လက်ရှိတရုတ် အစိုးရကို ဦးသန်းရွှေ ပြစ်တင်ဝေဖန်လိုက်ခြင်း

ပို့စ်တင်ချိန် - 11/26/2013 11:20:00 AM


(နေပြည်တော်သတင်း)

တော်တော်သောက်သုံးမကျတဲ့ ရှီကျင်းပင် ပဲ ၊ ဖအေကို ဖအေလို့ မမြင်တဲ့ အကောင်ပဲ ၊ ဒီနေ့ ဒီအကောင် ဒီလိုနေရာရအောင် ကျန်ဇီမင်း နဲ့ လီပင်းတို့ ဘယ်လောက် အနစ်နာခံခဲ့ရသလဲ ၊

အခု စပိန်တရားရုံးက ကျန်ဇီမင်း လီပင်းနဲ့ နောက်ထပ် ၃ ယောက်ကို ဖမ်းဖို့အမိန့်ချလိုက်ပြီ . . ဒါကို ပြတ်ပြတ်သားသား တုန့်ပြန်ရမှာ . . ဒီကောင် ရှီကျင်းပင်တော့ ကွာ . . အေးတိအေးစက်နဲ့ . . ဟိုမှာ ဟူကျင်တောင် နဲ့ ဝမ်ကြားပေါင်တို့ကိုပါ ဖမ်းခိုင်းတော့မှာ

. . ဒီကောင် ရှီကျင်းပင်ကတော့ မွေးရကျိုးမနပ်တဲ့ အကောင်ပဲ . . .

လုပ်ရမှာက စပိန်တရားရုံးက ဒီလိုအမိန့်ချမှတ်လိုက်တာဟာ တရုတ်ပြည်ကြီး တစ်ခုလုံးနဲ့ သန်းသုံးထောင်ကျော်ရှိတဲ့ တရုတ်လူထု ရှည်လျှားလှတဲ့ တရုတ်သမိုင်းကြောင်းကြီးကို ထိခိုက်စော်ကားလိုက်တာ ဖြစ်တယ် ၊ ဒီလုပ်ရပ်ကို ကျူးကျော်ရန်စမှု အဖြစ်

သတ်မှတ်တယ် ၊ ၂၄ နာရီအတွင် စပိန်တရားရုံးက ဒီအမိန့်ကို ပြန်ရုတ်သိမ်းရမယ် တရုတ်ပြည်ကြီးကို တရားဝင် အနူးအညွတ်တောင်းပန်ရမယ် နောက်ပြီး အဲဒီဆုံးဖြတ်ချက်ကို ချလိုက်တဲ့ တရားသူကြီးကို ဖမ်းဆီးထောင်ချပစ်ရမယ် . . အဲဒီလိုမှ မလုပ်ရင် စပိန်နဲ့

သံတမန် အဆက်အသွယ်ဖြတ်တောက်မယ် . . ဒီလုပ်ရပ်ဟာ စပိန်က တရုတ်ကို စစ်ကြေငြာလိုက်တဲ့ လုပ်ရပ်လို့ သတ်မှတ်လိုက်မယ် . . ဒါမျီုးတွေလုပ်ရမှာကွား . . ခုတော့ ရှီကျင်းပင်က ငပျော့ကြီး ဖြစ်နေပါလား . .

ဟာ . . ရှီကျင်းပင်က လူလည်ပဲကွ . . လုပ်သင့်တာတော့ မလုပ်ဘူး . . ဟို ငါပိုင်သူပိုင်ငြင်းနေတဲ့ ကျွန်းစုတွေ မှာတော့ ကန့်သတ်ချက်အသစ်ထုတ်လိုက်တယ်တဲ့ . . ဟာ . . ဒီကောင်တော့ လူလည်ကျပြီ . . ကိုယ့်ကျေးဖူးရှင်တွေကို ကာကွယ်ရမယ့် အစား

ဘာမဟုတ်တဲ့ အရေးအကြောင်းလေးကို အကြောင်းပြပြီး လူထုအာရုံစိုက်မှုကို လမ်းလွှဲလိုက်တယ် . . ဟာကွာ . . ဒါဒီကောင် သတ်သတ်လုပ်တာ . . ဒီအချိန်မှာ ဒါလုပ်တာဟာ ဒီကောင် သတ်သတ် နာမည်ကြိးအောင် လူလည်ဝင်လုပ်တာပဲ . . ရှီကျင်းပင်ဟာ

လူလည်ပဲ ကွ . . ဒိကောင့် ကို ချက်ချင်း အစားလဲ ပစ်လိုက်ရမှာကွာ . . အစောကတည်းက ဒီလိုနေရာမျိုးကို သေဆိုသေရှင်ဆိုရှင် ချဆိုချ သတ်ဆိုသတ် လူနိုင်တွေကို ပဲ ရွေးခန့်ရမှာ . . ဒီပုံအတိုင်းဆို ကျန်ဇီမင်း တို့ လီပင်းတို့ ဟူကျင်တောင်တို့ ဝမ်ကြေားပေါင်

တို့တော့ သွားပါပြီကွာ . . ကံမကောင်းရင် တစ်သက်လုံး မသေမချင်း အချုပ်ထဲနေရတော့မှာ . . ဒီကောင်တွေကလည်း အ ပါ့ ကွာ . .

အခန်းထဲမှာ မြင်ကွင်းကျယ်ကွန်ပြူတာစခင်ရင်ကို ကြည့်ရင်း ဦးသန်းရွှေ တစ်ယောက် မချိတင်ကဲ စကားများ ရေရွတ်နေခြင်းဖြစ်ပါသည် ၊ သက်ပြင်းများလည်း ခဏခဏချနေသည် ၊ အခန်းက ပါကေးအထူးခင်း ဝေါပေပေါများ ကပ်ထားပြီး အဲယားကွန်းအပြည့်

လွှတ်ထားပေမယ့် ဦးသန်းရွှေ တစ်ယောက် ချွေးများဖြင့် ရွှဲနစ်နေသည် ၊ ဇောချွေးများကြောင့်ဖြစ်မည် ၊ ကွန်ပြူတာစကရင် မြင်ကွင်းကျယ်တွင် ပေါ်နေသည်က သစ်ထူးလွင် ဆိုက်မှ စာမျက်နှာအချို့ဖြစ်သည် ၊ မရှုမလှ သေဆုံးနေသော အာဏာရှင်ဟောင်း ကဒါဖီ ၏

ရုပ်ပုံကိုလည်း သစ်ထူးလွင်ဆိုက် ဝင်းဒိုး၏ နောက်ကွယ်တွင် ဖွင့်ထားသဖြင့် တစ်ဝက်တစ်ပျက် တွေ့နေရသည် ၊

ဥိးသန်းရွှေ တစ်ယောက် အခန်းကျယ်ကြီးထဲတွင် ဟိုဟိုဒီဒီ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်ကာ ကိုယ့်ကိုယ်ကို မလုံဖြစ်နေသည်ဟုထင်သည် ၊

စပိန်တရားရုံး၏ ဆုံးဖြတ်ချက်ကလည်း ဦးသန်းရွှေ အတွက် စိုးရိမ်စရာ . . ဒီဆုံးဖြတ်ချက်က ဦးသန်းရွှေအတွက် ကမ္ဘာပျက်သလို့ . . တကယ်တော့ ဦးသန်းရွှေ တစ်ယောက် သူလုပ်ခဲ့သော အကုသိုလ်များ အကျိုးပေးတော့မှာကို ကြောက်နေပြီဖြစ်သည် . .
(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

Hawdeka Khalaylay
လွင်သန္တာစိုး