အာစရိယဆရာသမားများ

ပို့စ်တင်ချိန် - 1/28/2014 12:22:00 PM


ဒေါ်အောင်ဆန်းစုကြည်ရေးသားသော Teachers ကိုဘာသာပြန်ဆိုပါသည်

ရဟန်းတော်များ မိမိ ရောက်ရာအရပ်မှာသာ မိုးကာလတစ်ခုလုံးသီတင်းသုံး နေထိုင်ရတဲ့ဝဿဝါတွင်း ကာလရောက်ပါပြီ။ ဒီလိုအ ချိန်မျိုးဟာ ဗုဒ္ဓဘာသာ တရား တော် များကို ပိုမိုနားလည် သဘောပေါက်အောင် အား ထုတ်ကြိုးစားရတဲ့အချိန်မျိုး ဖြစ်သလို၊သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူရတဲ့ အချိန်မျိုး လည်းဖြစ်ပါ တယ်။မြန် မာနိုင်ငံမှာ ရဟန်းတော်များအပေါ် ကျွန်မတို့က အင်္ဂါရှစ်ပါး ရှိတဲ့ မဂ္ဂင်လမ်းကို ညွှန်ပြသင်ကြားပို့ချနိုင်တဲ့ ဆရာသမားများအဖြစ်ချဉ်း ကပ်ကိုးကွယ်ကြပါတယ်။
ဆရာသမားကောင်းတွေ ဆိုရင်ဖြင့်ပရိယတ္တိတရားတော် များသာမကကျွန်မတို့ရဲ့နေ့ စဉ်ဘဝကို အင်္ဂါရှစ်ပါးရှိတဲ့ မဂ္ဂင်လမ်းအတိုင်းဘယ်လို လျှောက်လှမ်းရမလဲဆိုတာ ကိုပါ သင်ကြားပြသပေးကြ ပါတယ်။မဂ္ဂင်လမ်းမှာပါတဲ့ အင်္ဂါရှစ်ပါးကတော့ သမ္မာ ဒိဋ္ဌိဆိုတဲ့ မှန်ကန်စွာသိနား လည်မှုရှိခြင်း၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ မှန်ကန်စွာတွေးခေါ်ကြံ စည်စိတ်ကူးခြင်း၊သမ္မာဝါစာ မှန်ကန်စွာပြောဆိုခြင်း၊သမ္မာ ကမ္မန္ဘမှန်ကန်စွာလုပ်ကိုင် ဆောင်ရွက်ခြင်း၊သမ္မာအာဇီဝ မှန်ကန်စွာအသက်မွေးမြူ ခြင်း၊သမ္မာဝါယမမှန်ကန်စွာ အားထုတ်ခြင်း၊သမ္မာသတိမှန် ကန်သော သတိတရားထား ရှိခြင်းနဲ့သမ္မာသမာဓိ မှန်ကန် သော စိတ်စူးစိုက်မှုထားခြင်း တို့ပဲ ဖြစ်ကြပါတယ်။
၁၉၈၉ခုနှစ် နေအိမ် အကျယ်ချုပ်မတိုင်ခင် ကာလမှာပရိသတ်တချိုနဲ့အတူဆရာတော်ဦးပဏ္ဍိတကို ဖူးမြော် ခွင့်ကျွန်မရရှိခဲ့ပါတယ်။ သံ သရာဘဝ အဆက်ဆက်ကောင်း သည်ထက်ကောင်းအောင်အစဉ်အမြဲကူညီ ထောက်ပံ့တဲ့ တရားတော်များကိုဟောကြား ပြသနိုင်တဲ့ ဆရာတော်ဘုရား ကြီးများထဲကမှဆရာတော် ဦးပဏ္ဍိတဟာထူးခြားတဲ့ ဆရာသမားတစ်ပါးလည်းဖြစ် ပါတယ်။ဆရာတော်က သမ္မာ ဝါစာဆို တဲ့မှန်ကန်တဲ့စကားရဲ့ အရေးကြီးပုံနဲ့စကားတစ် ရပ်ဟာ မှန်ကန်ရုံတင်မဟုတ် ဘဲသတ္တဝါအချင်း ချင်းကြား မှာ ညီညွတ်စေဖို့လည်း လိုတဲ့အကြောင်း၊နား ထောင်သူအတွက်ချိုသာ၍ မေတ္တာတရားနဲ့ယှဉ်ပြီး အ ကျိုးရှိဖို့လည်းလိုကြောင်း တို့ကို ဟောကြားခဲ့ ပါ တယ်။နားထောင်သူကမနှစ်သက် တဲ့အချိန်မှာတောင်မှန်ကန် ပြီးအကျိုးရှိတဲ့စကား များကို သာဟောကြားတော်မူ တဲ့ မြတ်ဗုဒ္ဓကိုအတုယူသင့်ကြောင်း လည်းတရား ထဲ မှာဟောပြော သွားပါတယ်။ဆရာတော်က ကျွန်မကို သတိတရားကိုပြုစု ပျိုး ထောင်ဖို့တိုက်တွန်းပြီး သဒ္ဓါ၊ဝီရိယ၊သမာဓိ၊ပညာ၊ သတိဆိုတဲ့နာမ်တရားတွေမှာ သတိတရား ဆိုတာလွန်တယ် လို့ မရှိကြောင်းပြောပါတယ်။ လုံလောက်တဲ့ ခွဲခြားစိတ်ဖြာ နိုင်မှုပညာမရှိတဲ့အခါမှာ ယုံ ကြည်မှုသဒ္ဓါ တရားလွန်သွား ပါကမျက်ကန်းယုံကြည်မှုဖြစ် ပါတယ်။လုံလောက်တဲ့သဒ္ဓါ တရားမရှိတဲ့အခါမှာပညာဟာ လည်းကောက်ကျစ်မှုဖြစ်သွား ပါတယ်။သမာဓိစိတ်စူးစိုက် မှုအားနည်းတဲ့အားထုတ် ကြိုး စားမှုဝီရိယ ဟာဂ ဏှာမငြိမ်မှု ဖြစ်စေတယ်။ဝီရိယနည်းတဲ့ သမာဓိစိတ်စူးစိုက်မှုလွန်ရင် လည်းပျင်းရိလေးတွဲမှုကိုဖြစ်စေ ပါတယ်။သတိတရားကတော့ ဘယ်တော့မှလွန်တယ်လို့မရှိ ဘဲအမြဲ တမ်းလိုအပ်တဲ့အခြေ အ နေမျိုးသာရှိတဲ့နာမ်တရားပါ။
အခုလိုအခက်အခဲတွေ ကြားကနေ ကျွန်မဆရာ တော်ဟောပြောဆုံးမသွားတဲ့ မြတ်ဗုဒ္ဓရဲ့တရားတွေဟာ နေအိမ်အကျယ်ချုပ်ခံ ကာလတွေမှာ တန်ဖိုးရှိပြီး မှန်ကန် လာခဲ့ပါတယ်။ တခြားဗုဒ္ဓဘာသာဝင်လုပ် ဖော်ကိုင်ဖက်တွေလိုပဲအ ထိန်းအသိမ်းခံကာလတွေမှာ အချိန်ကိုအကျိုးရှိအောင် တရားအားထုတ်ဖို့ ကျွန်မ ဆုံးဖြတ် ချက်ချခဲ့ ပါတယ်။ဒါ ဟာသိပ်လွယ်ကူတဲ့အလုပ် တော့မဟုတ်ပါဘူး။ ကျွန်မကို လမ်းညွှန်ပြသမယ့် ဆရာ သမားလည်းမရှိသလို အစော ပိုင်းကြိုး စားအား ထုတ်မှု တွေက စိတ်ပျက် မသွားရုံ တစ်မယ်ပါပဲ။တရားတော်က လမ်းညွှန်ထားတဲ့အတိုင်း ကျွန်မရဲ့စိတ်ကိုစည်းကမ်း သေဝပ်အောင်မလုပ်နိုင်ခဲ့ တဲ့နေ့ရက်တွေလည်းကျွန်မ ကြုံတွေ့ရပြီးဒေါ သဖြစ် လွန်း လို့ ကိုယ့်ကိုယ်ကိုယ်အကျိုးထက် အဆိုးဖြစ်အောင်လုပ်မိနေ သလားလို့တောင် ထင်မိရပါ တယ်။တရားကိုအားထုတ် ချင်ချင်၊အားမထုတ်ချင်ချင် ကိုယ့်အကျိုးစီးပွားအတွက် လုပ်ကိုလုပ်ရမယ်လို့ ဟော ကြားခဲ့ဖူးတဲ့ ဆရာတော်ကြီး တစ်ပါးရဲ့အကြံÓဏ်ကြောင့် သာ တရားအားထုတ်မှုကို ကျွန်မမစွန့်လွှတ်ခဲ့တာပါ။ ဒါ ကြောင့် အံကြိတ်ပြီး ဆက်ကြိုး စားခဲ့တာတစ်ခါတလေလည်း တော်တော်စိတ်ဓာတ်ကျပါတယ်။
ဒီနောက်မှာတော့ ခင်ပွန်းသည်က ဆရာတော် ဦးပဏ္ဍိတရဲ့ In this very life : The Liberation Teaching of the Buddha ဆိုတဲ့စာအုပ်တစ်အုပ်ပို့ပေးခဲ့ တယ်။ ဒီစာအုပ်ကို သေသေချာချာလေ့လာပြီးတော့မှသာ တရားအားထုတ်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲ ဆိုတာနဲ့ တရားအား ထုတ်ခြင်း ကြောင့်ရရှိလာတဲ့အကျိုး တရားတွေကိုသိလာခဲ့ရပါ တယ်။တရားအားထုတ်ခြင်း က ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ သတိတရားတိုးပွားလာ အောင်ဘယ်လို အေ ထာက်အ ပံ့ပြုသလဲဆိုတာလည်းသိလာ ရပြီး ဆရာတော်ဟောကြား ခဲ့တဲ့သတိတရားနဲ့အရေးကြီး ပုံကိုလည်း မကြာခဏဆိုသလိုကျေးဇူးတရားနဲ့ တန်ဖိုးထားမှု တို့ နဲ့အတူဆင်ခြင်မိပါတယ်။ သံဃာတော်တွေရဲ့သင်ကြား ပို့ချမှုတွေကကျွန်မရဲ့နိုင်ငံ ရေးလုပ်ဆောင်မှုတွေကိုအ ထောက်အပံ့ဖြစ်စေခဲ့တယ်။
အင်အားရှိစေခဲ့တယ်။ပထမ ဆုံးမြန်မာပြည်အနှံ့စည်းရုံး ရေးဆင်းတုန်းကဆိုရင် တိုင်း ပြည်အနှံ့က သံဃာတော်များ ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အကြံ ဥာဏ်တွေကျွန်မရရှိခဲ့ပါ တယ်။ပြည်မြို့ကဆရာတော် တစ်ပါးဟာ ဘုရားအလောင်း သုမေဓာရှင်ရသေ့ရဲ့ဖြစ်တော် စဉ်ကိုသတိရဖို့၊သုမေဓာ ရသေ့ဘဝကတည်းက မိမိ တစ်ဦးတည်းသံသရာမှ လွတ် မြောက်အောင် အားထုတ်နိုင် ရဲ့သားနဲ့အခြားဝေနေယျ သတ္တဝါများကိုလည်း ဆင်းရဲ ဒုက္ခတွေမှ လွတ်မြောက်နိုင် အောင်ဘဝပေါင်းများစွာ ကြိုစားပါရမီဖြည့် ခဲ့ပုံ ကို ဟောကြားခဲ့ဖူးပါတယ်။
ဒါကြောင့်တရားမျှတ မှုနဲ့ကုသိုလ်တရားတွေဖြစ် တွန်းလာဖို့လိုအပ်နေသရွေ့ ကျွန်မအနေနဲ့ ကြိုးစားရုန်း ကန်ရမှာဖြစ်တဲ့အတွက် ပြင် ဆင်ထားဖို့ ပြည်ဆရာတော်က ဆုံးမခဲ့ပါသေးတယ်။ပခုက္ကူ မြို့ကိုရောက်တဲ့အခါမှာ လွန် ခဲ့တဲ့အနှစ်လေးဆယ်က ကျွန် မ ဖေဖေကို ဆုံးမခဲ့တဲ့တရား ကိုပဲဆရာတော်ဘုရားက ထပ်မံ ဆုံးမခဲ့ပါ တယ်။ခြောက်တိုင်းလည်းမ ကြောက်ဖို့ဆိုပေမယ့် မိုက်ရူးရဲမဆန်ဖို့၊မြှောက်တိုင်းလည်း မမြောက်ဖို့ဆိုပေမယ့် ကိုယ့် အရည်အချင်းကိုယ်သိဖို့ဆို တဲ့ ဆရာတော်ရဲ့ ဆုံးမစ ကား က သတ္တိရှိဖို့နဲ့မာန်မာန မထောင်လွှားဖို့ဖြစ်ပြီးတစ်ချိန် တည်းမှာပဲသတိတရားလက် ကိုင်ထားကာမှန်မှန်ကန်ကန် မိမိကိုယ်မိမိလေးစား မှုရှိဖို့တို့ပဲ ဖြစ်ပါတယ်။ နတ်ေ မာက်မြို့ မှာဖေဖေငယ်စဉ်ကပညာ သင်ယူခဲ့တဲ့ ဘုန်းကြီးကျောင်း ကို ကျွန်မသွားရောက်တဲ့အခါ ဆရာတော်က ပျက်စီးဆုံးရှုံးခြင်း ရဲ့အကြောင်းလေးပါးဆိုတဲ့ တရား ကိုေ ဟာကြားခဲ့ပါ တယ်။ (၁) ပျောက်ဆုံးသွားတဲ့ ဥစ္စာပစ္စည်းကို ပြန်မရှာဖွေ တာကလည်းတစ်ပါး (၂) ပျက်စီးသွားတာကို ပြန်လည် မပြင်ဆင်တာကလည်း တစ် ပါး၊(၃) သင့်တင့်မျှတတဲ့ ခြိုးခြံချွေတာမှုမလုပ်နိုင်တာ ကလည်းတစ်ပါး(၄)ကိုယ် ကျင့်သီလနဲ့ ပညာမရှိသူရဲ့ ခေါင်းဆောင်အဖြစ် တင် မြှောက်ခံရတာကလည်း တစ် ပါးပါ။ကနေ့ေ ခတ်ကာလမှာ ချမ်းသာကြွယ်ဝပြီး တရားမျှ တတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ဖို့ ရိုးရာ ဗုဒ္ဓဘာသာအမြင်တွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ နည်းလမ်း တွေကိုလည်း ဆ ရာတော်က ထပ်မံရှင်းပြခဲ့ပါသေးတယ်။
မြန်မာပြည်အလယ်ပိုင်း တစ်လျှောက် ခရီးသွားတုန်း ကျွန်မနားကြားခဲ့ရတဲ့ တရားအဆုံးအမတွေထဲက အမှတ်တရစရာအကောင်း ဆုံးအဆုံးအမကတော့ သက် တော် ၉၁နှစ်အရွယ်စစ်ကိုင်း ဆရာတော်ဘုရားကြီးက ဟောပြောခဲ့တာပါ။ မြန်မာပြည်မှာဒီမိုကရေ စီရရှိဖို့ဘယ်လိုလုပ်ရမလဲဆို တာကိုဆရာတော်ဘုရားက တိုတိုနဲ့လို ရင်း ပဲဟောပါတယ်။ နိုင်ငံရေးကို ရိုးရိုးသားသား လုပ်တဲ့အတွက်ဝိုင်းဝန်းတိုက် ခိုက်ကြတာ၊ပုတ်ခတ်စော်ကား ကြတာကိုကျွန်မခံရမှာဖြစ် ကြောင်းနဲ့ဒုက္ခတရားမှာ ရင်းနှီးမြှုပ်နြှံ ခင်းဖြင့်သာသုခကောင်း ကျိုးချမ်းသာကိုရမှာဖြစ်တယ် လို့ဆုံးမခဲ့ပါတယ်။
လက်ျာထွန်း

popularmyanmar