ဆယ်ကျော်သက်တွေအကြား HIV ကူးစက်မှုနှုန်းများလာ

ပို့စ်တင်ချိန် - 11/26/2013 09:31:00 AM


ကမ္ဘာ့နိုင်ငံတွေမှာ ​လွန်ခဲ့တဲ့ ​၁၀ ​နှစ်အတွင်း ​ဆယ်ကျော်သက်အရွယ် ​လူငယ်တွေအကြား ​HIV ​ရောဂါကူးစက်မှုနှုန်း ​သုံးပုံတစ်ပုံ ​ပိုများလာတယ်လို့ ​ကုလသမဂ္ဂရဲ့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

ကမ္ဘာပေါ်က ​အသက် ​၁၀ ​နှစ်နဲ့ ​၁၉ ​နှစ်အရွယ် ​ဆက်ကျော်သက် ​လူငယ်အယောက်ပေါင်း ​နှစ်သန်းဟာ ​HIV ​ရောဂါပိုး ​ကူးစက်ခံနေရပြီး ​အများအားဖြင့် ​ကျန်းမာရေး ​စောင့်ရှောက်မှုတွေ ​မရကြဘူးလို့လည်း ​ဆိုပါတယ်။

လွန်ခဲ့တဲ့ ​၂၀၀၅ ​ခုနှစ်က ​HIV ​ရောဂါကြောင့် ​သေဆုံးသူ ​ဆက်ကျော်သက် ​အယောက် ​၇၀၀၀၀ ​ရှိခဲ့ပေမယ့် ​၂၀၁၂ ​ခုနှစ်မှာတော့ ​အယောက်ပေါင်း ​တစ်သိန်းကျော် ​ရှိလာတယ်လို့ ​ဆိုပါတယ်။

HIV, ​AIDS ​ကူးစက်မှု ​အများဆုံးရှိတဲ့ ​အာဖရိကတိုက်မှာတော့ ​ဆက်ကျော်သက်အရွယ် ​အမျိုးသမီးငယ်တွေမှာ ​ရောဂါကူးစက်မှု ​ပိုဖြစ်နေပြီး ​အများစုက ​လိင်ဆက်ဆံရာမှာ ​အကာအကွယ် ​မသုံးတာတွေ၊ ​တချို့ကလည်း ​အတင်းအဓမ္မ ​နိုင်ထက်စီးနင်းတာခံရပြီး ​ရောဂါကူးစက်ကြတာ ​ဖြစ်ပါတယ်။

အာရှတိုက်မှာတော့ ​ရောဂါပိုး ​ကူးစက်ခံရသူ ​ဆက်ကျော်သက်တွေဟာ ​တရားမဝင်မူးယစ်ဆေးဝါး ​သုံးစွဲသူတွေ ​ဖြစ်ကြတယ်လို့လည်း ​ကုလသမဂ္ဂက ​ပြောပါတယ်။

ABC Radio Australia