ဆိပ်ကမ်းသာလမ်းရှိ ကွန်ပြူတာအရောင်းဆိုင် တစ်ဆိုင် ကျပ်သိန်း ၆၀ ဖိုးခန့် ဖောက်ထွင်းခံရ

ပို့စ်တင်ချိန် - 11/26/2013 10:04:00 AM


ရန်ကုန် နိုဝင်ဘာ ၂၅

ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း ( အလယ်ဘလောက် ) အမှတ် ၁၆၇ - ၁၇၅ ရှိ Eastern Computer Sale & Service ဆိုင်ကို နိုဝင်ဘာ ၂၄ ရက်နေ့ ည က ဖောက်ထွင်းခံရကြောင်း သိရသည်။

ဖောက်ထွင်းခံရမှုကြောင့် Sony ၊ Samsung ၊ Huawei အမျိုးအစား များဖြစ်သော ဖုန်းဟန်းဆက် များနှင့် ကွန်ပြူတာ များ စုစုပေါင်း ၁၉ လုံး ကာလ တန်ဖိုး ကျပ်သိန်း ၆၀ ကျော်ခန့် ရှိကြောင်း သိရသည်။

"ဆိုင်ကို ည ၇ နာရီ ပိတ်ပြီး ပြန်တာ မနက် ၉ နာရီဆိုင်ဖွင့်မှ သိတယ် ။Showcase ကိုမှန်ဖြတ်တဲ့ဟာနဲ့ ဖောက်ပြီးကောင်းတဲ့ ဟာတွေ ယူသွားတယ်" ဟု အရောင်းမန်နေဂျာ မဆွေဇင်အောင် မှ ပြောသည်။

အဆိုပါ ဆိုင်ဖောက်ထွင်းခံရမှု ကို ပန်းဘဲတန်း ရဲစခန်း သို့ တိုင်ကြားထားကြောင်း သိရသည်။

ဇေဝေယံ ၊ ဇော်မျိုးသူ

Popular Myanmar News Journal