စက်ရုံဘေးထွက်ဆိုးကျိုးများ ကိစ္စ အမြန်ဆုံးဖြေရှင်းနိုင်ရန် စီစဉ်ဟု ယမ်ယမ်ခေါက်ဆွဲစက်ရုံ ဖြေရှင်း

ပို့စ်တင်ချိန် - 5/16/2014 09:47:00 AM



ရန်ကုန်၊ မေ ၁၀

စက်ရုံမှထွက်ရှိသည့် အညှော်နံများနှင့် ပြာမှုန့်များကြောင့် ဝေဖန် ခံနေရမှုများအား ဖြေရှင်းနိုင်ရန် အတွက် နိုင်ငံခြားမှ စက်ပစ္စည်းများ မှာယူထားပြီးဖြစ် ကာ မေလကုန်၌ တပ်ဆင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်၊ နွယ်ခွေကျေးရွာရှိ ယမ်ယမ် ခေါက်ဆွဲစက်ရုံမှ စက်ရုံမှူး ဦးမောင် မောင်ညွန့်က မေ ၁၀ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ အဆိုပါ စက်ရုံကို ၁၉၉၆ ခုနှစ်ကတည်းက စတင်တည် ဆောက် လည်ပတ်ခဲ့ခြင်းဖြစ်ကာ ပတ်ဝန်းကျင် ညစ်ညမ်းမှု အတွက် ဒေသခံပြည်သူများက ဝေဖန်ခဲ့ ကြသည့်အပေါ် တုံ့ပြန်လိုက်ခြင်း လည်း ဖြစ်သည်။

““ကျွန်တော်တို့ဘက်က စက်ရုံကထွက်ရှိတဲ့ ရေဆိုးတွေကို သန့်စင်ပြီးမှ စွန့်ပစ်တာပါ။ မီးခိုး၊ အနံ့ တွေမ ထွက်အောင် နိုင်ငံခြားက စက်ပစ္စည်းတွေမှာ ယူထားပါတယ်။ မေလကုန်လောက်ဆိုရင် အားလုံး အဆင်ပြေ သွားမှာပါ””ဟု ဦးမောင်မောင်ညွန့်က ပြောသည်။ အဆိုပါ စက်ရုံမှ ထွက်ရှိသည့် ညှော်နံများနှင့် မီးခိုးငွေ့များ၊ ပြာ များကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည် သူများမှာ ကျန်းမာရေး ထိခိုက်မှုများရှိသည့်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များထံ အကြိမ်ကြိမ် စာရေး သား တိုင်ကြားထား သည်။…

အဆိုပါ စက်ရုံအနီးအနားနေ ပြည်သူတစ်ဦးက““ဒီဒုက္ခက ဘယ်တော့လွတ်မလဲတော့ မသိဘူး။ နေ့ စဉ် အနံ့ ဆိုးတွေရှူပြီး အသက်ရှင် နေကြရတယ်။ စက်ရုံမီးခိုးတိုင်က ထွက်တဲ့ပြာတွေက အိမ်ခေါင်မိုး ပေါ်ကျတော့ သွပ်တွေ အကုန်ပေါက် ကုန်တယ်။ အခုလည်း ဂန္ဓာမာ ပန်းစိုက်ကွင်းတွေ ပျက်စီးတယ်။ ပြီးတော့ ပန်းပွင့် တွေမှာ ပြာတွေကပ်နေတော့ ဈေးကွက်ထဲကို ပို့လို့မရဘူး။ ဒီစက်ရုံက ကျွန်တော်တို့လေ့ လာရသလောက် ဆိုရင် စည်ပင်က ချမှတ်ထားတဲ့ စက်မှုဇုန် ဥပဒေအရ ရော၊ သဘာဝပတ်ဝန်းကျင် ဥပဒေအရရော ညီညွတ်မှု မရှိဘူး။ စက်ရုံ က စက်မှုဇုန်မှာပဲရှိသင့်တယ်”” ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

ကျေးရွာရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးသောင်းကြည်ကလည်း ““ကျွန်တော်တို့ နေ့စဉ်ခံစားနေ ရတာ ဒီအညှော်နံ့ ပါ။ တစ်ရွာလုံး ခံစားနေရတာပါ။ စက်ရုံလည်တဲ့ အချိန်လေသင့်ရင်ပိုဆိုးတယ်။ လူထုကျန်းမာရေး ဘယ်လောက်ထိ ခိုက်နေလဲတော့ မပြောတော့ဘူး။ ကုမ္ပဏီကလည်း လူထုမျက်နှာကို ကြည့်သင့်နေပြီ””ဟု ဆိုသည်။

စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများကြောင့် ကျေးရွာသောက် သုံးရေအချို့၌လည်း အချဉ်ဓာတ် ပါဝင်မှုနှုန်း မြင့်မားနေသည့်အတွက် ရေတွင်းအက်စစ်ဓာတ် မည်မျှပါဝင် နေကြောင်းသိရှိရန်အတွက် ဓာတ်ခွဲခန်းသို့ ပေးပို့ ထားသည်။

““အသံဆိုး၊ အနံ့ဆိုးစက်ရုံတွေ လူတွေနဲ့ နီးတဲ့နေရာတွေမှာ ကျန်နေသေးတယ်။ ဒါတွေ စက်မှုဇုန်ကို သွားရ မှာပါ။ အများပြည် သူအတွက် အဆင်မပြေဘူး။ စည် ပင်က ခွင့်ပြုထားတဲ့ သက်တမ်းကုန်ရင် ရွှေ့မည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးက ပြောကြား သွားခဲ့သည်””ဟု ဖော်ပြထားသည်။

ကျော်စိုးဦး
မြန်မာသံတော်ဆင့်