ရန်ကုန်- ကျိုက်ထို အမြန်ရထား ပြေးဆွဲရက် ပြောင်းလဲရန်ရှိ

ပို့စ်တင်ချိန် - 1/21/2014 08:30:00 AM


ရန်ကုန်၊ ဇန်နဝါရီ ၂၀။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက စတင်ပြေးဆွဲခဲ့သော ရန်ကုန်- ကျိုက်ထို အမြန်ရထားအား ပြေးဆွဲသည့်ရက် အားပြောင်းလဲသွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထားရုံးမှ ဇန်နဝါရီ ၂၀ ရက်နေ့က သိရသည်။

အဆိုပါ ရန်ကုန် ကျိုက်ထို အမြန်ရထားသည် စနေ တစ်ရက်ထဲသာ ပြေးဆွဲသော်လည်း စီးနင်းသူ နည်းပါးခြင်းနှင့် ရန်ကုန် ကျိုက်ထိုပို့ ဆောင်နေသော အဝေးပြေးကား ဈေးကွက်အား ယှဉ်နိုင်ရန်အတွက် ယင်းကဲ့သို့ ပြောင်းလည်းရ ခြင်းဖြစ်ကြောင်း မြန်မာမီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြေးဆွဲတဲ့ပြောင်းလဲဖို့ အတွက်ကတော့ လုပ်နေတယ် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနကို တင်ပြထားတယ် ပြန်မကျသေးဘူး ဒီအတွက်လည်း စောင့်နေတယ်” ဟု  မြန်မာမီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန် ကျိုက်ထို အဆုံအဆန် ရထားသည် ရိုးရိုးတန်း မှ ၁၃၀၀ ကျပ် အထူးတန်းမှ ၂၃၀၀ ကျပ် အထိပေးရပြီး ရန်ကုန် ကျိုက်ထို အဝေးပြေးကားခသည် ၃၀၀၀ ကျပ်မှ ၅၀၀၀ အထိ ပေးရကြောင်း သိရသည်။

“ပြေးဆွဲခိျန်ကို ပြောင်းမှာမဟုတ်ဘူး ရက်ကိုပဲ ပြောင်းလိုက်မှာ ခါတိုင်းကတော့ စနေ ည ၇း၀၀ ထွက်တယ် အခုပြောင်းလိုက်တာကတော့ သောကြာနေ့ည ၇း၀၀ အဓိကတော့ ကားစီးတဲ့လူက များနေတယ် အပြောင်း အလဲဖြစ်အောင်လို့ ပါ” ဟု မြန်မာ့မီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောဆိုသည်။

လက်ရှိ ရန်ကုန်မြို့တွင်  ရထား အသုံးပြုသူသည် တစ်ရက်လျင် ရထားခရီးသည် ၉၀၀၀၀ ခန့်သွားလာနေလျက် ရှိပြီး ယင်းထဲတွင် ခရီးသည် ၂၀၀၀၀ ခန့်သည် ရပ်ဝေးခရီးများသို့ သွားရောက်ကျကြောင်း Jica မှ သိရသည်။ ၎င်းအပြင် ရန်ကုန်တွင်း ပြေးဆွဲလျက်ရှိသည့် မြို့ပတ် ရထားသည် တစ်ရက်လျင် သိန်း ၂၀ ခန့် အရှုံးပေါ်လျက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထားရုံးမှ သိရသည်။

နှင်းနွယ်
The Myanma Age