မော်တော်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ

ပို့စ်တင်ချိန် - 2/17/2014 02:17:00 AM


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၉/၃)အနီး၊ ဘောနတ်ကြီးမှဘုရားကြီးသို့သွားသော အမြန်လမ်းမတံတားကြီးအောက် ကားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ထို့သို့စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁)ရပ်ကွက်နေ စောဘိုအေး (၂၈)နှစ်မောင်းနှင်လာသော ၁ခ/×××× ကာရီနားအဖြူရောင်ယာဉ်သည် အမြန်လမ်းမှဘုရားကြီးရွာသို့ မောင်းနှင် လာစဉ် ဘုရားကြီးရွာမှဘောနတ်ကြီးရွာသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်နေ သက်နိုင်(၃၉)နှစ် မောင်းနှင်လာသော ၃၅ယ/×××× ဟွန်ဒါဝေ့ဗ် ၁၁၀ အနီရောင်ဆိုင်ကယ်နှင့် လမ်းကွေ့၌မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်းတွေ့ရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် သက်နိုင်မှာ ဝဲ/ယာဒူးခေါင်း၊ ယာတံတောင်ဆစ်/ ဝဲလက်ခုံပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ကာရီနားယာဉ်မှာ ရှေ့လေကာမှန်ကွဲအက်၊ ဝဲဘက်ရှေ့မီးကွဲ၊ တန်ဘိုးငွေကျပ် (၂၀၀၀၀ဝိ/-)ခန့်၊ ဆိုင်ကယ်မှာ ရှေ့ဖောက်ကောက်၊ ဒူးကာ(၂)ခုကွဲ၊ တန်ဘိုးငွေကျပ်(၅၀၀၀ဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စောဘိုအေးနှင့်သက်နိုင်တို့အား ဘောနတ်ကြီးအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar