မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဝင်ဖမ်းဆီးသည့် အင်ဒိုနီးရှား ငါးဖမ်းစက်လှေ ငါးစင်းအား တပ်မတော်(ရေ)က ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 2/21/2014 11:58:00 AM


မြိတ် ဖေဖော်ဝါရီ ၂ဝ

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက် အတွင်းသို့ တရားမဝင်ဝင်ရောက် ငါးခိုးဖမ်းလျက်ရှိသော အင်ဒိုနီး ရှားငါးဖမ်း စက်လှေ ငါးစင်းအား တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးဇော်ဝင်း ဦးစီးသောစစ်ရေ ယာဉ်(၅၆၇)နှင့် ဗိုလ်မှူးမိုးကျော် လွင်ဦးစီးသည့် စစ်ရေယာဉ်(၅၅၉) တို့သည် ယခုလ ၁၆ရက်တွင် တရားခံ ထိုင်ဝမ်နိုင်ငံသား တစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား ၅၅ဦး အား သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသည်။

အဆိုပါ TUNA ငါးဖမ်းလှေ ငါးစင်းတွင် တစ်စင်းလျှင်ပျမ်းမျှ လှေသားကိုးဦးမှ ၁၃ဦးအထိပါရှိပြီး တနင်္သာရီရေတပ်စခန်းဌာနချုပ် စိုး မိုးရေးနယ်မြေရှိ မြန်မာ့ပင်လယ် ပြင် ရေပိုင်နက်အတွင်း စူလာကျွန်း မြောက်ဘက်ရေပြင်၌ TUNA ငါး ခိုးဖမ်းနေစဉ် ဖမ်းဆီးရမိခြင်းဖြစ် သည်။ စစ်ဆေးချက်များအရ ထို ငါးဖမ်းလှေများသည် အင်ဒိုနီးရှား နိုင်ငံ ငါးဖမ်းလှေလိုင်စင်များ ရရှိ ထားပြီး စာရွက်စာတမ်းများနှင့် GPS လမ်းကြောင်းများကို စစ် ဆေးချက်အရ အင်ဒိုနိရှားနိုင်ငံ ဂျကာတာမြို့မှလည်းကောင်း၊ ထိုင်း နိုင်ငံ ဖူးခက်မြို့မှလည်းကောင်း လာရောက်ပြီး မြန်မာ့ရေပိုင်နက် အတွင်းခိုးဝင်ဖမ်းဆီးခြင်းဖြစ်သည်။

ထိုအင်ဒိုနီးရှားနိုင်ငံ တရားမဝင် ငါးခိုးဖမ်းလှေငါးစင်းမှ သိမ်းဆည်း ရမိသည့် ရေယာဉ်ပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာ၊ ဆက်သွယ်ရေး နှင့် အီလက်ထရွန်နစ်ပိုင်း ဆိုင်ရာ ပစ္စည်းများအား မြိတ်ခရိုင် ရေ ကြောင်းဦးစီးဌာနမှ ရေယာဉ် စစ် ဆေးမှုပုံစံများဖြင့် စစ်ဆေးခဲ့ပြီး ကျွန်းစုမြို့ ပထက်ကမ်းရှိ ပြည့်ဖြိုး ထွန်းကုမ္ပဏီတွင် ထိန်းသိမ်းထား နိုင်ရေး   ဆောင်ရွက်လျက် ရှိကြောင်း ရွှေ့ပြောင်းနိုင်သော သက်သေခံပစ္စည်း များအား မြိတ် မြို့မရဲစခန်းတွင် လည်းကောင်း၊ ဖမ်းဆီးရမိသော TUNA ငါးများအား မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ချိန်တွယ် စစ်ဆေးပြီး ပြည့်ဖြိုးထွန်း ကုမ္ပဏီ အအေးခန်းတွင် ထိန်းသိမ်း ထားရှိ သည်။

မြန်မာ့ရေပိုင်နက်အတွင်း ငါး ခိုးဖမ်းသည့် တရားခံထိုင်ဝမ်နိုင်ငံ သား တစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံ သား ၅၅ဦး တို့အား မြိတ်မြို့နယ် လဝကမှူး ဦးဇော်လင်းထွန်းက အရေးယူပေးပါရန်တိုင်ကြားလာ၍ မြိတ် မြို့မရဲစခန်းမှ (ပ) ၁၄၉/ ၂ဝ၁၄၊ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)အရလည်းကောင်း၊ ထပ်မံ ၍ မြန်မာ့ရေပိုင်နက်အတွင်းသို့ အဆိုပါ ငါးခိုးဝင်ဖမ်းဆီးသည့်အဖွဲ့ အား အရေးယူပေးရန် စစ်ရေယာဉ် (၅၅၉)နှင့် စစ်ရေယာဉ်(၅၆၇)တို့မှ စစ်ရေယာဉ်မှူးတို့မှ တိုင်ကြား သဖြင့် မြိတ်မြို့မရဲစခန်းမှ (ပ) ၁၅၂/၂ဝ၁၄၊ နိုင်ငံခြားငါးဖမ်းရေ ယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၃၈(က)(ခ)အရ ယမန်နေ့က အမှု ဖွင့်လှစ်ပြီး အမှုစစ်စခန်းမှူးနေလင်း က စစ်ဆေးလျက်ရှိသည်။

ပြည်ထောင်စုနေ့စဉ်သတင်းစာ