဆင်ထားသည့် ဘောင်းဘီတိုတစ်ထည်မှအပ အခြား ပစ္စည်းတစ် စုံ တစ်ရာမပါ။ အသက်ရှူအ ထောက်အကူပြုပစ္စည်းလည်း မပါ။

သို့သော် ကျင့်သားရ ကျွမ်းကျင်မှု ဖြင့် အေးစက်နေသောရေထဲ အသက် တဝရှူပြီးငုပ်လိုက်သည်။ မည်သည့် အရာကမှ သူ့ကို တုံ့ဆိုင်းနေခွင့်မပေး။ အဘယ်ကြောင့် ဆိုသော် ဟိုးရေအောက် တွင် လူမမြင်သူမမြင်ရှိနေသော ပိုက်ဆံ များကို သူလို လုပ်ငန်းတူ အခြားသူများ လက်ဦးမသွားစေရေးက ပိုအရေးကြီး၍ ဖြစ် ပါ သည်။ရေအောက်မှ ပိုက်ဆံဆိုသည်က အခြားမဟုတ်ပါ။ သံတိုသံစများပင် ဖြစ် သည်။ ကိုစိုးတင့်ကဲ့သို့ ရေအောက်ကြမ်း ပြင်မှ ပစ္စည်းကောက်ယူရှာဖွေသူများ ကို ပတ်ဝန်းကျင်မှ သူများက ၎င်းတို့ကို ‘ရေစည်ပင်’ဟု ခေါ်ကြသည်။ ကိုစိုးတင့်သည် အသက်သုံးဆယ် အရွယ် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပြီး ဇနီး၊ သားနှင့်သမီးဆိုသည့် သူ အပါအ ဝင် မိသားစုလေးဦးကို လှေတစ်စီးဖြင့် ရန်ကုန်နှင့်ဒလအကြား မြစ်ကြမ်းပြင် အောက်မှ ‘သံ’ ရှာဖွေရောင်းချပြီး ရရှိ သည့်ငွေကြေးဖြင့် ဘဝရပ်တည်နေသူ တစ်ဦးဖြစ်သည်။

သူသည် ဝယ်ယူပြုပြင်ထားသည့် သမ္ဗန်တစ်စီးဖြင့် မနက်၆နာရီလောက် တွင် အိမ်မှထွက်ကာ ရေအောက်တွင် ‘သံ’ ရှာဖွေသည့် အလုပ်ကို စတင်လုပ် ကိုင်သည်။ မနက် ၁ဝ နာရီလောက်ထွက် အိမ်ပြန်လာပြီး ဇနီးသည်ဝယ်ထားသည့် မုန့်ဟင်းခါး၊ အသုတ်တို့ကို အဆာပြေ စားသောက်၊ ပြီးလျှင် တစ်ခေါက် ပြန် ထွက်ကာ ရန်ကုန်နှင့်ဒ လခရီး သည် ပို့သည့်အလုပ်ကို လုပ်သည်။

သူ၏ အဓိကအလုပ်မှာတော့ သမ္ဗန်တစ်စီးဖြင့် ခရီးသည်ပို့ခြင်းထက် မြစ်ကြမ်းပြင်အောက်တွင် ‘သံ’ရှာသည့် အလုပ်ကိုသာ အားထားသည်ဟုဆိုပါ သည်။ ”ဒီအလုပ်က ပိုက်ဆံရလည်းလွယ် တယ်။ ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့ အ လုပ်လည်းဖြစ်တယ်လေ”ဟု သူ့ဘဝကို သူကျေနပ်ဟန်အပြည့်ဖြင့်ဆိုပါသည်။ ယင်းသို့ မြစ်ကြမ်းပြင်ေ အာက်မှ ‘သံ’ ရှာသည့် အလုပ်သည် အများအား ဖြင့် မနက်တစ်ပိုင်းရှာဖွေသည့် ပိုက်ဆံ သည် မိသားစုစားစရိတ်အတွက် တစ် နေ့တစ်ထောင်၊ တစ်ထောင့်ငါးရာခန့်ရ ပြီး ထပ်မံ၍ခရီးသည်ပို့သည့်အခါ တစ် နေ့တာအတွက်တော့ စားစရိတ်မပူရ တော့ဘူးဟု ကိုစိုးတင့်က ပြောသည်။

”တစ်ခါတလေ သင်္ဘောတွေက နေ ပစ္စည်းကျလို့လာခေါ်ရင်လည်းလိုက် ပေးတယ်။ ဒါဆိုရင်တော့ မြိုးမြိုး မြက် မြက်လေးရတာပေါ့”ဟု ဆိုပြီး ထိုသို့ ပိုက်ဆံရရှိလာပါက ကလေးနှစ်ဦးနှင့် ဇနီးသည်တို့ထဲက တစ်ယောက်ယောက် ကိုရွှေဆင်ရန်အတွက် ရွှေဒုန်းရောင်းသည့် သာကေတရှိ ၁ဝဈေးသို့ပြေးသည်ဟုဆို ကာ စားစရိတ်အ တွက်ငွေ အလုံအလောက် ရရှိသည့်နေ့များ ‘သံ’ရှာဖွေမကောင်း သည့်နေ့များတွင် ယင်းရွှေကိုပြန်ရောင်း လိုက်သည်ဟု ရယ်ရွှင်ပြီး ပြောဆိုပုံမှာ အပူအပင်ကင်းပြီး ရိုးသားသည့် သဘော သရုပ်တစ်ခုပင် ဖြစ်နေတော့သည်။

သင်္ဘောများပေါ်မှ ပြုတ်ကျလေ့ ရှိသည့်ပစ္စည်းအများစုမှာ မော်တာ၊ ပန် ကာ၊ တက်မတို့ဖြစ်ပြီးပန်ကာသည် ‘သံ’ ပန်ကာနှင့် ကြေးပန်ကာဟူ၍ ရှိရကား သံပန်ကာ ဆင်း ရှာရသည့်အခါ လေးငါး ရှစ်ထောင်သာရ၍ ကြေးပန်ကာဆင်းရှာ ၍ ဆယ်ယူပေးနိုင်သည့်အခါ တစ်သိန်း နီးပါးရသည်ဟု ‘ကိုစိုးတင့်’က သူ အလုပ်အကြောင်း တက်ကြွစွာပင်ရှင်း ပြပါသည်။

ယင်းသို့ ပစ္စည်းဆင်းရှာဖွေပေးရ သည့်အခါ ပစ္စည်းတွေ့ပြီး ဆယ်ယူပေး နိုင်မှ ငွေကြေးရသည့်အခါရှိသကဲ့သို့ ရေထဲဆင်းပေးရုံဖြင့် ပစ္စည်းတွေ့သည် ဖြစ်စေ၊ မတွေ့ သည်ဖြစ်စေ လုပ်အားခ ပေးသူများလည်းရှိကြောင်း သိရသည်။ နေ့စဉ် စားဝတ်နေရေးအတွက် သာရှာနိုင်ပြီး နေစရာအတွက်မူ ဒေါပုံ ရှိ ကျူးကျော်မြေနေရာ၌ မိသား စုလေး ယောက်နေရုံအကျယ်တွင် အိမ်သေး သေးတစ်လုံးဆောက်ထားသည်။ တစ် ခါတစ်ရံ ရေနှင့်မျောလာသည့် သစ် များ အိမ်တွင်းထည့်အသုံးပြုနိုင်သည့် ပစ္စည်းများ ကို ကောက်ကာ တဖြည်း ဖြည်း အိမ်ကို ဖြည့်သွားရသည်။

ရပ်ကွက်လူကြီးမှာလည်း ထိုသို့ မိမိ၏ ကျူးကျော်အိမ်ကလေးအပေါ် ဘာမှတစ်စုံတစ်ရာပြောခြင်းမရှိဘဲ ဧည့် စာရင်းဖြင့် နေထိုင်ခွင့်ပေးထားသည်။ သူတို့ကဲ့ သို့ငွေကြေး မရှိသူများ၊ ရေအောက်မှ ကောက်ယူရှာဖွေနေရသည့်သူများကို တစ်ခါတစ်ရံ ပစ္စည်းပျောက်စွပ်စွဲသည့် အခါ ရပ်ကွက်နေသူများက သူတို့ဘက် မှလိုက်ပေးသည်ဟု ကိုစိုး တင့်က ရပ်ကွက် တွင်း နေထိုင်ရပုံကို ရှင်းပြပါသည်။တချို့လည်း ရေအောက်ကပစ္စည်း ရှာဖွေရင်းနဲ့ ပတ်ဝန်းကျင်က ပစ္စည်း ပျောက်တာတွေ ဘာတွေရှိတာပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုတစ်ခါမှ မ လုပ်ဘူး။ ဒါ့ကြောင့်လဲ ပစ္စည်းတွေ၊ ဘာ တွေကျရင် ကျွန်တော့်ကိုလာခေါ်တဲ့ ဖောက်သည်တွေတောင် ရှိပါတယ်”ဟု ရိုးသား မှုကြောင့် ပြန်လည်ရရှိသည့် အလုပ်အပေါ် ဂုဏ်ယူစွာဆိုသည်။

ဦးစိုးတင့်၏ ဖခင်သည် သမ္ဗန် သမားကြီးတစ်ဦးဖြစ်သောကြောင့် သူ ငယ်စဉ်ကပင် ဖခင်နောက်လိုက်ကာ ကျောင်းလည်း နှစ်တန်းအထိသာ တက် ခဲ့ပြီး ဖခင်ဘေးမှ ကူ ညီပေးခဲ့ရသူဖြစ် သည်။ ထိုမှစတင်ကာ ရေနှင့်လှေ အကျွမ်း တဝင်ရှိခဲ့ပြီး မြစ်ကြမ်းပြင်သည်လည်း မစိမ်းသော ဖွားဖက်တော်တစ်ဦးအဖြစ် ကြီးပြင်လာခဲ့သူပင်ဖြစ် သည်။ ထို့အ တွက်ကြောင့် ”ကျွမ်းကျင်ရာလိမ္မာ”ဖြစ် ကာ အောက်ဆီဂျင်မပါ မိမိအသက်အ တွက် တခြားအထောက်အကူပြုပစ္စည်း တစ်စုံတစ်ရာမပါ ဘဲ ရေငုပ်ခြင်း ကို ကြောက် စရာတစ်ခုအဖြစ် မသတ်မှတ် ဟု ပြောသည်။

ကိုစိုးတင့်သည် ယင်းသို့ ‘သံ’ရှာ ဖွေသည့် အလုပ်ကို သူ့အလုပ်စတင် လုပ်ကိုင်နိုင်သည့် အရွယ်ကပင်စတင်ပြီး လုပ်ခဲ့ခြင်းဖြစ်သည်ဟု သူနှင့် မြစ်ကြမ်း ပြင်အောက်မှ သံရှာဖွေခြင်း ရင်းနှီး ကျွမ်းဝင်ပုံကို ရှင်းပြသည်။ ယခုဆိုလျှင် ရေထဲ ဆင်းပါများလာသည့်အတွက် နားသိပ်မကောင်းဟု ကျန်းမာသော ကိုယ်ခန္ဓာရှိပြီး ကြေး နီရောင်ေ ပါက်နေ သည့် အသားအရည်နှင့် ကိုစိုးတင့်က တော်ရုံ ခေါ်ပြောသည့်အသံနှင့် သူ့နားက မကြားဟု ဆိုသည်။

ကိုစိုးတင့်၏ ဇနီးသည် မငယ်က ”သူက ကလေးတွေကိုတော့ ပညာတတ် သိပ်ဖြစ်စေချင်တယ်။ ကလေးတွေ ကျောင်းမသွားရင် မင်းတို့တွေ ကျောင်း မတက်ကြဘူး လား ဆိုပြီး အော်ရော၊ တခြားတော့ဘာမှ မပြောဘူး”ဟု ကိုစိုး တင့်မှ ကလေးများအပေါ်ထားရှိသည့် မေတ္တာနှင့် သူကဲ့သို့ ပင်ပန်းစွာလုပ်ကိုင် ရှာဖွေခြင်းမျိုးမဖြစ်စေချင်၍ ပညာ တတ် ဖြစ်စေချင်ပုံကို ရှင်းပြပါသည်။ကိုစိုးတင့်ကဲ့သို့ သံရှာဖွေသူများ သည် များသောအားဖြင့်အဏ္ဏဝါငါးလုပ် ငန်းအနီးရှိ ရေအောက်တွင် ရှာဖွေကြသူ ကများသည်။ ယင်းနေရာသည် အဏ္ဏဝါ ငါးလုပ်ငန်းနှင့် သင်္ဘောများပြုပြင်သည့် အခါ အသုံးမလိုတော့သည့် သံထည် များကို နီးစပ်ရာရေအောက်သို့ လွှင့်ပစ် တတ်ပြီး သံရှာသူများ လာရောက် ကောက် ယူခြင်းကိုလည်း ခွင့်ပြုပေးထားသည်။

”အတိုအစဆိုတော့ သူတို့လည်း ရောင်းမစားဘူး။ ကျွန်တော်တို့က အဲ့ဒီ ပစ္စည်းလေး ပေးပါလားဆိုရင်လည်း မ ပေးဘူး။ ရေထဲပစ်ချတယ်။ ရရင်တော့ ယူသွား။ သူဌေးကို က မပေးခိုင်းတာ။ သူတို့လည်း ရောင်းမစားဘူး။ အကျင့် ပျက်သွားမှာစိုးလို့ ရေထဲပစ်ချတော့ အဲ ဒီနားမှာရေငုပ်ပြီး သံရှာတဲ့သူတွေ အများ ကြီး”ဟု သံရှာဖွေသူတစ်ဦးက ဆိုသည်။ရေအောက်မှ သံရှာသူများသည် ရေထဲသို့ မဆင်းဘဲ လှေပေါ်မှ သံချွန် ဖြင့်ထိုး၍ ရှာသူများလည်း ရှိသည်ဟု ကိုစိုးတင့်က ပြောသည်။ ၎င်းတို့သည် သံချွန်ထိပ်ကိုကြည့်ကာ ရေအောက်ရှိ ပစ္စည်းသည် ဒန်လား၊ သံလား၊ ကြေး လားဆိုသည်ကို သိနိုင်သည်ဟုဆိုသည်။ သံချွန်ဖြင့်ရေအောက်ရှိ ပစ္စည်း၏ အ ကြီးအသေး၊ အမျိုးအစားကိုလည်း ခန့် မှန်းနိုင်ကြသည်။ သံပြား ဖြစ်နိုင်လား၊ ဟိုတုန်းက သင်္ဘောပျက်ဖြစ်နိုင်လား ကိုလည်း ခန့်မှန်းတတ်ကြသည်။

တစ်ခါတစ်ရံ သံရှာရန်အတွက် ရေအောက် မဆင်းချင်သည့်အခါများ တွင် သံလိုက်နှင့်ပစ်၍ ရှာသူများလည်း ရှိသည်ဟုသိရသည်။ ရရှိသည့်သံထည် များ ကိုပြန်ရောင်း သည့်အခါ တစ်ပိဿာ လျှင် ကျပ် ၄ဝဝ ခန့်ရရှိကြသည်။ ”ကျွန်တော်ကတော့ သုံးလေး ပိဿာလောက် အနည်းဆုံးရအောင် ရှာတယ်။ ဒီထက်ပိုရ တဲ့နေ့တွေလည်း ရှိတော့ရှိပါတယ်”ဟု သူ၏ တစ်နေ့တာ လုပ်အားကို ကိုစိုးတင့်ကပြောပြသည်။

ယင်းသို့ သံရှာခြင်း ပစ္စည်းရှာဖွေ ခြင်းများအပြင် လှေအတက်အဆင်း၌ ဖုန်းပြုတ်ကျပါကလည်း ပြုတ်ကျ သည့် နေရာအတိအကျပြောနို င်ပါက တွေ့ အောင် ရှာဖွေေ ပးနိုင်ပြီး ရှာပေးသည့် အတွက် အခကြေးငွေကိုမူ သတ်မှတ် ထားကြခြင်းမရှိဘဲ ဖုန်းကျသူမှ ပေး သော ငွေကြေးကိုသာ ယူကြသည်ဟု သိရသည်။ရေအောက်တွင် ကိုစိုး တင့်ကဲ့သို့ အသက်အတွက် အထောက်အကူပြု ပစ္စည်း တစ်စုံတစ်ရာ မပါဘဲ ရေငုပ်ရှာ ဖွေသူများရှိသကဲ့သို့ အောက်ဆီဂျင်တပ် ၍ ပစ္စည်းရှာသူများလည်းရှိကြသည်။

တစ်နေ့တာလုံး ပင်ပန်းစွာ ရေ အောက်တွင် ရှာဖွေလုပ်ကိုင်ကြသော သူများ အတွက်တော့ တစ်နေ့တာကို မည်သို့အပန်းဖြေကြသည်မသိ။ ကိုစိုး တင့်ကတော့ တစ်နေ့ လျှင် လက်ဖက် ရည် သုံးခွက်လောက်တော့ အနည်းဆုံး သောက်သည်။ ညရောက်လျှင်သားသမီး နှင့် ဇနီးသည်လက်ကိုဆွဲကာ ရပ်ကွက်ရှိ လက်ဖက်ရည် ဆိုင် တွင် လေးငါးရာဖိုးမှာ ယူစားသောက်၍ ယင်းဆိုင်မှ ပြသည့် ဗီဒီယိုတစ်ခွေပြီးအောင်ကြည့်သည်။ ပြီးလျှင် အိမ်ပြန် အိပ်ပြီး မနက်လှေဖြင့် သံရှာရန် ထွက်ပါသည်။

ဒီနေ့ အဖို့တော့ ကိုစိုးတင့် တစ် ယောက်ဝင်ငွေကောင်းသည်။ သံရှာဖွေ ရာတွင်လည်းငါးပိဿာရပြီး ခရီးသည် တစ်ယောက်မှ လှေအတက်အဆင်းတွင် ဖုန်းပြုတ် ကျသွားသောကြောင့် သူဆင်း ဆယ်ပေးရာ မုန့်ဖိုးတစ်သောင်းရလိုက် သည်ဟု ရွှင်လန်းတက်ကြွနေဟန်ဖြင့် ရှင်းပြပါသည်။ ထို့နောက် ကိုစိုးတင့်သည် စားပွဲ ထိုးလေး လာချပေးသော နွားနို့နှင့် မုန့် ကို ဇနီးနှင့် ကလေးများဘက်တိုးပေးရင်း လက်ဖက်ရည်ကိုတော့ နှစ်ခြိုက်စွာမော့ သောက်နေတော့သည်။ ပြီးလျှင် သူ ပြော လိုက်သော စကားမှာ ”သားသမီး တွေကိုတော့ ဆရာဝန်ကြီး၊ အင်ဂျင်နီ ယာကြီးဆိုပြီးဖြစ်ရမယ်ဆိုပြီး အများ ကြီး မျှော်လင့်မထားဘူး။ ဒါပေမဲ့ သူ တို့ကို ကျောင်း သွားခိုင်းတာက ကိုယ့် လိုမျိုး စားဝတ်နေရေးအတွက် ပင်ပင် ပန်းပန်းမရှာဖွေစေချင်ဘူး” ဟု ဘေး နားရှိ သားနှင့် သမီးခေါင်းကို ပွတ်သပ် ရင်း ကိုစိုးတင့် ဆိုလိုက်သည်။

အိမ်စည်စိုးစံ၊ ခိုင်နွယ်ဦး
Popular Journal