ဖယ်ဒရယ် တပ်မတော်မူဝါဒ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံ

ပို့စ်တင်ချိန် - 11/26/2013 10:06:00 AM


ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ကောင်စီ UNFC ရဲ့ ဖယ်ဒရယ် တပ်မတော်မူဝါဒကို  အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံလိုက်ပြီး ပေါ်ပေါက် လာစေရေး ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

“တိုင်းရင်းသား တွေက ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်တခု လိုချင်တယ်လို့ ပြော တယ်။ ပြည်
ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ဆိုတာကတော့ ပြည်ထောင်စုထဲမှာဆိုရင် ပြည်ထောင်စုနဲ့ ကိုက် ညီတဲ့ တပ်မတော် ပဲ ဖြစ်ရမှာပေါ့"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရန်ကုန်မြို့ကို ပထမဆုံးအကြိမ်အဖြစ် ရောက်နေတဲ့ UNFC ကိုယ်စားလှယ် ၃ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံပြီး သတင်းထောက်တွေကို အဲဒီလိုပြောလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်း က တဆင့် ထိုးဖောက်ဝင်ရောက်မှာဖြစ်ပြီး UNFC ကတော့ လွှတ်တော် လမ်းကြောင်း ထဲက ၀င်ရောက်ဆောင် ရွက်လို့ မရတာကြောင့် လွှတ်တော်ပြင်ပမှ တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံကို အသစ်ရေးဆွဲမယ်လို့ UNFC အတွင်းရေးမှူး ဦးနိုင်ဟံသာက ပြောပါတယ်။

ဒီအကြောင်း သတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ထက်နိုင်ဇော်ရေးသား ထား တဲ့ UNFC ၏ ပြည်ထောင်စု တပ်မတော်မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

Ayeyarwaddy