ယာဉ်နှစ်စင်းခေါင်းချင်းဆိုင်တိုက်

ပို့စ်တင်ချိန် - 11/26/2013 09:20:00 AM


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်း မကြီး ပြန်ကြားရေး နှင့်ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး အလွန်အကွေ့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့ ည(၉း၄၀)အချိန်တွင် ယာဉ်နှစ်စင်းခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။

ပဲခူးမြစ်လမ်းမကြီးအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ၈ဃ/---- စူဇူကီးမီနီ လိုက်တရက် အစိမ်းရောင်အငှားယာဉ်နှင့် အရှေ့ဘက်မှ မောင်းနှင်လာသော ၉က/----တိုရိုတာကိုယိုလာ အဖြူရောင် အငှားယာဉ်တို့သည် ပဲခူးမြစ်လမ်းအကွေ့တွင် မျက်နှာချင်းဆိုင်တိုက်မိပြီး စူဇူကီးမီနီ လိုက်တရက်မောင်းနှင်သူ ကို----အပါအ၀င် ခရီးသည်(၅)ဦးတို့ ဒါဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားစဉ် ၈ဃ/---- စူဇူကီးမီနီ လိုက်တရက် အစိမ်းရောင် ယာဉ်မှာ ရုတ်တရက် မီးလောင်ခဲ့ပြီး ကားရှေ့မျက်နှာစာ ချိုင့်ဝင်သွား သည့်အတွက် ယာဉ်မောင်း ကို------မှာ မီးလောင် ဒါဏ်ရာများဖြင့် ဆယ်မိနစ်ခန့်ခြေနှစ်ဖက် ညှပ်နေခဲ့ရာ အနီးပတ်ဝန်းကျင် ရုံးများတွင် နေထိုင်သည့် ရုံးဝန်ထမ်းမိသားစုများနှင့် ပြည်သူတချို့က ရေများ၊ သဲများဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး ကို------အား ဆွဲထုတ်ကယ်ဆယ်ခဲ့ရသည်။
ကို----အပါအ၀င် မီးလောင်ထိခိုက်ဒဏ်ရာရသူ (၅)ဦးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့၊ တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ သင်္ဃန်းကွန်း စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဒဏ်ရာရရှိသူအားလုံး အသက်အန္တရာယ်စိုးရိမ်ဘွယ်ရာမရှိကြောင်း သိရှိရပြီး ၉က/----- တိုရိုတာကိုယိုလာ အငှားယာဉ်မောင်းနှင်သူ ကို----အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(၄၁)မှ ယာဉ် အမှုစစ်အရာရှိ ဒုရဲအုပ်သီဟထွန်းက ပြစ်မှုပုဒ်မ၂၇၉/၃၃၇/၃၃၈ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရဲစခန်း တွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar