ရာသီအပြောင်းအလဲမှာ အဖြူရောင်ဟာ သင့်အတွက် အကောင်းဆုံးပါ

ပို့စ်တင်ချိန် - 2/17/2014 11:21:00 AM




ဖေဖော်ဝါရီလကို ချဉ်းနင်းဝင်ရောက်လာခဲ့ပြီဆိုရင်ပဲ ရှေ့လတွေတုန်းက ချမ်းလွန်းလို့ အနွေးထည်တွေ ရှာဖွေဝတ်ဆင်ခဲ့ရသမျှ ခုများတော့ အိုက်စပ်စပ်လေးတောင် ဖြစ်လာပြီပေါ့နော်။ ဒီလို ရာသီအကူးအပြောင်း အတွက် ရွေးချယ်ဝတ်ဆင့်သင့်တဲ့ အရောင်ကတော့ အဖြူရောင်ပါပဲ။ နွေရောက်တော့မှာမို့ အမည်းရောင်ဆိုရင်လည်း အပူစုပ်ဦးမယ်၊ ကျန်မာရေးအရ မသင့်တော်ပြန်ဘူး။ ကာလာအရောင်စပ်တွေဆိုတာကလည်း သင်္ကြန်နီးမှ ပိုဆင်မြန်းသင့်တာမို့ အဖြူဘက်ရောက်တဲ့ ကာလာတွေ၊ အဖြူရောင် dress တွေကသာ ဒီအခြေအနေအတွက် အသင့်တော်ဆုံးပါပဲ။

၁။ထသွားထလာအတွက် ပေါ့ပေါးပါးပါးဖြစ်စေမယ့် ချည်သားအင်္ကျံလေးတွေ ဆောင်ထားပါ။ အဖြူရောင်ဆိုရင်တော့ သန့်ပြန့်ပြီး ဆွဲဆောင်မှုရှိနေမှာပဲလေ။

၂။ချစ်သူနဲ့ဒိတ်လုပ်ထားတယ်ဆိုရင် ခုလို ချစ်စရာကောင်းတဲ့ ဒီဇိုင်းမျိုးလေး ဆင်မြန်းသွားလိုက်ပါ။ အဖြူရောင် လက်ပြတ် top လေးနဲ့ floral ဘောင်းဘီတိုလေးဆိုရင်ပဲ အားလုံးပြီးပြည့်စုံသွားပါပြီ။

၃။ရှိုးပွဲအတွက် ခပ်မိုက်မိုက် ဆင်ယင်ဖို့ ခေါင်းစားနေတယ်ဆိုရင် ပုံမှာပြထားသလို ၀တ်သွားလိုက်ရုံပါပဲ။ ချိုင်းအရမ်းကျယ်တာမျိုး မ၀တ်ရဲဘူးဆိုရင်တောင် အောက်က ကြိုးတစ်ချောင်း၊ ဒါမှမဟုတ် စွပ်ကျယ်လေး ခံဝတ်လိုက်ရင် မိုက်နေပြီနော်။

၎။အဖြူရောင် dress တွေဟာ မြင်ရသူရဲ့အာရုံတွေကို အဆွဲဆောင်နိုင်ဆုံးဆိုတာ သံသယမရှိပါနဲ့။ ပွဲတက်ကနေ ကမ်းခြေမှာ ဆင်မြန်းနိုင်တဲ့အထိကို ဘက်စုံရတဲ့ အရောင်ပါ။

၅။နောက်ဆုံးပေါ် အလန်းစား dress တွေကိုလည်း လက်လွတ်မခံပါနဲ့။ ရှော့ပင်ထွက်တဲ့အခါပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ hang out လုပ်တဲ့အခါပဲဖြစ်ဖြစ် ၀တ်ဆင်လို့ကောင်းတဲ့ ဒီဇိုင်းမျိုးတွေဆိုရင်တော့ ၀ယ်သာဝယ်ထားလိုက်တော့နော်။

Ref:lookbook.nu
Myawady News