နီပေါ လေယာဉ်ပျက်ကျမှုတွင် လူ ၁၈ ဦး သေဆုံးဟု ခန့်မှန်းရ

ပို့စ်တင်ချိန် - 2/17/2014 01:52:00 PM



ဖေဖော်ဝါရီ ၁၇ ရက်။

တနင်္ဂနွေနေ့တွင် နီပေါ လေကြောင်းလိုင်းရှိ ပေါ့ဟာရာမြို့မှ ဂျုမ်းလာမြို့သို့ သွားမည့် လေယာဉ်သည် ပျံတက်ပြီး မကြာခင်အတွင်းပင် ပျက်ကျခဲ့ပြီး၊ လေယာဉ်ပေါ် ပါရှိသည့် လူ ၁၈ ဦးလုံး သေဆုံးရန် သေချာသလောက် ရှိသည်ဟု တာဝန်ရှိသူများမှ ပြောဆိုခဲ့သည်။

ဆိုးရွားသော ရာသီဥတုနှင့် ရေမခဲရန် လုပ်ဆောင်သည့် ကိရိယာ ကင်းမဲ့မှုကြောင့် ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ခေတ္တမန္ဒူရှိ ထရီဗြူဘန် နိုင်ငံတကာ လေဆိပ်မှ အရာရှိတစ်ဦးက ပြောဆိုသွားသည်။

လောင်ကျွမ်းပျက်စီးနေသည့် အပိုင်းအစများကို နိုင်ငံအနောက်ပိုင်း ဒေသရှိ တောအုပ်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု နိုင်ငံခြား ခရီးသွားဧည့်သည်များ လုံခြုံရေးဌာနမှ ဆူရှီးဂီဟီးမီယာမှ ပြောဆိုခဲ့သည်။ လေယာဉ် ပျက်ကျရာတွင် ဒိန်းမတ်နိုင်ငံသား တစ်ဦးလည်း ပါဝင်ခဲ့သည်ဟု သတင်းများက ဆိုသည်။

၂၀၁၀ ခုနှစ်မှ ယခုအချိန်အထိ နီပေါ လေယာဉ်ပျက်ကျမှု ၆ခု၌ အနည်းဆုံး လူ ၉၇ ဦး သေဆုံးခဲ့ကြသည်။ ဥရောပ သမဂ္ဂသည် နီပေါလေကြောင်းလိုင်းအား ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်း ပျံသန်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာလ အတွင်းက တားမြစ်ခဲ့သည်။

REF: Reuters
The Myanma Age