"နိုင်ငံတကာစံချိန်စံညွှန်းမီအမြန်လမ်းမကြီးဆိုသည်မှာ

ပို့စ်တင်ချိန် - 5/16/2014 08:41:00 PM



"နိုင်ငံတကာစံချိန်စံညွှန်းမီအမြန်လမ်းမကြီးဆိုသည်မှာ" နိုင်ငံတကာစံချိန်စံညွှန်းဆိုတာကတော့ စာမျက်နှာ ၅၀၀လောက်ရှိပြီးအားလုံးကလည်း Engineer terms တွေဖြစ်လို့ Facebook မှာရှင်းပြဖို့မလွယ်ပါ။

 အဓိကအချက်ကတော့ အမြန်လမ်းမကြီးအပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းမှီဖို့က "Fully Access Control" ဖြစ်ရပါမယ်။ Fully Access Control ဖြစ်ဖို့ အဓိကအချက် (၃)ချက် ပြည့်စုံရပါမယ်
 1. Fast (မြန်မြန်မောင်းနိုင်ရမယ်)
2. Comfortable (သက်တောင့်သက်သာရှိရမယ်)
3. Safety (လုံခြုံစိတ်ချမှုရှိရမယ်) ဒီ (၃) ချက်နှင့်ပြည့်စုံရင်တော့ နိုင်ငံတကာအဆင့်မှီအမြန်လမ်း(ပူးတွဲပုံ-၁) လို့ခေါ်နိုင်ပါပြီ။ ဒါကိုပြန်ရှင်းရအောင်ဆိုရင် ……

1. Fast(မြန်မြန်မောင်းနိုင်မှု) မြန်မြန်မောင်းနိုင်ဘို့ဆိုရင် ဒီလမ်းတစ်လျှောက် အတားအဆီးလုံးဝမရှိရဘူး။ မီးပွိုင့်တွေ၊ လမ်းဆုံ၊လမ်းခွတွေ၊ အ၀ိုင်းတွေ မရှိရဘူး ၊လမ်းဘေးမှာလူနေအိမ်တွေ၊ ရုံးတွေ၊ စားသောက်ဆိုင်တွေ ၊ စတိုးဆိုင်တွေမရှိရပါဘူး။ လက်ရှိရန်ကုန်-မန္တလေးအမြန်လမ်းကမီးပွိုင့်တွေ၊ လမ်းဆုံလမ်းခွတွေမရှိပါဘူး။ ဖြတ်သွားတဲ့လမ်းအားလုံးUnder Pass ကနေ ဖြတ်သွားပါတယ်။
လမ်းဘေးမှာလူနေအိမ်၊ ရုံး၊ စားသောက်ဆိုင်တွေမရှိပါဘူး။ ဒါကြောင့်မို့ ဒီခေါင်းစဉ်ကလက်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းအတွက် စံချိန်စံညွှန်းမှီတယ်လို့ ပြောရင်ရပါတယ်။

2. Comfortable (သက်တောင့်သက်သာရှိမှု) ယာဉ်မောင်းနှင့်ခရီးသည်များသက်တောင့်သက်သာရှိဖို့ Flexible Pavement ဖြစ်ရပါမယ်။ လမ်းညွှန်ဆိုင်းဘုတ်ကြီးများ၊ လမ်းသတိပေးအမှတ်အသားဆိုင်းဘုတ်များ (Road Furniture) ပြည့်စုံရပါမယ်။ (၁)နာရီလျှင် (၁)ကြိမ် ရပ်နား၍ရမည့် Rest Camp များရှိရမည် ဖြစ်ပြီးစားသောက်ဆိုင်များ Toilet များ၊ လေထိုးကျွတ်ဖာကားWorkshopများ၊ ဓါတ်ဆီဆိုင်များအပြည့်အစုံပါရှိရပါမည်။ (လမ်းဘေးဆိုင်များမဟုတ်ရပါ ။ Group of the Restaurants , Rest room, Fuel station and workshop ဖြစ်ရပါမည်) လက်ရှိ ရန်ကုန်-မန္တလေးလမ်းမှာ Master Plan အရ Rest Camp (၁၀)နေရာဖွင့်ဖို့ရှိပေမယ့် အခုက(၄)နေရာဘဲဖွင့်နိုင်သေးပါတယ်။

(၃)နေရာကဖွင့်ဖို့ ပြင်ဆင်နေပြီးကျန်(၃)နေရာကတော့ မြေနေရာအတွက် လယ်သမားတွေနဲ့ ညှိနှိုင်းနေဆဲအဆင့်ပဲရှိပါသေးတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ထားပေမယ့် Gantry မလုပ်နိုင်သေးဘူး၊ လမ်းက Flexible Pavement (A.C) မခင်းနိုင်သေးဘူး။ ဒါကြောင့် ဒီအပိုင်းကတော့ နိုင်ငံတကာအဆင့်မမှီသေးပါဘူး။ 3. Safety (လုံခြုံစိတ်ချရမှု) ယာဉ်မောင်းရော၊ ခရီးသည်တွေရောလုံခြုံစိတ်ချရမှု ရှိရပါမယ် ။ ဒီ့အတွက် ဒီလမ်းဟာယာဉ်စီးရေနှင့်မျှတတဲ့ Road Lanesရှိရပါမယ်။ လမ်းဘေးမှာ Concrete Barriersများ၊ Guardrails များအပြည့်အစုံတပ်ဆင်ထားပြီးဒီလမ်းပေါ်ကိုလူ၊ကျွဲ၊နွား၊ ဆိုင်ကယ်၊ ထော်လာဂျီတွေ ဖြတ်သွားလို့မရအောင် ခြံစည်းရိုးခတ်ထားရမယ်။ Highway Polices တွေရှိရမယ် ။ အများသုံးတယ်လီဖုန်းတွေ သုံးလို့ရရမယ်။

CCTV Camera တပ်ထားပြီး Control Station ကနေ Monitorလုပ်နေရမယ်။ ဒီအပိုင်းကတော့ ရန်ကုန်-မန္တလေးလမ်းမှာ Highway Police (၁)ခုဘဲ နိုင်ငံတကာစံချိန်မှီရှိပါတယ်။ ကျန်တဲ့ barrier တွေ Guardrails တွေ Fencing တွေ CCTV Camera တွေ မရှိသေးဘူး။ အဆင့်မမှီသေးပါဘူး။ ဒါကြောင့် အများကြီးလုပ်ရအုံးမယ်။ Road Safety နှင့် ပတ်သက်လို့ 5.E, 7.S and 5key bodies တို့ရှိပြီးနောင်တွင် အသေးစိတ်ရှင်းပြပါမယ်။ ဒီ Fast, Comfortable, Safety ၃ ချက်ကိုမပြည့်စုံရင် နိုင်ငံတကာအဆင့်မှီအမြန်လမ်းမဟုတ်သေးဘူးလို့ ပြောလို့ရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ Master Plan က ပူးတွဲပုံ (၂)ပါ အတိုင်းဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ Rest Camp နှင့် Police Station များရဲ့ Master Plan က ပူးတွဲပုံ (၃)ပါ အတိုင်းဖြစ်ပါတယ်။ ဒီ Master Plan အတိုင်းဖြစ်အောင်လို့ US Aid, JICA, KOICA, China Eximbankတို့ကကူညီမှာ ဖြစ်သလို၊ မိမိနိုင်ငံတော်ရန်ပုံငွေနဲ့လည်းရနိုင်သလောက် အကောင်းဆုံးဆောင်ရွက်သွားမှာပါ ။

 [ MLIT နဲ့ US Aid က Pre F.S လုပ်ပေးထားတဲ့ dataတွေကိုဆက်လက် ဖော်ပြပေးပါ့မယ်

Yangon-Mandalay Expressway