အရေးပေါ်အခြေအနေ (သို့မဟုတ်) …

ပို့စ်တင်ချိန် - 1/21/2014 06:00:00 AM


ဇန်နဝါရီ ၂၀။

လက်ရှိထိုင်းနိုင်ငံတွင်း အခြေအနေများသည် အရေးအပေါ်အခြေအနေ အမိန့်ထုတ်ပြန်နိုင်ပါသလားဟု မေးမြန်းသောအခါ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယဉ်လတ်ရှင်နာဝပ်ထရာ အနေဖြင့် ဆိတ်ဆိတ်နေခဲ့ကြောင်း တနင်္လာနေ့ရ သတင်းများမှဆိုသည်။

ချာအန်ဝမ်တနာလမ်းရှိ ကာကွယ်ရေးအတွင်း ဝန်ရုံးသို့ မစ္စယဉ်လတ် မနက်၁၀နာရီခန့်က ရောက်ရှိခဲ့သည်။ ဇန်နဝါရီ၁၃ရက်နေ့ ဗန်ကောက်ပိတ်ဆို့မှု စတင်ကတည်းက ပြည်သူ့ဒီမိုကရေစီ ပြန်လည်ပြုပြင်ရေး ကော်မတီ (PDRC)ဆန္ဒပြသူများ၏ နေ့စဉ်လှုပ်ရှားမှုကို စောင့်ကြည့်ရန် ထိုရုံးခန်းကို အစိုးရ၏ အခြေစိုက်ရုံးအဖြစ် အသုံးပြုခဲ့သည်။

ယခုအခြေအနေတွင် အရေးပေါ်အမိန့်ထုတ်ပြန်ရန် လိုအပ်ပါသလားဟု မေးမြန်းခဲ့သောအခါတွင် ပြန်ကြားခြင်း မရှိပေ။

အခြားအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများလည်း ရုံးခန်းသို့ရောက်ရှိနေကြသည်။ ၎င်းတို့ထဲတွင် လက်ထောက်ဝန်ကြီးချုပ် ကစ်တီရတ်နာရန်နောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီး အနူဒစ်နကောင်းသက်၊ တရားစီရင်ရေးဝန်ကြီး ချိုက်ကစမ်နစ်တီစရီနှင့် ဝန်ကြီးချုပ်၏ အထွေထွေအတွင်းရေးမှုး ဆူရာနတ်ဗစ်ဂျာဂျီဗား တို့ပါဝင်သည်။

ပို့ဆောင်ရေးလက်ထောက်ဝန်ကြီးချုပ် ပရင်ဆူဝမ်နာသက်အား နိုင်ငံရေးအခြေအနေပေါ်မှတ်ချက်ပေးရန် မေးမြန်းသောအခါ ရဲတပ်ဖွဲ့အနေနှင့် လုံခြုံရေးဆိုင်ရာအစီအမံများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုဆိုင်ရာ အုပ်ချုပ်စီမံရေးအဖွဲ့မှ လက်ရှိအခြေအနေများကို အကဲဖြတ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ရန် ရှိ၊မရှိ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုသွားသည်။

လက်ရှိဆန္ဒပြသူများတွင် အရောင်ရှိသူများ၊ များစွာပါဝင် ပတ်သက်နေကြာင်း အစီရင်ခံစာများ၌ ဖော်ပြထားသည်ကို အစီရင်ခံစာများအား အတည်မပြုရသေးကြောင်း ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သောနှစ်များအတွင်း ရှပ်နီဝတ်၊ ရှပ်ဝါဝတ် ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။

REF: Bangkok Post
The Myanma Age