အရပ်သားအစိုးရလက်ထက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်ရှိဆဲ

ပို့စ်တင်ချိန် - 1/21/2014 09:00:00 PM


မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာကိုပဲ မြန်မာစစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ရှိနေတဲ့အကြောင်း "အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့်စနစ်" လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို WLB အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဇန်န၀ါရီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ အထူးအခွင့်အရေးရနေတဲ့ မြန်မာစစ်တပ်ဟာ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့် ရနေတဲ့အတွက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဖြစ်ပွားနေတာဖြစ်တယ်လို့ WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး - ၂ ဂျူလီယာ မာရစ်(ပ်) က ပြောပါတယ်။ ၀ါရှင်တန်ဒီစီကို ရောက်လာခဲ့တဲ့ မဂျူလီယာကို ဗွီအိုအေရုံးမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။
VOA Burmese News