တရုတ်စီးပွားရေး ၂၀၁၃ ခုနှစ်အတွင်း ၇.၇ ရာခိုင်နှုန်းတိုးတက်ခဲ့

ပို့စ်တင်ချိန် - 1/21/2014 08:00:00 AM


ဇန်နဝါရီ ၂၀။

ပြီးခဲ့သောနှစ်အတွင်း မျှော်လင့်ထားသည့်အတိုင်း ၂၀၁၂ ခုနှစ်ကဲ့သို့ တရုတ်စီးပွားရေး ၇.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း တရုတ်အစိုးရမှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သော ၁၃ နှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းအနည်းဆုံး အဖြစ်မှတ်တမ်းဝင်ခဲ့သည်။

တစ်နှစ်တာ၏ လေးပုံတစ်ပုံ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း တိုးတက်မှုသည် ပြီးခဲ့သောသုံးလမှ ၇.၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်လျော့ကျသွားပြီး ၇.၇ ရာခိုင်နှုန်းပင် ရှိသည်ဟု သတင်းအချက်အလက်ဆိုင်ရာ နေရှင်နယ်ဗျူရိုမှ ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ GDP သည် AFP မှ စီးပွားရေးပညာရှင် ၁၄ ယောက်၏ စစ်တမ်းကောက်ခံပြီး ထုတ်ပြန်ထားသော ပျမ်းမျှခန့်မှန်းခြေအတိုင်းပင်ဖြစ်ပြီး ထုံးစံအတိုင်းပင် အစိုးရ၏ တစ်နှစ်တာခန့်မှန်းခြေ ၇.၅ ရာခိုင်နှုန်းထက် ပိုလွန်ခဲ့သည်။

လေးလတာတိုးတက်မှုမှာမူ AFP မှ ပျမ်းမျှခန့်မှန်းခြေ ၇.၆ ရာခိုင်နှုန်းထက် အနည်းငယ် သာလွန်ခဲ့သည်။

NBS မှထုတ်ပြန်မှုတွင် “ယေဘုယျအနေနဲ့ ၂၀၁၃ ခုနှစ်အတွင်း တရုတ်စီးပွားရေးဟာ ရရှိဖို့မလွယ်ကူတဲ့ တည်ငြိမ်ပြီး အလယ်အလတ်တိုးတက်မှုနှုန်း ရှိပါတယ်”ဟု ပါဝင်သည်။

“ဒါပေမဲ့ တရုတ်စီးပွားရေးအတွက် အရေးကြီးတဲ့ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ သတိထားရမှာက အချိန်ကာလတွေအပေါ် တည်ဆောက်လာတဲ့ နက်ရှိုင်းတဲ့ပြဿနာတွေဟာ ဖြေရှင်းဖို့ ကျန်ရှိနေသေးတယ် ဆိုတာပါပဲ” ဟုလည်း ပါဝင်သည်။

REF: AFP
The Myanma Age