အူလမ်းကြောင်းကို စစ်ဆေးပေးနိုင်သော သောက်ရတဲ့ ဆေးလုံးကင်မရာပေါ်ပြီ

ပို့စ်တင်ချိန် - 2/17/2014 02:17:00 AM


ဆေးလုံး သဏ္ဍာန် ရှိပြီး မျိုချ ရသည့် ကင်မရာ ငယ်လေး သည် အူ အတွင်းရှိ မူမမှန်သည့် အဖု ကလေးများ နှင့် အူမကြီး ကင်ဆာ အစောပိုင်း လက္ခဏာ များကို ဆရာဝန် များ ကြည့်ရှု နိုင်ရန် အထောက် အကူပြုနိုင် ကြောင်း အမေရိကန် FDA က အသိအမှတ် ပြုလိုက် ပြီဖြစ် ကြောင်း ဆေးလုံး ကင်မရာကို တီထွင် ခဲ့သော Given Imaging ltd မှ တနင်္လာနေ့ က ပြောကြား ခဲ့သည်။

အစ္စရေး နည်းပညာ ကုမ္မဏီ တစ်ခုက အူလမ်းကြောင်း အတွင်း ရှစ်နာရီကြာ တည်ရှိကာ ဓာတ်ပုံ ရိုက်ကူးပေး နိုင်သည့် ဘက်ထရီ စွမ်းအင်သုံး ကင်မရာငယ် ကို တီထွင်ခဲ့ သည်။ ကင်မရာမှ အဆိုပါ ဓာတ်ပုံ များကို လူနာ၏ ခါးတွင် ၀တ်ဆင် ထားသော ကိရိယာ သို့ ပို့ဆောင်ပေး ပြီးနောက် ဆရာဝန် များက လေ့လာ ဆန်းစစ် နိုင်မည်ဖြစ်သည်။

အမေရိကန် အစားအသောက် နှင့် အစား အသောက် ကွပ်ကဲရေး အဖွဲ့မှ အဆိုပါ pillcam (ဆေးလုံး ကင်မရာ)သည် ပုံမှန် အူမကြီး စစ်ဆေးမှု မလုပ်နိုင် သူများ အတွက် သင့် တော်ကြောင်း ထောက်ခံ ပေးခဲ့သည်။

ကုမ္ပဏီ၏ ခန့်မှန်းချက် အရ အမေရိကန် တွင် ခန္ဓာကိုယ် တည် ဆောက်ပုံ အနေ အထား အရသော် လည်းကောင်း၊ ခွဲစိတ် ခံခဲ့ဖူးသဖြင့် သော် လည်းကောင်း၊ အမျိုးမျိုး သော အူမကြီး ဆိုင်ရာ ရောဂါမျိုး ကြောင့် သော် လည်းကောင်း ပုံမှန် အူလမ်း ကြောင်း စစ်ဆေးမှု ကို မခံယူနိုင်သူ တစ်နှစ် လျှင် ၇၅၀၀၀၀ ခန့်ရှိနေ ကြောင်း ခန့်မှန်း ထားခဲ့သည်။

Given မှ pillcam မှာ ဒေါ် လာ ၅၀၀ သာ ကျသင့်ပြီး ပုံမှန်အူ လမ်းကြောင်း စစ်ဆေးမှု အတွက် ဒေါ်လာ ၄၀၀၀ ထက်မနည်း ကုန်ကျကြောင်း သိရသည်။ ဆရာဝန် များ အနေဖြင့် အဆိုပါ ကိရိယာ ငယ်ကို နာကျင်မှာကြောက် သည့် ပုံမှန် စစ်ဆေးမှု မခံယူလိုသူများ၊ ရှက်ရွံ့မှု နှင့် စိတ် မသက်မသာ ဖြစ် နိုင်ချေကြောင့် ကုသမှု ခံယူရန် ကြောက်ရွံ့ သူများကို ကုသရာတွင် အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရှိ ရသည်။

Source: BBC
By The Messenger