မိခင်အပြင်သွားနေခိုက် နေအိမ်တွင်အိပ်ကျန်ခဲ့သည့်ကလေးငယ် အိမ်အောက်သို့ပြုတ်ကျကာ ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 5/16/2014 07:10:00 PM


ရန်ကုန်၊ မေ ၁၆

၁၅.၅.၂၀၁၄ ရက်နေ့ ၂၁၀၅ အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာဆေးရုံသို့ ကလေးငယ်တစ်ဦး
ရေနစ်သေဆုံးကာရောက်ရှိနေကြောင်း သတင်းအရ သွားရောက်
စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ အသက်(၅)လ
အရွယ် မဖွေးဖွေးဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းတို့နေထိုင်သည့် နေအိမ်အောက်တွင် ဆူလတန်ချောင်းရေတက်ကာ ရေများ ၀င်ရောက်လျက်ရှိကြောင်း၊ ၎င်းကလေးငယ်သည် ၁၉၀၀ အချိန်ခန့်က နေအိမ်၌အိပ်ပျော်နေစဉ် မိခင်ဖြစ်သူမှာ လမ်းထိပ်သို့ဘက္ထရီအိုးသွားရောက်ယူနေခဲ့ကြောင်း၊ မိခင်ဖြစ်သူ ပြန်လည်ရောက်ရှိ သည့်အခါ နေအိမ်အောက်သို့
နောက်ဖေးပေါက်မှပြုတ်ကျကာ မှောက်လျက်အနေအထားဖြင့်
ရေနစ်သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၃၅/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police