ငါးမိုင်းခွဲရန်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်

ပို့စ်တင်ချိန် - 1/21/2014 11:00:00 PM


နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် ၃ နာရီ ၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နမ်းခါးကျေးရွာအရှေ့မြောက်ဘက် (၆)ဖာလုံခန့်အကွာ မြစ်သာမြစ်နံဘေးတွင် ကျော်မင်း(ခ)ကိုကောင်း(၂၂)နှစ်သည် လွန်ခဲ့သော(၁)လခန့်က ဖားကန့်သို့ ကျောက်တူးသွားရာမှ အပြန်တွင် ယူဆောင်လာသော ကျောက်တူးလုပ်ငန်းတွင် အသုံးပြုသည့် အလေးချိန် ၃ ကျပ်သားခန့်ရှိ အ၀ါရောင်ယမ်းပျော့အား Shark အချိုရည်ဗူးခွံဖြင့် ငါးမိုင်းခွဲရန်ပြုလုပ်နေစဉ် လက်ထဲ၌ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယမ်းပေါက်ကွဲမှုကြောင့် ကျော်မင်း(ခ)ကိုကောင်းတွင် ယာလက်ကောက်ဝတ်ပြတ် ဒဏ်ရာ၊ ၀ဲလက်ခလယ်/လက်သူကြွယ်/ လက်သန်းတို့တွင် စုတ်ပြတ်ကြွေမွဒဏ်ရာ၊ မျက်နှာပြင် တစ်ခုလုံးတွင် ယမ်းစမှန်၍ ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်ပေါင်ရင်း/ရင်ဘတ်တွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကာ ဟံသာဝတီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီး ယမ်းအားပေါ့လျော့စွာအသုံးပြု၍ မိမိကိုယ်ကို ဒဏ်ရာရရှိစေသူ ကျော်မင်း(ခ)ကိုကောင်းအား ကန်နယ်မြေရဲစခန်း (ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်