တပ်မတော်သည် ဒီမိုကရေစီ စည်းအပြင် ရောက်နေဟု ဟံသာဝတီ ဦးဝင်းတင် ပြော

ပို့စ်တင်ချိန် - 1/21/2014 04:54:00 PM


ရန်ကုန် ၊ ဇန်နဝါရီ ၂၀  ။     ။ အမျိုး သားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် တပ်မတော်ပါဝင်ရန် လိုအပ်သကဲ့သို့ ပြုပြင်ပြောင်း လဲမှုများပြုလုပ်ကာ ဒီမိုကရေစီ စည်းအတွင်းသို့ ပြန်လည်ဝင် ရောက်ရန်လည်း လိုအပ်ကြောင်း သတင်းစာ ဆရာကြီး ဟံသာ ဝတီဦးဝင်းတင်က ထောက်ပြ ပြောဆိုလိုက်သည်။

ဟံသာဝတီဦးဝင်းတင်က ““တပ်မတော်က ဦးသိန်းစိန်လုပ် နေတဲ့ နိုင်ငံရေးအပြောင်းအ လဲတွေမှာ ထောက်ခံပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲတွေ ကိုထောက်ခံပါတယ် ပြောနေ  သော်ငြားလဲ တပ်မတော်ဟာ ဒီကနေ့အချိန်အထိကတော့ စည်းအပြင် က လူဖြစ်နေတယ်။ ဒီမိုကရေစီစည်းအပြင်ရောက် နေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ အဲဒီတော့တပ်မ တော်က စည်းအတွင်းကိုပြန် ဝင်လာဖို့လိုလိမ့်မယ်။ တပ်မ တော်ကိုယ်တိုင်ကလဲ ဒီမိုကရေ စီနဲ့ကိုက်ညီတဲ့ ပြုပြင်ပြောင်း လဲမှုတွေ တပ်မတော် အတွင်း မှာလုပ်ရလိမ့်မယ်””ဟု ရန်ကုန် တိုင်းမ်သတင်းစာနှင့် သီးခြား တွေ့ဆုံစဉ် ပြောကြားသည်။

အမျိုးသား ပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်တွင် တပ် မတော်အပြင် တိုင်းရင်းသား လူမျိုးစုများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ ပြည် တွင်းပြည်ပရှိအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများအား လုံး ပါဝင်ရန် လိုအပ် မည်ဖြစ် ကြောင်း အကြံပြုပြောသည်။

တိုင်းရင်းသားခေါင်းဆောင်ဖြစ်သူ ချင်းအမျိုးသား ပါတီဥက္ကဋ္ဌဌဦးဇိုဇမ်က ““ဖက်ဒ ရယ်ပြည်ထောင်စု တပ်မတော် အတွက် နှစ်ဖက်ညှိနှိုင်းရမယ့် ကိစ္စတွေမှာ တပ်မတော်အနေ နဲ့မူအားဖြင့် သဘောတူရမှာ က တိုင်းရင်းသားတွေဘက် က ရော နိုင်ငံရေးသမား တွေလိုချင် တဲ့ကိစ္စက တပ်မတော်အနေနဲ့ ရဲဘော်တပ်သားအောက်ခြေ အနေနဲ့ တိုင်းရင်းသားလူငယ် တွေကို အသုံးချတာကိုတော့ ဒီအချိန်မှာရပ်သင့်ပြီ။ မဖြစ်သင့် တော့ဘူး။ ဗိုလ်အယောက်၉၀ ရှိရင် တိုင်းရင်းသား အနည်း ဆုံး ၃ဝ မရှိသင့်ဘူးလား။ တိုင်းရင်း သားလူငယ်တွေလဲ ဗိုလ်ချုပ် နေရာရသင့်တယ်။ ထိုက်သင့် တဲ့နေရာ၊ သင့်တော်တဲ့နေရာ ပေးရမယ်။ ရေရှည်အတွက် သဘောထားကြီးရမယ်””ဟု သုံးသပ်ပြောဆိုသည်။

သတင်းစာဆရာကြီး  ဟံသာဝတီဦးဝင်းတင်က ““တပ်မတော်က အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ဖို့အတွက် ကျွန် တော်တို့ဘက်က မေတ္တာထား သလို ပြည်သူအပေါ်မှာ မေတ္တာ ထားဖို့လိုတယ်။ တပ်မတော်က သူ့ဘက်ကလဲပြင်ရမယ်။ စစ် အာဏာရှင် များချမှတ်ထားတဲ့ လိုင်းအတိုင်း သွားနေလို့က တော့မရဘူး။ ဒါ့ထက်ပိုပြင်ရ မယ်လို့ ကျွန်တော်ကယူဆတယ်””ဟု ထောက်ပြပြောဆိုသည်။

ရဲလင်းထက်

Yangon Media Group