သင်္ဃန်းကျွန်းမြို့နယ်၊ လမ်းဘေးတွင် အဟာရပြတ်၍လဲကျနေသော အဖိုးအိုတဦးကို သွေးမေတ္တာ ပရဟိတအသင်း ကယ်တင်

ပို့စ်တင်ချိန် - 5/16/2014 10:50:00 AM


ယနေ့( ၁၅.၊၅၊၂၀၁၄)ညနေ ၄း၀၀နာရီအချိန်တွင်သင်္ဃန်းကျွန်းမြို့နယ် ဇ/တောင်ရပ်ကွက် လေးထောင့်ကန်လမ်းမဘေးတွင်အဟာရပြတ်၍လဲကျနေသော

အသက်၆၅နှစ်ခန့်အခြေအနေမဲ့ အဖိုးအိုတဦးကိုရပ်ကွက်နေလူထု
မှတွေ့ရှိပြီးသင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးသို
့အကြောင်းကြားအကူအညီတောင်းခံခဲ့ပါသည်။

သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့မှ သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)သို့ဖုန်းဆက်အကူအညီတောင်းခဲ့ရာညနေ ၄း၁၅နာရီအချိန်တွင် သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)မှလူနာတင်ကားစေလွှတ်ပေးခဲ့ပါသည်။

ထို့နောက်လူနာအဖိုးအိုကို သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)အကူအညီဖြင့်ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)ကိုအထူးကျေးဇူးတင်ပါတယ်ပါခင်ဗျား။

သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်) နှင့်ဆက်သွယ်နိုင်ရန်ဖုန်းနံပါတ်များ
၀၉ ၇၃၀၀၆၁၃၁
၀၉ ၅၁၅၇၀၇၉
၀၉ ၃၁၃၄၁၂၇၁









Credit: Khaing Min