မက်ဆီ ဟာ ရောင်းကုန်တစ်ခုမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဘာစီလိုနာအသင်းဥက္ကဌ

ပို့စ်တင်ချိန် - 1/28/2014 08:07:00 PM


ရွှေဘောလုံးဆု လေးကြိမ်တိုင်တိုင် ရရှိထားတဲ့ အသက် ၂၆ နှစ်အရွယ် ကစားသမားမက်ဆီကို ခေါ်ယူဖို့  ပြင်သစ် ကလပ် PSG အသင်းရဲ့ ကြိုးစားနေမှုကို ဘာစီလိုနာအသင်း ဥက္ကဌ Joseph Maria Bartomeu က ဖြေကြားလိုက်တာပါ။

“ ကျွန်တော်တို့ မက်ဆီနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ ညှိနှိုင်းသွားမှာပါ။ မက်ဆီဟာ ရောင်းဖို့ အတွက်မဟုတ်ပါဘူး” လို့ ကလပ်အသင်းရဲ့ ၀က်ဆိုဒ်မှာ တင်ထားတဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

မက်ဆီဟာ မနှစ်က ရာသီမှာ ပွဲစဉ် ၅၀ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၆၀ အထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီ အစမှာတော့ ဒဏ်ရာပြသနာနဲ့ ရုန်းကန်ခဲ့ရပြီး အရင်လို ဂိုးသွင်းနှုန်းရရှိဖို့ ကြိုးစားနေရပါတယ်။

PSG အသင်းဟာ မက်ဆီကို ခေါ်ဖို့ လွန်ခဲ့တဲ့နှစ်တွေထဲက ကြိုးစားခဲ့ပြီး တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။ ပြင်သစ် ကလပ်အသင်းရဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းချက်ဟာ မဖြစ်နိုင်တဲ့အလုပ်လို့ အားကစားမီဒီယာတွေက သတ်မှတ်ထားကြပြီး ဘာဖြစ်လို့ လည်းဆိုတော့ မက်ဆီကို ခေါ်ယူဖို့ အတွက် ဘဏ်တိုက် ကို ဖောက်မှ နီးစပ်မယ်လို့ ရေးသားထားကြပါတယ်။

Ref: marca.com
Trend Myanmar