လယ်ယာမြေစုံစမ်းရေး ရုံးခန်းတွေ ဖွင့်လှစ်

ပို့စ်တင်ချိန် - 2/21/2014 05:22:00 PM


စစ်တပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကတွေက စွန့်လွှတ်လိုက်တဲ့ လယ်မြေနဲ့ အခြား မြေတွေထဲမှာ ကိုယ့်မြေတွေ ပါ၊ မပါ ပြည်သူတွေ စုံစမ်းနိုင်မယ့် ရုံးခန်းတချို့ကို နေပြည်တော် မြို့နယ်တွေမှာ ဖွင့်လှစ်လိုက်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစဉ်က ထုတ်ပြန် ကြေငြာပါတယ်။

လယ်သိမ်းယာသိမ်းခံရသူတွေအနေနဲ့ အဲဒီ ရုံးတွေမှာ သွားရောက် စုံစမ်းပြီး ကိုယ့်လယ်၊ မြေ ပြန်ရရေးကိစ္စတွေကိုလည်း ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေ စစ်တပ်က စွန့်လွှတ်လိုက်တဲ့ မြေဧက ၁ သိန်းကျော် ဆိုတာဟာ လည်း လယ်သမားတွေကို တိုက်ရိုက် ပြန်ပေးတာမျိုး မဟုတ်ပဲ ပြည်ထဲရေးဝန်ကြီးဌာနကို အပ်နှံလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကို သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က စိစစ်ပြီး လယ်သမားနဲ့ မြေပိုင်ရှင်တွေကို လက်ရောက် ပြန်ပေးဖို့ တာဝန်ရှိတယ်လို့ တပ်မတော်သား လွှတ်တော်အမတ် ဒုဗိုလ်မှူးကြီး စောရွှေကလည်း နေပြည်တော် လွှတ်တော် အစည်းအဝေးအတွင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

DVB Burmese