လယ်သမားအပေါ် တိုင်းဒေသကြီးအစိုးရ၏လုပ်ရပ် ရှက်စရာ (တိုင်စာ)

ပို့စ်တင်ချိန် - 1/28/2014 10:08:00 AM


           (၁၁.၁၂.၂၀၁၃) ရင်နေ့က ပုသိမ်ခရိုင်တရားသူကြီး -  ဒေါ်သန်းသန်းအေး၏အမိန့်ဖြင့် ၂ ပွင့်
ရဲအရာရှိ (၂) ဦး ၊ တရားရုံးအမျိုးသမီးဝန်ထမ်း (၂) ဦး ၊ ရဲလက်နက်ဖြင့် ရဲ (၆) ဦး ၊ လက်နက်မဲ့အခြားရဲ
ဝန်ထမ်းများ ၊ ပြည်သူ့စစ် ၊ မီးသတ်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး - ဦးထွန်းသွင်တို့အဖွဲ့၊ စုစုပေါင်း (၂၀)
ခန့်တို့ ဦးဆန်းနိုင်၏လယ်ထဲသို့ရောက်ရှိပြီး ၊ လယ်ထဲကယခုထွက်ပေးပါဟုခြိမ်းခြောက်ပါသည်။
           ဦးဆန်းနိုင်က ဒါ..ကျွန်တော့်မိဘလက်ငုတ်လယ်ဖြစ်တယ်။ ထွက်မပေးနိုင် ၊ ခင်ဗျားတို့မှာလက်
နက်ပါတယ်..ပစ်သတ်လိုက်။ကျွန်တော့်လယ်ထဲအပါအ၀င် ကျွန်တော့်ပစ္စည်းတွေခင်ဗျားမီးတင်ရှို့သွား
ကျွန်တော်ဖျက်ပေးမှာမဟုတ်ဟုပြောပါသည်။
           ခရိုင်တရားသူကြီး၏အမိန့်ကိုဖတ်ပြပါသည်။ ထိုအမိန့်ကို ကူးယူခွင့်တောင်းရာ ပေးခွင့်မရှိဟု
ပြောပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဦးဆန်းနိုင်က ကလန်ကဆန်လုပ်တယ်ဆိုပြီး လက်မှတ်ထိုး
ယူသွားပါသည်။
           ထိုဝန်ထမ်း (၂၀) ကျော်ကိုတိုင်းဒေသကြီးအစိုးရနှင့်ကုမဏီလက်ကျန်ဝန်ထမ်းအခွင့်ထူးခံတွေ
ကခိုင်းစေပုံရပါသည်။
            ဦးဆန်းနိုင်သည် သူ၏သိမ်းခံရသော လယ်ဧက (၅၀) ကျော်ကို (၂၀.၆.၂၀၁၁) ရက်စွဲဖြင့်
သမ္မတထံလိပ်မူပြီး ၊ လယ်ဆည်ပြည်ထောင်စုဝန်ကြီး နှင့် ၀န်ကြီးချုပ်ထံမိတ္တူဖြင့် တိုင်ကြားခဲ့ရာ အ
ကြိမ်ကြိမ် အစစ်ဆေးခံခဲ့ပြီး၊ နောက်ဆုံး တိုင်းဒေသကြီးအစိုးရ၏လယ်ဆည်ဝန်ကြီး - ဦးတင်စိုးအထိ
စစ်ဆေးခဲ့ပါသည်။ ဦးတင်စိုးက ဧရာရွှေဝါနောက်မှာ ဦးရွှေမန်းရှိတယ်ဟု ခြိမ်းခြောက်ပါသည်။အရေး
ယူဆောင်ရွက်မှုမရှိပါ။
            ထို့နောက် ဦးတေဇကိုယ်တိုင်က ဧရာရွှေဝါကုမဏီ့ပိုင်လယ်အားလုံး တိုင်းဒေသကြီးအစိုးရကို
ပြန်အပ်ခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရက မူလလက်ငုတ်လယ်သမားတွေကိုပြန်ချမပေး ၊ ကုမ္မဏီ
ဝန်ထမ်းတွေနှင့်ကိုယ်ကျိုးရှာသဖြင့် လယ်သမားတွေကိုယ်စား သာပေါင်းမြို့နယ် လွှတ်တော်အမတ်
တွေက လွှတ်တော်အသီးသီးမှာတင်ပြခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်မှ မူလလက်ငုတ်လယ်သမား
တြွေုပန်ချပေးရန်ဆုံးဖြတ်ပြီးဖြစ်ပါသည်။
ဦးဆန်းနိုင်က လူ့အခွင့်အရေးအဖွဲ့တွေ ရှေ့နေတွေ NLD လွှတ်တော်အမတ်တွေ အကူအ
ညီဖြင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ စာရေးတင်ပြီး၊ သူ၏လယ်တွင်ဝင်လုပ်ပါသည်။ သူ၏လယ်ဧက
(၅၀) ကျော်ကို ကုမ္မဏီက ဥပဒေမဲ့ကန်တူးထားရာ ကုမ္မဏီဝန်ထမ်းတစ်ဦးက တရားလိုလုပ်ပြီး လွှတ်
ထားသောငါး (၃၉) သိန်းကျော် နစ်နာသည်ဟု လုပ်ကြံတရားစွဲပါသည်။ တရားသူကြီးတွေကလည်း အ
ထက်အမိန့််ဖြင့်ဘက်လိုက်ဆောင်ရွက်သဖြင့် ပုသိမ်လူ့အခွင့်အရေးအဖွဲ့က တရားခွင့်စောင့်ကြည့်
တိုင်ကြားသဖြင့် ကန်ကြီးထောင့်မြို့နယ် တရားသူကြီး- ဒေါ်စန္ဒာကျော် ပြောင်းရပါသည်။ အမှုကို(၂)
နှစ်ခန့်ဆိုင်ရပြီး၊ ဒါဏ်ငွေချပါသည်။
နောက်ထပ်ကုမ္မဏီက သိမ်း၊ ခရိုင်တရားရုံးမှာ ကန်ပြန်ပေးဖို့ အမှုဆင်တရားစွဲရာ ဦးဆန်း
နိုင်မှ ကုမ္မဏီပိုင်မဟုတ်တော့၊ ဦးတေဇကိုယ်တိုင် ပြန်အပ်ပြီး၊ တိုင်းဒေသကြီးအစိုးရတာဝန်မဲ့သဖြင့်
လွှတ်တော်အမတ်တွေ လွှတ်တော်တင်သဖြင့် အမြင့်ဆုံးအာဏာပိုင်အဖွဲ့က မူလလက်ငုတ် လယ်သ
မားပြန်ချပေးရန် ဆုံးဖြတ်ပြီးဖြစ်၍ ဦးဆန်းနိုင်သည် မူလလက်ငုတ်လယ်သမားဖြစ်၍ တရားသူကြီးမှာ
ဆုံးဖြတ်ခွင့်မရှိတော့သဖြင့် တရားခွင်လာမှာမဟုတ်တော့ဟု စာတင်ပြီး မသွားပါ။ တရားသူကြီးကဆက် စစ်သဖြင့် တိုင်ကြားခဲ့သဖြင့် ရပ်သွားပါသည်။
ထို့အပြင်သာပေါင်းမြို့နယ်တရားသူကြီး- ဒေါ်ခိုင်ဇင်သန့်ကလည်း ဦးဆန်းနိုင်အလုပ်သမား
တွေကို ဆင့်ခေါ်စာတွေ မလျော်မကန်တွေထုတ်ပါသည်။ ဦးကျင်ပိုင် ဆိုသူကို (၃၇) ရက်ဖမ်းချုပ်ပါ
သည်။ အာမခံမယူ၊ အမှုမဖြေရှင်းသဖြင့် ကိုယ်တိုင်ခံချုပ်ဖြင့် ပြန်လွှတ်ပေးပြီး၊ နောက်တစ်ယောက်ကို
လည်း ဖမ်းချုပ်ပြန်ပါသည်။
ယခုနောက်ဆုံး-ဦးဆန်းနိုင်ကို ၀န်ထမ်း (၂၀)ကျော်က လက်နက်တွေဖြင့် အထက်အဆင့်ဆင့်
အမိန့်နာခံပြီးလာခြိမ်းခြောက်တာပါ။ သူတို့အမြင့်ဆုံး လုပ်ခွင့်ရှိတဲ့ (လူသတ်၊ ပစ္စည်း မီးရှို့သွား) ဟု
လယ်သမားကပြောရပါသည်။ ဒါ… သူပုန်တွေလုပ်တာပါ၊ ၀န်ထမ်းတွေဒီလောက်တော့ သိပုံရပါသည်။
အဓိကစီစဉ်သူတွေက ကုမ္မဏီမန်နေဂျာ- ဦးမောင်မောင် နှင့် ၀န်ကြီးချုပ်-ဦးသိန်းအောင်ပါ။ သူ
တို့က ထိုလယ် နှင့် ကန်ကို ဦးသန်းထွန်းဆိုသူကို ရောင်းစားထားပြီးဖြစ်ပုံရပါသည်။ ဦးသန်းထွန်းက ထိုလယ် နှင့် ကန်ရရှိရေး သိန်း (၄၀၀) ခန့် ကုန်ပြီး၊ ကျွန်တော်ကဘယ်သူ့ကိုမှလဘ်မထိုးဘဲ သန်း
(၂၀၀) ခန့်ကုန်နေပါသည်။ ဦးဆန်းနိုင်က ကျောင်းကုန်းမြို့နယ်၊ လက်ပံချောင်အုပ်စု၊ သဲပွက်ရွာမှာ နေပြီး လယ်က သာပေါင်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ စစ်ပင်ကြီးကွင်းမှာ ရှိပါသည်။

            သတင်းပေးသူ-ဦးဆန်းနိုင်(၁၄/ကကန(နိုင်) ၁၀၀၆၈၇)     ဖုန်း- ၀၉-၄၂၂၅၄၉၄၄၅

Myanmar CNN မှတင်ဆက်သည်။