ပြည်ပ သစ်အလုံးလိုက်တင်ပို့မှု ပိုများနိုင်

ပို့စ်တင်ချိန် - 2/21/2014 05:18:00 PM


အခု ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို သစ်အလုံးလိုက် တင်ပို့မှုက ပြီးခဲ့တဲ့နှစ် သစ်တင်ပို့မှု ပမာဏထက် ၃ ပုံ ၁ ပုံ ပိုများနိုင်မယ်လို့ ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းက ပြောဆိုလိုက်ပါတယ်။

လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း သစ်အလုံးလိုက်တင်ပို့မှုဟာ မနှစ် ဘဏ္ဍာရေးနှစ်တင်ပို့မှုနဲ့ နှိုင်းစာရင် ၃ ပုံ ၁ ပုံ တိုးမြင့်လာခြေဟာ ဧပြီ ၁ ရက်က စပြီး ပြည်ပတင်ပို့မှုကို လုံးဝ ရပ်တန့်ဖို့ အစိုးရရဲ့ ကန့်သတ်ချက်အပေါ် သက်ရောက်မှု ဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဘာဘာချိုက သုံးသပ်ပြောဆိုပါတယ်။

“ခါတိုင်းဆိုရင် သစ်လုံးတင်ပို့မှုက တွက်ကြည့်မယ်ဆိုရင် ၁ နှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ နဲ့ ၈၀၀ ကြားမှာ အမြဲတမ်း ရှိပါတယ်။ ဒီနှစ်တော့ လက်ရှိ စာရင်း မပိတ်ရသေးပေးမယ့် သင်္ဘောတင်မယ့် စာရင်းမှာ ၃ ပုံ ၁ ပုံခန့် ၆ လအတွင်းမှာ တိုးတက်လာတယ်လို့ အကြမ်းဖျင်းတော့ သတင်းကြားသိရပါတယ်။ ဒါကြောင့် ဒီနှစ်တော့မှ သစ်တောထွက် သစ်လုံးတင်ပို့မှုက ရရှိမယ့် ၀င်ငွေဟာ အခါတိုင်းထက် ပိုများလာဖို့ ရှိပါတယ်။ ဖြစ်နိုင်တဲ့ ပမာဏက ဒေါ်လာသန်း ၁၀၀၀ နဲ့ ၁၁၀၀ လောက်အထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။”

နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ International Tropical Timber Organization က မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက သစ်အလုံးလိုက် သင်္ဘောတင်ပို့မှုက သိသိသာသာ တိုးမြင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ၁ လကို ကုဗမီတာ ၁၆၅,၀၀၀ ခန့်တင်ပို့ခဲ့ကြောင်း၊ ဒါ့အပြင် ကုဗမီတာ ၁ သန်းကျော်လောက်ရှိတဲ့ သစ်လုံးတွေကလည်း သင်္ဘောတင်ဖို့ စောင့်ဆိုင်း နေတယ်လို့ ဒီနှစ် ဖန်န၀ါရီလတုန်းက အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံတွေမှာ မလေးရှားနဲ့ မြန်မာ နှစ်နိုင်ငံပဲ သစ်အလုံးလိုက် ပြည်ပနိုင်ငံတွေဆီ တင်ပို့နေဆဲဖြစ်ပါတယ်။

အစိုးရအနေနဲ့ သစ်ထုတ်လုပ်မှုက ၁ နှစ်ကို ကျွန်းတန်ချိန် ဟော့ပေါ့တန် ၃ သိန်း နဲ့ သစ်မာတန်ချိန် ဟော့ပေါ့တန် ၂ သန်း ထုတ်လုပ်မှု ရှိပေမယ့် လာမည့် ၂၀၁၅ – ၁၆ ဘဏ္ဍာရေးနှစ်ကစပြီး ကျွန်းတန်ချိန် ဟော့ပေါ့တန် ၆ သောင်း နဲ့ သစ်မာတန်ချိန် ဟော့ပေါ့တန် ၁ ဒဿမ ၂ သန်းသာ ထုတ်လုပ်တော့မယ်လို့ အစိုးရရဲ့တရားဝင်ကြေညာထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်




DVB Burmese