ချရခက်တဲ့ အဆီခဲများ (Cellulite) ကုနည်း

ပို့စ်တင်ချိန် - 2/21/2014 05:36:00 PM


----------------------------

လိမော်သီးခွံပုံစံ cellulite များကို အသက်အရွယ်မရွေး အမျိုးသမီးတိုင်းရဲ့ ခြေသလုံး၊ တင်ပါး လက်မောင်းနဲ့ ဗိုက် စတဲ့နေရာများမှာ တွေ့ရတတ်ပါတယ်။ အဆီ cells တွေက အပြင်ဘက်ဆုံး အလွှာမှာ မာကြောတဲ့ အသွင်နဲ့ မညီမညာ မလှမပ နေရာယူလေ့ရှိပါတယ်။ cellulite များကို အစားတွေလျော့စားပြီး ကိုယ်အလေးချိန်ချနေပါစေ သူ့ဘာသာ ကြေပျက်သွားဖို့အလွန်ပဲခက်တယ် ဆိုတာ အားလုံးကြုံဖူးမှာပါ။ အဲဒီ cellulite တွေကို ကုသနတဲ့ နည်းတချို့ ကတော့ အစားအသောက်၊ အနေအထိုင် နဲ့ အခုခေတ်ပေါ် အလှကုန်များ ကုထုံးနည်းတွေကို သုံးပြီး ကုသသွားနိုင်ပါတယ်။

၁။ ကိုယ်ခနာမှာ ရေဓါတ်များများရှိနေရင် လန်းဆန်းတဲ့ ဆဲလ်အသစ်တွေက cellulite တွေကို ခြေဖျက်ပေးဖို့ အထောက်အကူပြုပြီး New cell အနေနဲ့ နေရာယူ ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် ခနာကိုယ်က လိုအပ်တဲ့ ရေပမာဏ ရရှိအောင် ရေတစ်ရက် ၈ခွက်အနည်းဆုံး သောက်ပါ။ အကောင်းဆုံးကတော့ အနီးအနားတွင် ရေတစ်ဗူးအမြဲဆောင်ထားပြီး မကြာခဏသောက်ပေးပါ။

၂။ အစိမ်းရောင်အရွက် နဲ့ သစ်သီးတွေများများစားပေးခြင်းဟာလဲ cellulite တွေကို လျော့ပါးလာအောင် အထောက်အကူပြုပါတယ်။ ရေဓါတ် ၊ အမျှဉ်ဓါတ်နဲ့ ခနာကိုယ်မှာ မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ငှက်ပျောသီး၊ ကီဝီ၊ စတော်ဘယ်ရီ၊ ဘန်ဒါစေ့၊ နို့၊ အစိမ်းရောင် အရွက်သုတ်များ၊ broccoli၊ carrots နဲ့ တခြား ဟင်းသီးဟင်းများများ ကို နေ့စဉ် စား ပေးသင့်ပါတယ်။
၃။ မကျန်းမာတဲ့ အဆီတွေ နဲ့ တည်ဆောက်ထားတဲ့ cellulite တွေကို့ ခနာကိုယ်မှာ အထောက်ကူပြုတဲ့ အဆီများနဲ့ လဲချေဖျက်လို့ရပါတယ်။ ထောပတ်သီး၊ သံလွင်ဆီ၊ ငါးကြီးဆီ၊ သစ်စေ့များ စတဲ့ ကောင်းတဲ့အဆီတွေနဲ့ အစားထိုး တည်ဆောက်ထားတဲ့ cellulite တွေက skin toned ကို ညီညာစေပြီး ကျန်းမာတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ပါတယ်။

၎။ အာလူးကြော်၊ ကြက်ကြော်၊ ကြက်သွန်ကွင်းကြော်၊ ပေါက်ပေါက်၊ အာလူးချောင်း၊ ချီစ့် ပတ်၊ ဆားများတဲ့အစာများ၊ စီသွပ်ဗူးများ၊ canned soup ၊ အချိုများသော သကြားလုံး၊ ကိတ်မုန့်ဆိုင်ထွက်ပစည်းများနှင့် ဆိုဒါပါသော ဖျော်ရည်များဟာ cellulite ကို အားပေးတဲ့ တိုးပွားအောင် အစားအစာများဖြစ်လို့အဓိကရှောင်ကြဉ်ရပါမယ်။ အဆီ နှင့် ကိုယ်အလေးချိန်ကိုပါ တိုးစေတဲ့အပြင် အဆီအိတ်တွေထဲမှာ ရေဓါတ်တွေကိုပါသိုလှောင်စေပါတယ်။

၅။ အလေးမလေ့ကျင့်ခန်းများ၊ နှလုံးခုန်မြန်စေသော လေ့ကျင့်ခန်းများ၊ ကြွက်သားလေ့ကျင့်ခန်းများက လဲ cellulite တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပေါင်၊ တင်ပါး၊ ဗိုက် စတဲ့ နေရာတွေကို အဓိကထားပြီး လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့်အသားအရည် ချောမွေ့စေပါတယ်။ တခြား အပြင်ဘက်ပန်းခြံတွေမှာ တာဝေးပြေးခြင်း၊ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း များလဲလုပ်ပေးနိုင်ပါတယ်။

၆။ ချေးချွတ်ပေးခြင်း၊ ချွေးထုတ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း ၊ ချေပေးခြင်းများပြုလုပ်ပေးခြင်းဖြင့်လဲ သွေးလည်ပတ်မှုမှန်ကန်စေပြီး အဆိပ်များကို ပါ လျော့နည်းစေပါတယ်။ cellulite ရေချိုးဆပ်ပြာရည် ရေချိုးပြီး brush နဲ့လဲ ပွတ်တိုက်ပေးလို့ရပါတယ်။ ရေနွေစိမ်တဲ့အခါ ကြက်သိမ်းနွေး သို့ ရေအေးနဲ့စိမ်ပေးခြင်းကလဲ အသားအရေကို တင်းတင်းရင် ဖြစ်စေပါတယ်။ ပြီးရင် caffeine ၅% ပါတဲ့ လိုးရှင်း လိမ်းပေးပါ။ တခြား cellulite lotion တွေလဲ ၀ယ်လိမ်းလို့ ရပါတယ်။

၇။ အခုနောက်ဆုံးပေါ်ကုသနည်းတွေများကို လဲ အကုန်အကျခံ ကုသနိုင်ပါတယ် အဆီချ လိမ်းဆေးများ၊ တုန်ခါစက်များ၊ fat burn အနှိပ်စက်များ၊ အဆီစုပ်စက်များ၊ RF အဆီခြေစက်များ၊ Laser အဆီချခြင်းများ၊ ခွဲစိတ်ကုသခြင်းများဖြင့် အချိန်တိုအတွင်းလဲ ကုသနိုင်ပါတယ်။

အားလုံး ရွှင်ပြုံးနိုင်ကြပါစေ။
Myanma Spectrum