ရွှေစက်တော် ဘုရားဖူးခရီးသည် များပြားလာသဖြင့် တည်းခိုခဈေးနှုန်းများမြင့်တက်

ပို့စ်တင်ချိန် - 2/21/2014 11:05:00 AM


ယခုနှစ်ရွှေစက်တော် ဘုရားပွဲ တော်တွင် လာရောက်ဖူးမြော်သူသိသာစွာများပြားလာသဖြင့် တည်းခို ခဈေးနှုန်းများ ယခင်နှစ်ကထက် မြင့်တက်လာသည်။ နှစ်စဉ်ကျင်းပသည့် ရွှေစက်တော်ဘုရားပွဲတော် ကာလတွင် ဘုရားဖူးပြည်သူများလာ ရောက်ဖူးမြော်သူ များပြားလေ့ရှိသော်လည်း ယခင်နှစ်ကထက် ဘုရားဖူး ဦးရေသိသာစွာ များပြားနေသဖြင့်တည်းခိုခဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဘုရားဖူးခရီး သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရေးအတွက် ဘုရားအနီးချောင်းနံဘေး တွင် ဆယ်ပေပတ်လည်းအခန်းများ
ဖွဲ့စည်းပါဝင်သည့် တည်းခိုခန်းများ ဆောက်လုပ်ငှားရမ်းလျက်ရှိရာ ယခင်နှစ်ကထက်သိသိသာသာဈေးနှုန်း မြင့်တက်လာခဲ့သည်။

ရွှေစက် တော်ဘုရားရှိခြေတော်ရာမှာ သံကွန်ချာနှင့် ကာကွယ်အုပ်ဆိုင်းထား ပြီး ပွဲတော်ကာလအတွင်းမှာသာလွတ်လပ်စွာ ဖူးတွေ့မြင်ကြသဖြင့် ရွှေစက်တော်ဘုရားပွဲတော်မှာ တစ်နှစ် ထက်တစ်နှစ်ဘုရားဖူး ပရိသတ်တိုးတက်များပြားနေရခြင်းဖြစ်သည်။ ယခုနှစ် ရွှေစက်တော်ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်က ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါ စရိယ ရေနံချောင်းဆရာတော် ဘဒ္ဒန္တတေဇနိယ (အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိက)မကွေးတိုင်း သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စသာရ (အဂ္ဂမဟာပဏ္ဍိတ)၊ ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလ (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သရေစည်သူ ဦးဘုန်းမော်ရွှေတို့က မဟာမင်္ဂလာမုခ်ဦး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

MOI Webportal Myanmar