ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်သို့ ဓါတ်ငွေပိုက်လိုင်းသွယ်တန်းဖောက်လုပ်စဉ် ကျေးရွာနှင့် မြို အချို့ ရွေ့ ပြောင်းခံရမှုမရှိခဲ့ဟု စွမ်းအင်ဒုဝန်ကြီး ဦးအောင်ထူးဆို

ပို့စ်တင်ချိန် - 1/28/2014 06:00:00 AM


နေပြည်တော်၊ ဇန်န၀ါရီ ၂၇

ကမ်းလွန်သဘာဝဓါတ်ငွေ့ များကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ ရန် ပိုက်လိုင်းသွယ်တန်းဖောက်လုပ်စဉ် ကျေးရွာနှင့် မြို အချို့ ရွေ့ ပြောင်းခံရမှုမရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးကပြောသည်။

ပထမအကြီမ်ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး သတ္တမနေ့(ဇန်န၀ါရီ ၂၇ ရက်) တွင် ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယ၀န်ကြီး ဦးအောင်ထူးက "အဲဒီလိုမျိုး ရွာတွေ ရွေ့ ပြောင်းတာတော့မရှိပါဘူး။ပိုက်လိုင်းစလုပ်ကတည်းက လူနေအိမ်ခြေနဲ့ ဝေးတဲ့ နေရာတွေမှာ လုပ်ထားတာပါ၊အဲဒီလမ်းကြောင်းမှာ အိမ်တစ်လုံးရှိရင် အိမ်ပိုင်ရှင်ကို အရင်ညှိုကြည့်တယ်၊သူကမရွေ့ ပေးနိုင်ဘူးဆိုရင်ပိုက်လိုင်းကိုရွေ့ လိုက်တယ်၊နောက်တစ်ခုကလျော်ကြေးကိစ္စပါ၊ဒါကလည်းကောလဟလလို့ ပြောချင်တယ်။ ပိုက်လိုင်းရဲ့ ဟိုဘက်ဒီဘက် ကီလိုမီတာ ၂၀မှာ ရှိတဲ့ မြေတွေကိုလျော်ကြေးပေးတယ်။ ပေးတဲ့နေရာမှာ မြေကြီးကို ရာသက်ပန်ဝယ်တဲ့သဘောပါ။သူရဲ့မြေအမျိုးအစားပေါ်မူတည်ပြီး ကျေးရွာမှာရှိတဲ့ရွာလူကြီး၊ မြေစာရင်းက လူတွေ၊ စွမ်းအင်ဝန်ကြီးဌာနကတစ်ယောက်၊ တရုတ်နိုင်ငံဘက်က တစ်ယောက် ကဆုံးဖြတ်ပြီးလျော်ပေးတာပါ။ သူ စိုက်တဲ့သီးနှံ ပေါ်လည်းမူတည်တယ်။ ဥပမာ စပါးစိုက်တယ် ဆိုရင် ဘယ်နှစ်တင်းထွက်လဲဆိုတာမျိုးပါ။ အားလုံးကလက်ခံတဲ့အပ်ါမှာ ဈေးမဆစ်ဘဲ လျော်ပေးပါတယ်။ရာသက်ပန် သိမ်းတယ်ဆိုရင် ၅နှစ်စာ၊ ယာယီဆိုရင် ၃နှစ်စာ လျော်ပေးပါတယ်။ ပြီခဲ့တဲ့၃နှစ်က ဒီဟာကိုစလုပ်တဲ့အတွက် လက်ရှိ ဈေးနှုန်းနဲ့ ကျ အဆင်မပြေတော့ဘူးဖြစ်နေတယ်။"ဟု ပြောသည်။

အဆိုပါ ကမ်းလွန်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းပေါ် တွင် ရာသီ သီးနှံ များကိုစိုက်ခွင့်ပြုထားပြီး အမြစ်တွယ်စေသည့် အပင်ကြီးများကို စိုက်ခွင့်မပြုသလို အဆောက်အဦဆောက်လုပ်ခွင့် မပြုကြောင်းလည်း သိရသည်။

Popular Myanmar News Journal