ခရီးသည်တင် ဟိုင်းလပ်ယာဉ်ငယ်များ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲမှု ဖေဖော်ဝါရီ ၂၈ နောက်ဆုံးဖြစ်

ပို့စ်တင်ချိန် - 2/17/2014 09:20:00 AM



======================================
ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ ပြေးဆွဲလျက်ရှိနေသော ခရီးသည်တင် ဟိုင်းလပ် ယာဉ်များကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးအထိသာ ပြေးဆွဲခွင့် ပေးတော့မည်ဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။

“ယနေ့အထိ ပြေးဆွဲနေတဲ့ ဟိုင်းလပ်ခရီးသည်တင် ယာဉ်ငယ်တွေကို ဖေဖေါ်ဝါရီ ၁၅ ရက်၊ ၁၆ ရက်အထိသာ ပြေးဆွဲခွင့်ပေးထားတယ်ဆိုတဲ့ အပြင်မှာ ဖြစ်ပေါ်နေတဲ့ စကားတွေက မဟုတ်ပါဘူး။ ကျွန်တော် သက်ဆိုင်ရာ လူကြီးတွေနဲ့ ညှိနှိုင်းပြီးပါပြီ။ ဖေဖော်ဝါရီ ၂၈ ရက်ကို နောက်ဆုံးရက်သတ်မှတ်ထားပြီး ဖြစ်ပါတယ်” ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က မြန်မာ့အလင်း၏အမေးကို ဖြေကြားပေးခဲ့သည်။

သတ်မှတ်နယ်နိမိတ် အဖြစ် ပဲခူးဘက်မှလာသော ခရီးသည်တင် ဟိုင်းလပ်များအနေဖြင့် ပဲခူးလမ်းမကြီးပေါ် ထောက်ကြန့်မြို့ ရှောင်လမ်း၊ ယာဉ်လိုင်း ၅၁ ဂိတ်အနီးတွင် သတ်မှတ်ပေးထားပြီး တိုက်ကြီး၊ မှော်ဘီဘက်မှလာသော ခရီးသည်တင်ဟိုင်းလပ် ကားများအနေဖြင့် ပြည်လမ်းမကြီးပေါ် ထောက်ကြန့်အဝင် လှော်ကား သဘာဝဥယျာဉ် လမ်းခွဲအနီးတွင် သတ်မှတ်ထားကြောင်း သိရသည်။
MOI Webportal Myanmar