လိင်တူ၊ လိင်ကွဲ ၃၃ စုံတွဲ မင်္ဂလာပွဲနဲ့ Grammys ဆုရှင်တွေ

ပို့စ်တင်ချိန် - 1/28/2014 09:30:00 PM

 ဓာတ်ပုံ- Yahoo

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ Grammys ဆုရှင်
တွေနဲ့အတူ  တမူ ထူးထူးခြားခြား စည်ကားတဲ့ ပွဲတခုကတော့ လိင်တူ၊ လိင်ကွဲ ၃၃ စုံတွဲရဲ့ တပြိုင်တည်း မင်္ဂလာပွဲပါ။

နာမည်ကြီးအဆိုတော်  Macklemore & Ryan Lewis တို့ စုံတွဲ သီချင်း သီဆိုမှုမှာ အဆိုတော် Mary Lambert ကလည်း ပူးပေါင်း ပါဝင်အားဖြည့်ခဲ့ပြီး အလွန်စည်းကားတဲ့ ပွဲကြီးတခုလည်းဖြစ်ပါတယ်။
Macklemore ကတော့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို စပ်ဆိုထားတဲ့ Same Love ဆိုတဲ့သီချင်း နဲ့ ဖျော်ဖြေခဲ့ပြီး Queen Latifah က စုံတွဲတွေကို လက်ထပ်လက်စွပ်လဲကြဖို့ နှိုးဆော်ပါတယ်။

အဲဒီနောက် နာမည်ကြီး အဆိုတော် မက်ဒေါနားဟာ အဖြူရောင်ဝတ်စုံနဲ့ ပေါ်ထွက်လာပြီး Open Your Heart ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က အဲဒီထူးခြားတဲ့ ပွဲဟာ လိင်တူ ချစ်သူတွေကို မုန်းတီးစိတ်တွေ ပပျောက်ရေးအထူးအစီအစဉ် တခုလို ပါပဲ။

Daft Punk ၊ ပေါလ်ဝီလျံတို့ကလည်း အကောင်းဆုံး ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ အလွန်စည်ကား တဲ့ မြင်ကွင်းတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း