ဆန်စပါးဝယ်ယူရေးအစီအစဉ်တွင် တာဝန်ပျက်ကွက် ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် တရားစွဲဆိုခံရမည်

ပို့စ်တင်ချိန် - 2/21/2014 02:12:00 AM




ဝင်းသော်တာ ဘာသာပြန်သည်။   |   Thursday, 20 February 2014
 စစ်ဆေးအရေးယူခံရတော့မည့် ယင်လပ်စစ်ဆေးအရေးယူခံရတော့မည့် ယင်လပ်
ဘန်ကောက် - ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာ ၀ပ်ကို တာဝန်ပျက်ကွက်မှုဖြင့်
တရားစွဲဆိုတော့ မည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိများက ဖေဖော်ဝါရီလ
၁၈ ရက်နေ့က ပြောကြားခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဘန်ကောက်မြို့၌ သပိတ်စခန်း နေရာများကို ပြန်လည်
သိမ်းပိုက်ရန် ကြိုးစား သည့် ရဲတပ်ဖွဲ့ဝင်များနျင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများအကြားဖြစ်ပွား
ခဲ့သော အဓိကရုဏ်း များကြောင့် လူလေးဦး (ဘလွန်းဘာ့ဂ်သတင်း အရ ငါးဦး) သေဆုံးခဲ့ပြီး
ဒါဇင်ပေါင်းများစွာဒဏ်ရာရရှိခဲ့သည်။
အစိုးရ၏ အငြင်းပွားဖွယ် ဆန်စပါးဝယ်ယူသည့် အစီအစဉ်တစ်ရပ်နှင့်ဆက်စပ်ပြီး အကယ်၍ ပြစ်မှု
ထင်ရှားပါက ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ရာထူးမှ ထွက်ပေးရလိမ့်မည်ဟု အမျိုးသားအဂတိ
လိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က ပြောကြားခဲ့သည်။ အဓိကရုန်းနျိမ်နင်းရေးရဲများက ဆန္ဒပြ
သူ များ သိမ်းယူထားသည့် အစိုးရ အဆောက် အအုံများကိုပြန်လည်သိမ်းယူရန် ကြိုးစားရာ
ဘန်ကောက်မြိုကတော်၏ ကမ္ဘာလှည့်ခရီးသွား များ အများဆုံးသွားရောက်ရာ နေရာများနှင့်
မဝေးလှသည့် သမိုင်းဝင်ခရိုင် နေရာတစ်ခုတွင် ပစ်ခတ်မှုများနှင့်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး
နာရီအနညှ်းုယ်အကြာ၌ ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန္ဒပြသူများထံ ပြန်လည်ပစ်ခတ်နေသော ရဲများနှင့် ဒဏ်ရာဖြင့်လဲကျနေသည့်ရဲများ။ဆန္ဒပြသူများထံ ပြန်လည်ပစ်ခတ်နေသော ရဲများနှင့် ဒဏ်ရာဖြင့်လဲကျနေသည့်ရဲများ။
အရပ်သားသုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသားတစ်ဦးအပါအ၀င် အခြားလူ ၆၄
ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဘန်ကောက်မြို့ အယ်ရာဝန် အရေးပေါ် ဆေးကုသမှုဌာနက
ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ရဲအရာရှိ ၂၄ ဦးပါဝင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဆန္ဒပြသူများဘက်မှ ပြင်းပြင်းထန်ထန် ပြန်လည်ခုခံရာ နောက်ဆုံး ရဲတပ်ဖွဲ့ဝင်များ ပြန် လည်
ဆုတ်ခွာခဲ့ရသည်။ ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး သေစေနိုင်လောက်အောင် ပစ်ခတ် သူများမှာ
မည်သူမည်ဝါဖြစ်ကြောင်း အသေ အချာ မသိရှိရသော်လည်း ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်
များကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဆန္ဒပြသူများက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ၀န်ကြီးချုပ်ရုံးတည်ရှိရာ ခြံဝင်းတံခါးအရှေ့ဘက်
ကို သဲအိတ်များဖြင့် ပိတ်ဆို့ကာ ဘိလပ်မြေများ လောင်းချခဲ့ပြီး နောက်တစ်နေ့၌ ၀န်ကြီးချုပ်ယင်
လပ်ရုံးထိုင်ရာ အစိုးရအဆောက် အအုံနားမှ တစ်နာရီအတွင်း ထွက်ခွာပေးရန် ရဲတပ်ဖွဲ့ဝင်တစ်ဦး
၏တောင်းဆိုမှုကို အစိုးရ ဆန့်ကျင်ဆန္ဒပြသူများက ပယ်ချခဲ့သည်။
"ဒီနေရာမှာ အစိုးရလုပ်ငန်းတွေ ဘယ်လိုမှ ထပ်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဖမ်းဆီးမှုတွေကြောင့်
လည်း ကျွန်တော်တို့ရဲ့ ဆန္ဒပြမှုတွေကို ရပ်ပစ်မှာ မဟုတ်ပါဘူး။ အစိုးရကတော့ ရှေကဆက်
ရမယ့်လမ်းမတွေ့ဘဲ ချောင်ပိတ်မိနေ ပါပြီ" ဟု အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု၏ ပြောရေး ဆိုခွင့်
ရှိသူ အကာနက် ပရွမ်ဖမ်ကပြောကြား ခဲ့သည်။ အစိုးရတပ်ဖွဲ့များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူ
များကို အင်အားသုံး၍ မဖြိုခွင်းရန် ထိုင်းတရားရုံးတစ်ရုံးက ဖေဖော်ဝါရီလ ၁၉ ရက် တွင် အမိန့်
ထုတ်ပြန်ခဲ့သည်။
(အေအက်ဖ်ပီ)
မြန်မာတိုင်းမ်