ပျင်းရိမှုကို ကုစားနိုင်မည့်ဆေး ရနိုင်ပြီ .

ပို့စ်တင်ချိန် - 2/21/2014 06:00:00 PM


ပေကျင်း၊

လူများကို တက်ကြွမှုနည်းစေသည့် ရုပ်မြင်သံကြားကို အချိန်အကြာကြီး ထိုင် ကြည့်တတ်သူ၏မျိုးဗီဇ Couch Potato Gene) ကို သိပ္ပံပညာရှင်များ လေ့လာတွေ့ ရှိပြီးနောက် ပျင်းရိမှုကို အနိုင်ယူမည့်ဆေး မှာ ခြေတစ်လှမ်းနီးကပ်လာပြီ။

လေ့လာတွေ့ရှိအောင်မြင်မှုက အနာ ဂတ်၌ လူတချို့သည် ကျန်းမာသန်စွမ်းနေ စေရန် ''Exercise Tablet'' (လေ့ကျင့်ခန်း ဆေးပြား)တစ်ခုကို သောက်သုံးနိုင်သည့် မျှော်လင့်ချက်ကို ပေးလျက်ရှိသည်။

လူ တချို့သည် လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင် ကြဉ်ခြင်း ကိုယ်အလေးချိန်တိုးရန် ပို၍ဖြစ် နိုင်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ပေါ် လာခြင်းတို့ အဘယ်ကြောင့် ဖြစ်ရသည်ကို ရှင်းပြနိုင်သော မျိုးဗီဇဖောက်ပြန်မှုကို အ ဘာဒင်းနှင့် ပေကျင်းမှ သုတေသီတို့က တွေ့ ရှိခဲ့သည်။

ယင်းကဲ့သို့ ဗီဇဖောက်ပြန်သြော<ွကက် များမှာ ပုံစံကျ ပျင်းရိသူများဖြစ်ပြီး ¤င်း ကြွက်များမှာ သာမန်ကြွက်များ၏ သုံးပုံ တစ်ပုံသာ လမ်းလျှောက်ကြသည်ဟု ပေ ကျင်းရှိ မျိုးဗီဇပညာနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဇီဝဗေဒအင်စတီကျုမှ ဦးဆောင်သုတေ သီပါမောက္ခဝေးလီက ပြောကြားခဲ့သည်။

¤င်းကြွက်များသည် ဝလာပြီး ကိုယ် တွင်းဓာတုဖြစ်စဉ် ရောဂါလက္ခဏာစု ဟု ခေါ်ဆိုသည့် လူများရှိ ရောဂါအခြေအနေ တစ်ခုနှင့်တူညီသော အခြားရောဂါလက္ခ ဏာစုများ ဖြစ်ပေါ်လာသည်။ ကိုယ်တွင်း ဓာတုဖြစ်စဉ် ရောဂါလက္ခဏာစု Meta- bolic Syndrome) မှာ ဆေးဝေါဟာရတစ်ခု ဖြစ်ပြီး ဆီးချို၊ သွေးဖိအားမြင့်မားခြင်း အဝ လွန်ခြင်းတို့နှင့်ဆက်စပ်နေသော အန္တ ရာယ်ရှိသည့်အချက်များ ပေါင်းစည်းရှိနေ သည့်လူများအတွက် အသုံးပြုသည်။

အခြားဆဲလ်များအပေါ် သက်ရောက် မှုရှိသော နာ့ဗ်ဆဲလ်များက ထုတ်လုပ်သော ဓာတုပစ္စည်း(Dopamine) အချက်ပြစနစ် အပေါ် သက်ရောက်မှုရှိသော ဆေးတစ် မျိုး ¤င်းကြွက်များကို ပေးသောအခါ မျိုးဗီ ဇချို့ယွင်းမှုကို ကျော်လွှားနိုင်ပြီး ကြွက်များ မှာ ပို၍တက်ြ<ွကလာသကဲ့သို့ ပို၍လည်း ပိန်လာသည်ကို တွေ့ရသည်ဆိုသည်။

လူတိုင်းအတွက် မဖြစ်နိုင်သော် လည်း ယခုကဲ့သို့သီးခြားဗီဇ ဖောက်ပြန် သူများအတွက် ကုသနိုင်ဖွယ်ရှိသည်ဟု ပူး တွဲစာတမ်း ရေးသားသူ ပါမောက္ခ ဂျွန် စပိမဲန်က ပြောကြားခဲ့သည်။

Ref: Daily Express
Myanma Spectrum