အားကစားသတင်း အတိုအစများ-၈

ပို့စ်တင်ချိန် - 3/08/2014 08:13:00 AM



မန်ယူ တိုက်စစ်မှူး မာချီဒါက နည်းပြ မိုရက်စ်၏ စီမံခန့်ခွဲမှုပိုင်းကို ဝေဖန်ခဲ့ပြီး လာမည့် အပြောင်းအရွှေ့ကာလတွင်အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ဖွင့်ဟသွားသည်။

ဘာမင်ဂမ် အသင်းပိုင်ရှင် ကာဆန်ယန်းမှာ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အတွင်း ဟောင်ကောင်
ဒေါ်လာ၇၂၁သန်း(ပေါင်၅၅သန်း)
ငွေကြေးခ၀ါချမှုကြောင့် ထောင်ဒဏ် (၆)နှစ် ချမှတ်ခံခဲ့ရသည်။

အေစီမီလန် တိုက်စစ်မှူး ဘာလော့တယ်လီမှာ ပခုံးဒဏ်ရာ နာကျင်မှု ခံစားနေရသော်လည်း အူဒီးနီးစ်နှင့် ကစားမည့်ပွဲစဉ်တွင် အသင်းအတွက် ပါဝင်ကစားလိမ့်မည်ဖြစ်ကြောင်း နည်းပြ ဆီးဒေါ့ဖ်က အတည်ပြုခဲ့သည်။

ပြီးခဲ့သည့်နှစ်က တင်းနစ်ကစားသမားဘ၀မှ အနားယူခဲ့သည့် ဗြိတိန်တင်းနစ်မယ် ဘယ်တာချာမှာ အသည်းကင်ဆာ ရောဂါခံစားနေရကြောင်း သိရသည်။

အာဆင်နယ်မှာ ၀ီလ်ရှိုင်းယား ဒဏ်ရာရရှိမှုအတွက် အက်ဖ်အေထံမှ ပေါင် ၆သိန်း လျော်ကြေးတောင်းရန် စီစဉ်နေသည်။

ကျူပီအာမှာ ပေါင် ၆၅.၄သန်း အရှုံးပေါ်ခဲ့ပြီးနောက် အသင်းကစားသမား (၂၆)ဦးကို ရောင်းထုတ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ဘယ်လ်ဂျီယံအတွက် ခြေစမ်းပွဲ ကစားပေးခဲ့ရာတွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့သော်လည်း ဟာဇတ်အနေဖြင့် စပါးနှင့် ကစားမည့်ပွဲစဉ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ပြောသည်။

အထူးကုဆရာဝန်နှင့် ပြခဲ့ရသော်လည်း မက်ဆီ၏ လက်ရှိအနေအထားအပေါ် စိုးရိမ်စရာမရှိကြောင်း ဘာစီလိုနာနည်းပြ မာတီနိုက ပြောသည်။

@z (ရိုးရာလေး)