လိမ္မာပါးနပ်သော ပန်းချီပညာရှင်

ပို့စ်တင်ချိန် - 3/08/2014 08:13:00 AM



ဘုရင်တစ်ပါး ရှိတယ်။ သူသည် သူ၏ ပုံတူကို ရေးဆွဲရန်အတွက် အလွန်တော်သော် ပန်းချီပညာရှင် သုံးယောက်ကို ခေါ်လိုက်တယ်။ အလှဆုံး ပုံတူကို ရေးဆွဲနိုင်တဲ့ ပန်းချီပညာရှင်ကို ဆုချီးမြှင့်မယ်လို့ ဘုရင်ကပြောလိုက် ပါတယ်။ သို့ပေမယ့် ဘုရင်မှာက မျက်လုံး တစ်ဘက်သာ ရှိပါတယ်။

ပထမ ပန်းချီပညာရှင်က တွေးတယ်။ ငါ သူ့ကို မျက်လုံးတစ်လုံးတည်း ပါတဲ့ ပုံတူကို ရေးပေးလိုက်မယ် ဆိုရင် ငါ့ကို သူ စိတ်ဆိုးလိမ့်မယ်။ ဒါကြောင့် ငါ မျက်လုံးနှစ်လုံး ပါအောင် ဆွဲပေးလိုက်မယ်လို့ တွေးလိုက်ပါတယ်။

ဒုတိယ ပန်ချီပညာရှင်ကတော့ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းပဲ မျက်လုံးတစ်လုံးတည်းပါသော ဘုရင်၏ ရုပ်ပုံတူကို ရေးဆွဲလိုက်ပါတယ်။

တတိယ ပန်းချီပညာရှင်ကတော့ အသိဥာဏ်ရှိစွာနဲ့ မျက်လုံးလေးကို မှေးစဉ်းနေသော ပုံသဏ္ဍန် မျက်နှာကို ဘေးတစ်စောင်းပုံစံကို ရေးဆွဲ လိုက်ပါတယ်။

နောက်ဆုံးမှာတော့ ဘုရင်ထံသို့ ပုံတူပန်းချီကားတွေကို ပို့ပေးရပါတယ်။ ပန်းချီကား သုံးကားစလုံး ဟာလည်း အလွန်ပင် လှပါတယ်။ သို့ပေမယ့် ဘုရင်ဟာ အကောင်းဆုံး ပန်းချီပညာရှင်ဆုကို တတိယ ပန်းချီပညာရှင်ကို ပေးလိုက် ပါတော့တယ်။

သင်ခန်းစာ-

လူတွေ၏ စိတ်ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြဘူး။ အရှိကို အရှိအတိုင်း ကြိုက်တဲ့သူ ရှိကြပေမယ့် တချို့ကြတော့လည်း မကြိုက်ပြန်ဘူး။ ဒါကြောင့် လောကမှာ လိုက်လျောညီထွေစွာ နေထိုင်တတ်ဖို့ဟာ အလွန်အရေးကြီးသော အရာတစ်ခုဖြစ်ပေတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)