လမ်းမတော်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျပျက်စီး

ပို့စ်တင်ချိန် - 5/16/2014 02:16:00 AM


ရန်ကုန်၊ မေ ၁၅

၁၄.၅.၂၀၁၄ ရက်နေ့ ၁၄၁၅ အချိန် လမ်းမတော်မြို့နယ်အတွင်း မိုးရွားသွန်းကာ လေပြင်းတိုက်ခတ်ခဲ့သဖြင့် လမ်းမတော်မြို့နယ်၊
(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ သူနာပြုတက္ကသိုလ်တိုးချဲ့ဆောင်ပင်မ ၀င်ပေါက်ရှေ့မှ အမြင့်ပေ(၃၀)ခန့်၊ လုံးပတ်(၄)ပေခန့်ရှိ ရေသဖန်းပင်
မှာ တစ်ခြမ်းပဲ့ကျပြီး ၀င်ပေါက်သံတံခါးပေါ်သို့ လဲကျခဲ့သဖြင့် ပျက်စီးသွားခဲ့ကြောင်း၊ အလားတူ (၉)ရပ်ကွက်၊ ခရေပင်လမ်း၊ စည်ပင်သာယာဝန်ထမ်း အိမ်ရာဝင်းအတွင်းမှ အမြင့်ပေ(၄၀)ခန့်၊ လုံးပတ်(၃)ပေခန့်ရှိ ဗန်ဒါပင်မှာ လိုင်း(၁)၊ အခန်း(၆)နေအိမ်ပေါ်သို့ လဲကျခဲ့သဖြင့် နေအိမ်ခေါင်မိုးပျက်စီးခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါသစ်ပင်များလဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း
သိရှိရပြီး တာဝန်ရှိသူများမှ ရှင်းလင်းပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police