ဒီနွေမှာ ဘာတွေဝတ်မှာလဲ

ပို့စ်တင်ချိန် - 2/17/2014 11:20:00 AM





မတ်လရောက်တော့မယ်ဆိုတော့ နွေရာသီအတွက် အ၀တ်အစားလေးတွေ ကြိုတင်ပြင်ဆင်ထား ပြီလား။ တခြားရာသီတွေနဲ့ မတူတာတစ်ခုက နွေရာသီဟာ လှပဖို့တစ်ခုတည်းမဟုတ်ဘဲ သက်သောင့် သက်သာရှိဖို့နဲ့ အပူဒဏ်ခံနိုင်ဖို့လည်း ထည့်စဉ်းစားရပါသေးတယ်။

ဆောင်းတွင်းလိုမျိုး ဖက်ရှင်အဆန်းတွေ သိပ်ချကျွေးလို့ မကောင်းဘူးဆိုပေမယ့် နွေရာသီကလည်း သူ့ရသနဲ့သူ ပြည့်စုံအောင် ဖန်တီးလို့ရပါသေးတယ်။ ဒီဝတ်စုံလေးတွေကတော့ ဘယ်နွေမှာမှ ရိုးမသွားဘဲ အမြဲအသုံးတည့်လို့ အားလုံးလဲနှစ်သက်မှာပါ။

(၁) နွေရာသီမှာ ဘယ်တော့မှမရိုးတာ အပွင့်ဒီဇိုင်းပါ။ ဒီတော့ သင့်မှာ ဒီလိုအပွင့်ရိုက်ဂါဝန်တို တစ်ထည် ရှိထားမယ်ဆိုရင် နွေရာသီတိုင်းမှာ အသုံးချလို့ရပါတယ်။ မတိုလွန်းမရှည်လွန်းတာကြောင့် ရုံးတက် ၊ ကျောင်းတက်အတွက် သင့်တော်တာမို့ ဒါမျိုးလေး တစ်ထည်လောက်တော့ မရှိမဖြစ်ဆောင်ထားပါလို့ ပြောပါရစေ။

(၂) သင့်မှာ ပေါ့ပေါ့ပါးပါးသွားလာရမယ့် နေရာမျိုးရှိနေတယ်ဆိုရင်တော့ ဒါမျိုး ရောင်စုံလေးတွေက အလုပ်ဖြစ်မှာပါ။ အနည်းငယ်တိုတာကြောင့် ညနေခင်း မုန့်စားထွက်တာမျိုး ၊ သူငယ်ချင်းအုပ်စုနဲ့ စုပြီး ကော်ဖီဆိုင်ထိုင်တာမျိုး၊ အနီးအနားလမ်းလျှောက်ထွက်တာမျိုးအတွက် သင့်တော်မှာပါ။ အားစိုက်ထုတ်စရာ မလိုပဲ ပေါ့ပါးတဲ့အသွင်ကို ရနိုင်မှာပါ။

(၃) (၂၀)ကျော် လေဒီလေးတွေ ဒီလိုဒီဇိုင်းမျိုးနှစ်သက်မှာပါ။ အလုပ်သွားဖို့အတွက်ဆိုရင် အတော်လေး အဆင်ပြေမယ့်အပြင် ရာသီဥတုနဲ့လည်းလိုက်ဖက်ပြီး ပွဲတိုးပါတယ်။ အသွင်အပြင်ကျော့ရှင်း နေစေဖို့နဲ့ အပူဒဏ်သက်သာစေဖို့ အဖြူခံလေးတွေ ရွေးချယ်ဖို့တော့ မမေ့နဲ့နော်။ ပြီးတော့ နေကာမျက်မှန်တလက် ကလည်း ဒီဝတ်စုံရဲ့ သော့ချက်ပါပဲ။

(၄) ပါတီတက်တော့မလား ၊ cocktail ပွဲတွေ သွားဖို့ရှိနေလား။ ဒါမှမဟုတ် ချစ်သူနဲ့ ညစာစားဖို့ ဒိတ်လုပ်ထားတာတွေ အတွက်ဆိုရင်တော့ ဒီလိုဗြောင်လေးတွေက အဆင့်အတန်းမြင့်တဲ့အသွင် ဖြစ်စေမှာပါ။ အောက်ပိုင်းအနည်းငယ်ကားတာကြောင့် သွက်လက်တဲ့သွင်လည်းဖြစ်စေပါတယ်။

(၅) ဒီလို ဂါဝန်ရှည်မျိုးကိုတော့ ပျော်ပွဲစားထွက်ဖို့ပဲဖြစ်ဖြစ် ၊ ကမ်းခြေသွားဖို့ပဲဖြစ်ဖြစ် ၊ ပန်းခြံထဲ အလှဓါတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ် ရွေးချယ်လောက်ပါတယ်။ ဦးထုပ်အပြားတစ်လုံးနဲ့ သင့်အသွင်က ၁၈၀၀ ခုနှစ် လောက်တွေတုန်းဆီက ဂန္တ၀င်ဆန်တဲ့ ကောင်မလေးပေါ့။

(၆) ကိုရီးယားမင်းသမီးလေးလို လှဖို့အတွက်တော့ အခုလိုဒီဇိုင်းတွေက အဓိကပေါ့။ ၀မ်းဆက်ထက်ပိုပြီး ငယ်ရွယ်တဲ့အသွင်အပြင်ကို ရနိုင်ပါတယ်။ ဖန်စီရောင်စကတ်လေးတွေက accessories နှစ်သက်တဲ့ သင့်ကို လိုက်ဖက်အောင် ၀တ်ဆင်ဖို့ အခွင့်အလမ်းအများကြီး ပေးတာပေါ့။

(၇) (၁၆)နှစ်သမီး ဆယ်ကျော်သက်လေးတွေ အပျိုကြီးအသွင်ဖမ်းချင်ရင်တော့ ဒီလို ဂါဝန်ရှည်လေးတွေ ရွေးချယ်ပါ။ အဲဒီအရွယ် feeling လေးတွေက ပုံပြင်ထဲက မင်းသမီးလေးလိုဖြစ်နေ တတ်တာမျိုးလေ။ ဒါကိုတော့ ဂါဝန်ရှည်လေးတွေက ပံ့ပိုးပေးမှာဖြစ်ပြီး ဗြောင်ဖြစ်တာကြောင့် တော်ရုံတန်ရုံနဲ့လည်း အမြင်မကလက်ပါဘူး။

(၈) ဒါကမှ ခေတ်ရှေ့ပြေး modernize ဖြစ်တာပါ။ သင်က သိပ်လန်းတဲ့ခန္ဓာကိုယ်နဲ့ လက်ပြင် ကျယ်ကျယ်တွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့်ကို မော်ဒယ်နဲ့ အမှတ်မှားလောက်စေတဲ့ ၀တ်စုံပါ။ ကာလာအတွဲအစပ် သတိထားပြီး ရွေးချယ်နိုင်မယ်ဆိုရင် ပေါ့ပါးသလောက် ပွဲလည်းတိုးတဲ့ ဒီဇိုင်းပေါ့။

Ref:ebay.com
Myawady News