မလေး အတိုက်အခံခေါင်းဆောင် လိင်တူ ဆက်ဆံမှုနဲ့ စီရင်ချက် ပြန်ချခံရ

ပို့စ်တင်ချိန် - 3/08/2014 12:16:00 AM


မလေးရှားအတိုက်အခံခေါင်းဆောင် Anwar Ibrahim Putrajaya တရားရုံးကို ရောက်ရှိလာစဉ်။( March 7, 2014)

07.03.2014

မလေးရှားနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim အပေါ်
လိင်တူချင်းဆက်ဆံတဲ့အမှုအတွက်၂၀၁၂ ခုနှစ်က တရားသေလွှတ်ပေးထားတဲ့
ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက ပြန်လည်ပြင်ဆင် စီရင်ချက်ချခဲ့ပါတယ်၊
2008 ခုနှစ်တုန်းက Mr. Anwar ဟာ သူ့ရဲ့ လက်ထောက်အမျိုးသားနဲ့
လိင်ဆက်ဆံခဲ့မှုအတွက် အပြစ်ရှိတယ်လို့ အယူခံတရားရုံးက ဒီကနေ့ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

တရားခွင်မှာ စစ်ဆေးတဲ့ DNA အထောက်အထားတွေဟာ
မသန့်ရှင်းတော့လို့ဆိုပြီး အောက်တရားရုံးတခုကိ Mr. Anwar ကို 2012
ခုနှစ်က တရားသေလွှတ်ပေးခဲ့ပါတယ်၊ မလေးရှားနိုင်ငံရဲ့ ဥပဒေအရ
လိင်တူချင်းဆက်ဆံသူကို အနှစ် ၂၀ အထိ ထောင်ဒဏ်ချလို့ ရပါတယ်၊ ခုလို
သူ့အပေါ် အစိုးရက အမှုဆင် စွဲချက်တင်တာဟာ သူ့ရဲ့ နိုင်ငံရေးအလုပ်တွေကို
ဖျက်ဆီးချင်လို့ဖြစ်တယ်လို့ အသက် 66 နှစ်ရှိပြီဖြစ်တဲ့ Anwar Ibrahim က
ပြောပါတယ်၊ အခုလို အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် မတ်လ ၂၃
ရက်နေ့မှာ ကျင်းပမဲ့ ဒေသန္တရာရွေးကောက်ပွဲမှာ သူဝင်အရွေးခံဖို့
ခက်ခဲစေမှာဖြစ်ပါတယ်၊ တကယ်သာဝင်အရွေးခံရင် ဝါရင့် နိုင်ငံရေးသမားဖြစ်တဲ့
Mr. Anwar အနိုင်ရမယ်လို့ တော်တော်များများက မျှော်လင့်ထားကြပါတယ်၊

VOA Burmese